နည်းဗျူဟာ ၇ - ဗွီဒီယို


လွယ်ကူ ရှင်းလင်းအောင် လုပ်ပါ။

ရှုပ်ထွေးတဲ့ အချက်အလက်တွေကို အသုံးပြုနည်း။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf ၇၉၂kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ရှုပ်ထွေးတဲ့ (သို့) ကြည့်ဖို့ခက်တဲ့ သတင်းအချက်အလက်တွေကို အလွန် လိုအပ်နေသူတွေအတွက် တင်ပြချင်တဲ့အခါနဲ့ မျှဝေပေးချင်တဲ့ အခါတွေမှာ ဒီနည်းလမ်းဟာ အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

FarmSubsidy.org map


  • ဆွီဒင်မှာ လယ်မြေထောက်ပံ့ပေးမှုကို ပုံစံထုတ်ခြင်း

Farmsubsidy.org နဲ့ ဆွီဒင် အကျိုးဆောင်များ

ဆွီဒင်အစိုးရက ထောက်ပံ့ပေးထားတဲ့ စိုက်ပျိုး မွေးမြူရေးခြံများအတွက် အမတော်ကြေး ရန်ပုံငွေနဲ့ ပတ်သက်တဲ့ သတင်းအချက်ကို Farmsubsidy.org က စတင်ပြုစုပြီးတဲ့နောက် ရရှိလာတဲ့ အချက်အလက်တွေများလွန်းတဲ့အတွက် နားလည်ရန် ခက်ခဲတာတွေ့ရပါတယ်။ ဒီအချက်အလက်တွေကို နားလည်နိုင်ဖို့နဲ့ သြဇာရှိတဲ့ နည်းလမ်းနဲ့ တင်ပြဖို့ဆိုရင် စိုက်ပျိုး မွေးမြူရေးခြံတွေအတွက် ထောက်ပံ့ပေးမှုတွေကို ဂူဂဲလ် (Google Map) ပေါ်မှာ နေရာချထားလိုက်နိုင်ပါတယ်။ ဒါဆိုရင် လူထုအနေနဲ့ ဘယ်လို ငွေမျိုးတွေ ဘယ်ကို သွားတယ်ဆိုတာ မြင်တွေ့ရပြီး ကိုယ်တိုင် စုံစမ်းစစ်ဆေး အပြီးသတ် ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ 

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - သတင်း လွတ်လပ်ခွင့် ဥပဒေ တောင်းဆိုချက် (FOIA)၊ Xapain database (အခမဲ့ လိုင်စင်မလို ဆော့ဖ်ဝဲအရင်းအမြစ်)၊ ဂူဂဲလ်မြေပုံများ၊ ၀က်ဆိုဒ်များ

 

ဆက်လက် လေ့လာရန် Links များ -

လယ်မြေ ထောက်ပံ့ကြေး ကွန်ရက်

လယ်မြေ ထောက်ပံ့ကြေး စလိုက်ရှိုး တင်ဆက်မှု


Crisis in Darfur map


  • ဒါဖာ ပဋိပက္ခကို ပုံဖော်ကြည့်ခြင်း

အကျိုးဆောင်များ၊ နည်းပညာရှင်နဲ့ အမေရိကန် မျိုးတုံးသတ်ဖြတ်မှု

အကျိုးဆောင်တွေနဲ့ နည်းပညာရှင်တွေ ပါဝင်တဲ့ အသင်းအဖွဲ့တဖွဲ့ဟာ ရွာပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးမှုကို ဖော်ပြတဲ့ ခက်ခဲတဲ့ သုံးဖက်မြင် မြေပုံတခုကို ပူပေါင်း ဖော်ဆောင်ခဲ့ကြတယ်။ အဲ့ဒီမြေပုံမှာ ၂.၅ သန်းရှိတဲ့ ပြည်တွင်း အခြေပျက်ဒုက္ခသည်တွေရဲ့ တည်နေရာကို ဖော်ပြထားသလို ဒါဖာက မရေတွက်နိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ သက်သေခံချက်တွေကို သွားကြည့်နိုင်တဲ့ နေရာတွေကိုပါ ထည့်သွင်းထားတယ်။  

 

သုံးစွဲခဲ့တဲ့ ကိရိယာများ -ဂူဂဲလ်ကမ္ဘာ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗွီဒီယိုများနဲ့ ၀က်ဆိုဒ်များ

 

ဆက်လက် လေ့လာရန် Links များ -:

မြေပုံ အကြောင်းအရာ

အမေရိကန် ပြည်ထောင်စု ဟိုလိုကော့စ် အမှတ်တရ ပြတိုက် ကွန်ရက်စာမျက်နှာ