နည်းဗျူဟာ ၉ - ဗွီဒီယို


နားထောင်တဲ့ အတတ်ပညာ

လူတွေကို မေးခွန်းများ မေးစေပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၇၄၄kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ရေပန်းစားတဲ့ သတင်းအချက်အလက် အရင်းအမြစ်တွေ မပြည့်စုံမှု သို့မဟုတ် နားလည်မှုလွဲစေတဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါ (သို့) အခြား တိုက်ရိုက် ဆက်သွယ်ရေးလုပ်သည့် ပုံစံများ ခက်ခဲတဲ့အခါ အင်မတန် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို လူတွေဆီ အရောက်ပို့တဲ့နေရာမှာ ဒီနည်းက အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

Text message image


  • အင်ဖိုနက်

လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ အာဖရိက အရှေ့ပိုင်း

နိုင်ငံသားများက ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အစိုးရရဲ့ ရန်ပုံငွေ အချက်အလက်များကို အင်ဖိုနက် ဘက်ဂျက်ခြေရာကောက် အစီအစဉ်ထံ Text မက်ဆေ့ခ်ျများ ပို့ပြီး မေးမြန်း ရယူနိုင်ပါတယ်။ ကွဲပြားနေတဲ့ ဘတ်ဂျက်မျိုးကွဲများကို သော့ချက်စကားလုံး (Keyword) သုံးပြီး ရယူနိုင်ပါတယ်။ သုံးစွဲသူများရဲ့ မေးခွန်းများက အင်ဖိုနက်အတွက် အစိုးရရဲ့ ဘယ်ရန်ပုံငွေက နယ်ပယ်စုံက စောင့်ကြည့်မှုများအောက်မှာ ရောက်နေတယ်ဆိုတဲ့ ပိုကြီးတဲ့ အမြင်ရဖို့ အချက်အလက်တွေဖြစ် လာပါတယ်။

လူထုအနေနဲ့လည်း ဒေသခံ လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့များနဲ့ ဆက်စပ်နေတဲ့ (သို့) အတည်ပြု၊ ခုခံပြောဆို (သို့) အချက်အလက် ထည့်သွင်းရတဲ့ ၀က်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ စီမံကိန်းများပေါ်မှာ မှတ်ချက် ချန်ထားခဲ့နိုင်ပါတယ်။ ဒီနည်းနဲ့ လူထုရန်ပုံငွေများ ခွဲဝေမှု၊ သုံးစွဲမှုများအပေါ် သိလိုတာတွေ မေးရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ခုချိန်ထိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၃၆ ၀၀၀ ကျော်ကို စာရင်းလုပ်ပြီးသား ဖြစ်ပါတယ်။ ပထမ လမှာပဲ လူပေါင်း ၂၅၀၀၀ မိုဘိုင်းဖုန်းပေါ်မှာ ဒီ Tool ကို သုံးခဲ့ကြပြီး ကွန်ယက် စာမျက်နှာပေါင်း ၁၅၀၀၀ ပါဝင်ခဲ့ပါတယ်။

ဘက်ဂျက် ခြေရာကောက်သူရဲ့ ဆောင်းပါး အကြောင်းအရာများကို ရုပ်မြင်သံကြားနဲ့ သတင်းထဲမှာ ထည့်သွင်း ဖော်ပြခံရပါတယ်။ ဆက်လက် လူသိများလာအောင် ဆောင်ရွက်တာကတော့ သတင်းလွှာ၊ အီးမေးလ်၊ စာသားမက်ဆေ့ခ်ျ အချက်ပို့တာတွေနဲ့ သုံးစွဲနိုင်ပါတယ်။  

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - ဒေတာဘေ့စ်များ (WampServer: Apache, PHP, MySQL)၊ ၀က်ဆိုဒ်၊ မိုဘိုင်းဖုန်းများ

 

ဆက်လက် လေ့လာရန် Links များ -

ဘတ်ဂျက် ခြေရာကောက် ကိရိယာ

လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်


Freedom Fone image


  • လွတ်လပ်ရေး Fone

ဇင်ဘာဘွေ လှုံ့ဆော်သူများ

ကူဘာတန်နာ (Kubatana) ဟာ ဇင်ဘာဘွေ လူ့အဖွဲ့အစည်းက ထုတ်လုပ်တဲ့ အချက်အလက်များကို စုစည်းချဲ့ထွင်ပြီး ဖြန့်ဖြူးပေးတဲ့ မီဒီယာနဲ့ ဆက်သွယ်ရေး စီမံကိန်းပါ။ အချက်အလက်များကို ကွန်ယက်စာမျက်နှာ www.kubatana.net ထုတ်ပြန်ထားပြီး အသိပညာပေးရန်အတွက်ကိုတော့ ပုံမှန် အီးမေးလ်သတင်းလွှာ၊ MS အချက်ပေး စာတိုများနဲ့ နှိုးဆော်ထားပါတယ်။

ပုံနှိပ်ချက် ဆောင်းပါးများ၊ သတင်းပို့ချက်များ၊ စီဒီများနဲ့ ဒီဗွီဒီ စတာတွေပါတဲ့ ပစ္စည်းများကို ဇင်ဘာဘွေရှိ တဦးချင်းဆီနဲ့ အဖွဲ့အစည်းတွေဆီ ဖြန့်ဖြူးခဲ့ကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ကိုင်ဖုန်းသုံးစွဲမှု တိုးတက်ရေးအတွက် ကူဘာတန်နာက လူမှုအဖွဲ့အစည်းများနဲ့ တိုးတက်ရေးအတွက် ဦးစားပေးတဲ့ အဖွဲ့အစည်းများဆီက အပြန်အလှန်ရှိတဲ့ အသံတုံ့ပြန်မှု (Interactive Voice Response –IVR) သုံးစွဲမှု မြှင့်တင်ပေးဖို့ မှတ်ပုံတင်စရာမလို လူတိုင်း အခမဲ့ သုံးနိုင်တဲ့ Freedom Fone လို့ခေါ်တဲ့ ဆော့ဖ်ဝဲ ပလက်ဖောင်းတခု ဖန်တီးခဲ့ပါတယ်။ Freedeom Fone ဖုန်းနဲ့ အဖွဲ့အစည်းများက ဘာသာစကားမရွေး သတင်းအချက်အလက် တောင်းနိုင်ပါတယ်။  

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - FrontlineSMS၊ မိုဘိုင်းဖုန်းများ၊ Freedom ဖုန်းခေါ်ဖို့ စားပွဲတင် ကွန်ပျူတာများ။

 

ဆက်လက် လေ့လာရန် Links များ -

Freedom Fone ကွန်ရက် စာမျက်နှာ