ပြသမှုတခု ပြုလုပ်ရန်

အောက်မှာ ပိုစတာ ပုံစံ (Template) တခုနဲ့ လက်ကမ်း ကြော်ငြာတွေကို အရည်အသွေးနိမ့် word document နဲ့ ရရှိနိုင်တယ်။ အဲဒီထဲမှာ ပြပွဲနဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်တွေကို ထည့်သွင်းနိုင်တယ်၊ ပြပွဲ အစီအစဉ်ကို မြှင့်တင် ကြော်ငြာဖို့ အဲဒါတွေကို ထုတ်ဝေပြီး မိတ်ဆွေတွေကို လက်ဆင့်ကမ်းနိုင်တယ်။

နည်းဗျူဟာ ၁၀ ချက်၊ Tactical Tech ရဲ့ တခြား toolkits တွေ အပါအ၀င်၊ လမ်းညွှန်ချက်တွေကိုလည်း အခွင့်အရေး ထောက်ခံလှုပ်ရှားသူတွေဆီ လက်ဆင့်ကမ်းနိုင်အောင် ကျွန်တော်တို့ ပေးပို့ပေးနိုင်တယ်။ ဒီအစီအစဉ်ကို နှစ်သက်တယ် ဆိုရင်၊ infoactivism[at]tacticaltech.org ကတဆင့် ကျွန်တော်တို့ကို ဆက်သွယ်ပါ။ သင် လိုအပ်နေတဲ့ သတင်း အချက်အလက်တွေကို ကျွန်တော်တို့ ပေးပို့ပေးမှာ ဖြစ်တယ်။

နည်းဗျူဟာ ၁၀ ချက် ပြပွဲကို မြှင့်တင် ကြော်ငြာမယ် ဆိုရင် -

၁။ နမူနာ ဗွီဒီယို ကို သင့်ရဲ့ ဘလော့ဂ် (သို့) ကွန်ရက်စာမျက်နှာပေါ်မှာ တင်ပါ။

၂။ တည်းဖြတ်လို့ ရတဲ့ A4 ပိုစတာ နဲ့ လက်ကမ်းကြော်ငြာတွေကို ဒေါင်းလုဒ် လုပ်ပါ (အရည်အသွေး နိမ့်ပြီး အရွယ် အားဖြင့် ၃၅၀ KB စီ ရှိကြတယ်)။

၃။ နည်းဗျူဟာ ၁၀ ချက် အကြောင်းကို ရှင်းပြပေးတဲ့ powerpoint တင်ဆက်မှု တခုကို ဒေါင်းလုဒ် လုပ်ပါ (zip ဖိုင် ဖြစ်ပြီး အရွယ် အားဖြင့် ၂.၅ MB ရှိတယ်)။

ပြပွဲကို စီစဉ်မယ် ဆိုရင် -

အောင်မြင်တဲ့ ပြပွဲတခု စီစဉ်နည်းနဲ့ ပါတ်သက်ပြီး သိကောင်းစရာတွေကို Tactical Tech ရဲ့ သတင်း ဆက်သွယ်ရေး - သေတ္တာ toolkit ထဲမှာ လေ့လာပါ။

ပြပွဲအကြောင်း ကျွန်ပ်တို့ကို ပြောပြပါ -

နည်းဗျူဟာ ၁၀ ချက်ကို ပြပွဲတခု၊ အလုပ်ရုံ အစည်းအဝေးရဲ့ အစိတ်အပိုင်း အနေနဲ့ (သို့) တခြားနည်းနဲ့ အသုံးပြုတယ် ဆိုရင်၊ ကျွန်တော်တို့ကို အကြောင်းကြားပါ။

နည်းဗျူဟာ ၁၀ ချက် နမူနာ ရုပ်ရှင်ကား

နည်းဗျူဟာ ၁၀ ချက် နမူနာ ရုပ်ရှင်ကားကို ကြည့်ရှုဖို့ ဒီနေရာကို နှိပ်ပါ။