သတင်းထုတ်ပြန်ချက်

အရေးတော် တရပ်ကို လူတွေ အာရုံစိုက်လာဖို့၊ ဆက်စပ် ပတ်သက်လာဖို့၊ လူ့အခွင့်အရေးကိစ္စ ဆော်သြစည်းရုံးတဲ့သူတွေ ကိုယ်ပိုင်ဟန်နဲ့ လုပ်တတ်ကိုင်တတ် ဖြစ်လာအောင် ဒီနည်းဗျူဟာ ၁၀ ရပ်က လုပ်ပေးပါတယ်။ ဒီထဲမှာ မိနစ် ၅၀ စာ သတင်းမှတ်တမ်း ရုပ်ရှင်လည်း ပါပါတယ်။ သတင်းအချက်အလက်ကို အားယူပြီး ကမ္ဘာတ၀ှမ်းက လှုပ်ရှားကြတဲ့ စိတ်အားတက်ကြွစရာ အကြောင်းအရာတွေကို ရိုက်ထားတာပါ။ ပြီးတော့ ကဒ်ပြား တစုံလည်း ထည့်ထားပါတယ်။ ဒီကဒ်ပြားတွေမှာ နည်းနာတွေ၊ လွယ်လွယ်လုပ်လို့ ရတာတွေ၊ အကြံဉာဏ်တွေ ပါတယ်။ သတင်း အချက်အလက်ကို အားယူ လှုပ်ရှားဖို့ စီမံကိန်းတရပ် ချတဲ့အခါ၊ လုပ်ရကိုင်ရ လွယ်ကူအောင်လို့ပါ။

အယူအဆတွေကို အကောင်းဆုံး ဘယ်လို ဖြန့်မလဲ ပြောရာမှာ "နည်းဗျူဟာ ၁၀ ချက်ဟာ လက်စွဲ စာအုပ် တအုပ် ဖြစ်ပါတယ်"လို့ BBC Click အစီအစဉ်က ဆိုပါတယ်။ the Ecologist အီကိုလောဂျစ်စ် မဂ္ဂဇင်းကတော့ "မဖြစ်မနေ ကြည့်ရမယ့် ရုပ်သံမှတ်တမ်း တခုပဲ"လို့ ညွှန်းပါတယ်။ Infochange india ကတော့ "ရဲဝံ့တဲ့ နည်းပညာ လောကသစ်မှာ ထူးခြားတဲ့ မှတ်တိုင်ပါပဲ"လို့ ခေါ်ဆိုပါတယ်။

ဒီ ရုပ်သံမှတ်တမ်းကို ဘာသာစကား ၂၀ ကျော်နဲ့ အောက်ခြေ စာတမ်းထိုးပေးထားပါတယ်။ ဒါ စေတနာ့ ၀န်ထမ်းတွေက လုပ်ပေးကြတာပါ။ ရုပ်ရှင်ကို နိုင်ငံပေါင်း ၆၀ကျော်မှာ အကြိမ်ပေါင်း ၂၀၀ကျော် ပြသပြီးခဲ့ပါပြီ။

၂၀၀၉ ခုနှစ်က နိုင်ငံတကာက နည်းပညာသမားတွေ တက်ကြွလှုပ်ရှားသူတွေ ဒီဇိုင်းသမားတွေ ဆုံကြပြီး အတွေ့အကြုံတွေ ဗဟုသုတတွေ မျှဝေခဲ့ကြတဲ့ ”info-activism camp” တွေ့ဆုံပွဲကနေ ဒီအစီအစဉ်အတွက် စိတ်ကူးတွေ လိုအပ်သမျှပစ္စည်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။ သတင်းနည်းပညာ လှုပ်ရှားမှုတွေက အောင်မြင်ခဲ့တဲ့ အကြောင်းတွေကနေ တခြားသူတွေကိုလဲ အထောက်အကူဖြစ်အောင် အားကျ ဆွဲဆောင်နိုင်အောင် မှတ်တမ်းတင်ဖို့ Tactical Tech က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီစီမံကိန်းကို စီမံခန့်ခွဲတဲ့ တန်ညာ နော့တ်လေ က - “ဒီဖြစ်ရပ်တွေက အခြားလူတွေကို လှုပ်ရှားတက်ကြွစေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီဗွီဒီယိုနဲ့ ကဒ်တွေက အလွယ်မရနိုင်တဲ့ နောက်ခံ သတင်း အချက်အလက်တွေကို အသေးစိတ် ပံ့ပိုးပေးပါတယ်။ လူတွေကလဲ သူတို့ ဒစ်ဂျစ်တယ် လှုပ်ရှားမှုရဲ့ ကုန်ကျစရိတ်တွေ၊ ဘယ်ပစ္စည်းတွေကို သုံးတယ်၊ ဘာအရည်အချင်းတွေ လိုတယ်၊ ဒေသခံတွေ ပါဝင်မှုတွေက ဘာဆိုတာနဲ့ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ အတိအကျ ပြောထားတဲ့အကြောင်း တန်ညာက ဆက်ပြောဆိုပါတယ်။ “ဒီသတင်း အချက်အလက်တွေဟာ ကိုယ့်လှုပ်ရှားမှုအတွက် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖေါ် ပံ့ပိုးရာမှာ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေလည်း အသုံးဝင် နိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။”

မေးစရာရှိပါလား။ ကျနော်တို့အကြောင်း ပိုသိချင်ပါသလား။ ကျနော်တို့ဆီ အီးမေးလ် ပေးပို့ မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ် Tactical Tech ၀က်ဆိုဒ်ကို သွားလေ့လာပါ။ မြန်မာလို ဖတ်ချင်ရင် ‘About 10 tactics in Burmese’ ကို ခေါင်းစဉ်အနေနဲ့ ထည့်သွင်းလိုက်ပါ။ ကျနော်တို့ မြန်မာလို ပြန်ပေးပါမယ်။