နည်းဗျူဟာ ၅ - ဗွီဒီယို


ပြုံးချင်စရာလုပ်ပါ။

ဟာသထည့်ပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf ၆၇၂kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ဒီနည်းက မတူကွဲပြားတဲ့ ပရိသတ်ဆီ ရောက်ဖို့နဲ့ လူတွေက သတင်းစကားကို ဆက်ဖြန့်ပေးဖို့ အားပေးတဲ့ နေရာမှာ အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက ဥပမာများ အားလုံး

Remixed Presidential Poster image

အခမဲ့ အီဂျစ်နိုင်ငံမှ YOUTUBE လိုင်း

  • အရေးပါတဲ့ ပိုစတာ အရောအနှော

အီဂျစ်အနုပညာရှင်များနဲ့ ထောက်ခံသူများ

အီဂျစ်သမ္မတ မူဘာရက်ပုံတွေကို လူသိများထင်ရှားတဲ့ ရုပ်ရှင်ပိုစတာတွေနဲ့ ရောနှော ဖန်တီးလိုက်ပါတယ်။ ပုံတွေ အင်တာနက်ပေါ်မှာ မြန်မြန်ဆန်ဆန် ပျံ့သွားပါတယ်။ ပိုစတာတွေထဲက ဟာသတွေက မူဘာရက်ရဲ့ တန်ခိုးအရှိန်အ၀ါတွေကို နှုတ်ယူပစ်လိုက်ပါတယ်။ ဒါ့အပြင် သူတို့ကိုယ်သူတို့ တတ်ကြွလှုပ်ရှားသူလို့ မထင်တဲ့ပြည်သူတွေကိုပါ သူတို့သမ္မတကို ရင်ဆိုင်ရဲလာစေပါတယ်။ 

 

သုံးစွဲခဲ့တဲ့ Tool များ - ဒစ်ဂျစ်တယ် ဓာတ်ပုံတည်းဖြတ်တဲ့ ဆော့ဖ်ဝဲ၊ Facebook၊ ဘလော့များ၊ အီးမေးလ်၊ Youtube

 

ဆက်လေ့လာရန် လင့်ခ်များ -

Youtube ပေါ်မှ ဗွီဒီယို စလိုက်ရှိုး


Karaoke Videos for Human Rights image


  • လူ့အခွင့်အရေးအတွက် ကာရာအိုကေ ဗီဒီယိုများ

လိင်လုပ်သားများအတွက် အာရှပစိဖိတ် ကွန်ယက်

ခွဲခြားဆက်ဆံမှုနဲ့ သူတို့ကို အပြစ်ကျူးလွန်သူတွေလို ဆက်ဆံမှုကို ဥပဒေအရ တုံ့ပြန်တဲ့ အနေနဲ့ လိင်အလုပ်သမားတွေက နိုင်ငံရေးအရ လူသိများသူတွေကို စရိုက်လက္ခဏာထားပြီး လှောင်ပြောင်တဲ့ ကာရာအိုကေ ဗီဒီယိုတွေ ထုတ်ခဲ့ပါတယ်။ ဒီဗီယိုတွေကို ဘားတွေ၊ ကလပ်တွေ နဲ့ပါတီပွဲတွေမှာ ပြပြီး လိင်လုပ်သားတွေ အချင်းချင်း သူတို့လုပ်ငန်းခွင်မှာ ပညာပေးနိုင်ခဲ့ပါတယ်။ ကာရာအိုကေ ဗီဒီယိုတွေကို လူသိရှင်ကြား ထောက်ခံပြောတဲ့ အစည်းအဝေးတွေနဲ့ လိင်လုပ်သားအသိုင်းအ၀ိုင်း၊ သူတို့အရေးကိစ္စထုတ်ဖော်ပြောဆိုတဲ့ မူဝါဒချမှတ်သူတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ပြသခဲ့ပါတယ်။ ဗီဒီယိုတခုထဲကနေ အွန်လိုင်းမှာ ကြည့်သူပေါင်း ၁၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ 

 

သုံးစွဲခဲ့တဲ့ Tools များ - ဒစ်ဂျစ်တယ် ဗီဒီယို ကင်မရာများ၊ ဗီဒီယို တည်းဖြတ်တဲ့ ဆော့ဖ်ဝဲလ်၊ blip.tv၊ Youtube၊ ဘလော့ဂ်များ

 

ဆက်လက်လေ့လာရန် လင့်ခ်များ -

လိင်အလုပ်သမားများရဲ့ အာရှပစိဖိတ် ကွန်ရက်ဆိုင်ရာ ဘလော့ဂ်

Youtube ပေါ်က ပြည့်တန်ဆာ တဦးရဲ့ တေးဂီတ ဗွီဒီယို


  • "Lukashenko ကို သူ့အလိုကျ Lu-net ကို ပေးလိုက်ပါ။"

ဘယ်လာရပ်စ်(Belarus) မှ ထောက်ခံသူများ

သမ္မတ အလက်ဇန်းဒါး လူကာရှင်ကို (Alexander Lukashenko) က အင်တာနက် ဆင်ဆာဖြတ်မှုကို ပိုတိုးချဲ့သွားမယ်လို့ ကတိပြုပြီးတဲ့နောက် ဘယ်လာရပ်စ်က ထောက်ခံအားပေးသူတွေနဲ့ ဘလော့ဂါတွေက သမ္မတမွေးနေ့ပွဲကို ပြောင်လှောင်ချီးမြှောက်တဲ့ LuNet ခေါ်တဲ့ ၀က်ဆိုဒ်အုပ်စုတခု ဖန်တီးခဲ့တယ်။ LiveJournal နဲ့ YouTube အစား LuNet ရဲ့ ၀က်ဆိုဒ်နှစ်ခုကတော့ လွန်ကဲတဲ့ ထိန်းချုပ်မှုတွေနဲ့ ဆင်ဆာဖြတ်ထားတဲ့ အစိုးရ၀ါဒဖြန့်တွေနဲ့ ပြည့်နေတဲ့ LuJournal နှင့် LuTube ပဲ ဖြစ်တယ်။ LuNet ၀ဘ်ဆိုဒ်တွေရဲ့ လှောင်ပြောင်လိုရင်းက လူကာရှင်ကိုကို သူ့အကြိုက် ဝေဖန်ချက်တွေ အတိုက်အခံလုပ်မှုတွေကင်းတဲ့ အင်တာနက်ပုံစံဖန်တီးပေးထားတာဖြစ်တယ်။ ရည်ရွယ်ချက်က ဘယ်လာရပ်စ်မှာ အင်တာနက် ဆင်ဆာဖြတ်မှုနဲ့ နိုင်ငံရေးကြောင့် ထိန်းသိမ်းခံရတဲ့ ဘလော့ဂါတွေအကြောင်း လူတွေအာရုံစိုက်လာအောင်ပဲ ဖြစ်ပါတယ်။

 

အသုံးပြုခဲ့တဲ့ Tools များ - ဘလော့ဂ်များ၊ LiveJournal, YouTube.

 

ဆက်လေ့လာရန် လင့်ခ်များ -

Fromlu ကွန်ရက် စာမျက်နှာ

LuNet အကြောင်း ဗွီဒီယို တွေ့ဆုံဆွေးနွေးချက်