ခက်ဆစ်များ

စုစည်းချက် (ဘလော့များတွင် သုံးလေ့ရှိသည့်အတိုင်း) - ကွန်ယက်ပေါ်တွင် မီဒီယာပေါင်းစုံမှ အကြောင်းအရာများ တနေရာတည်းတွင် အလိုအလျောက် စုစည်းခြင်းကို ခေါ်ဆိုသည်။

Apache - အခမဲ့၊ open source ဆော့ဖ်ဝဲ၊ ကွန်ယက် application များတွင် မကြာခဏ အသုံးပြုသည်။

BarCampOpen Source ဆော့ဖ်ဝဲ နမူနာများ အကြောင်း၊ ၀ီကီ အသုံးပြုခြင်း၊ အီးမေးလ် စာရင်းများ၊ ဘလော့ဂ်များနဲ့ အခြား လူမှုမီဒီယာ လက်စွဲများ အကြောင်း လူအများမှ သေချာစွာ ပေါင်းစုံ ပြုလုပ်ထားသည့် နိုင်ငံတကာ ဆွေးနွေးပွဲ ကွန်ယက်။

ဘလော့ဂ်များ - ပို့စ်အတိုလေးများကို တပေါင်းတစည်းတည်း ပြုလုပ်ထားသော ပုံစံ (သို့) ခေါင်းစဉ်ဖြင့် ပြုလုပ်ထားသော ၀ဘ်ဆိုဒ်။ အများစုသော ဘလောဂ်များဟာ ပါဝင်တဲ့ အကြောင်းအရာဟောင်းများကို ပြန်ပြီး စီစဉ်စရာ မလို(သို့) HTML ကို သိစရာမလိုပဲ လူတွေကို ပို့စ်အသစ်များ လွယ်ကူစွာ ချက်ချင်းတင်နိုင်အောင် ကူညီတဲ့ ကွန်ယက် အခြေခံ ဆော့ဖ်ဝဲများကို အသုံးပြုပါတယ်။

Blogathon: ဘလော့ဂါများမှ ခေါင်းစဉ်တစ်ခု (သို့) ပုံစံတခုကို ရွေးချယ်၍ အတူတကွ ဘလော့ရေးရင်း လက်ငင်းဖြစ်ပေါ်လာတဲ့ အဖြစ်အပျက် တခု။ ဘလော့ဂါ တစ်ယောက်မှနေ၍ ကွဲပြားခြားနားတဲ့ ပို့စ်များကို ပေါင်းစပ်၍ Blogathon တခုကို စီစဉ်နိုင်ပါတယ်။

Blogspot - ဂူဂဲလ်မှ ပိုင်ဆိုင်သော အခမဲ့ ဘလော့ဂ် တည်ထောင်သော ၀ဘ်ဆိုဒ်နှင့် လူမှုအသိုင်းအ၀ိုင်းတခု။ blip.tv: အသုံးပြုသူများ ဗီဒီယိုများ တင်ပို့ရန်နှင့် ဗွီဒီယိုများကို အခြားသူများနှင့် မျှဝေနိုင်သော အခမဲ့ ၀ဘ်ဆိုဒ်တခု။

လူထုကြားမှ သတင်းထောက် - - လူထုများထဲမှ ပညာရှင် သတင်းထောက် မဟုတ်သော်လည်း လွတ်လပ်စွာဖြင့် သတင်းနှင့် အချက်အလက်များကို စုစည်း၊ အစီရင်ခံခြင်းနှင့် လက်ဆင့်ကမ်းဖြန့်ဝေသူများ။

CiviCRM - အဆက်အသွယ်များကြားမှ ဆက်နွယ်မှုများကို စီမံခန့်ခွဲနိုင်တဲ့ အခမဲ့၊ Open Source ဆော့ဖ်ဝဲ application ။

ပါဝင်သော အကြောင်းအရာများကို စီမံခန့်ခွဲသော စနစ် (CMS) - - အင်တာနက်ပေါ်မှ အကြောင်းအရာများကို စနစ်တကျ စီစဉ်ရန်၊ အချိန်နှင့် တပြေးညီ မွမ်းမံနိုင်ရန်နဲ့ မျှဝေရန် အသုံးပြုသော ဆော့ဖ်ဝဲ။ Drupal နှင့် Joomla များကို ဥပမာအဖြစ် ထည့်သွင်းနိုင်ပါတယ်။ ဘလော့ရေးသော ဆော့ဖ်ဝဲများ - ဥပမာ - Wordpress ကိုလဲ CMS အဖြစ်သုံးနိုင်ပါတယ်။

Crowdsource - လုပ်ငန်းဆောင်တာ တခုကို လူတစုဆီကို ရွေးချယ်ပေးသော နည်းလမ်း (သို့) ဆက်နွယ်မှု မရှိသော လူများအကြား ပေါင်းစည်းမှု တခု ဖန်တီးပေးခြင်း။ ဥပမာ - စေတနာ့ဝန်ထမ်း တစ်ဦးပေါ်တွင် ကွန်ယက်အခြေပြု ဗွီဒီယိုများအား ဘာသာစကား အမျိုးမျိုးနဲ့ စာတမ်းထိုးခြင်းအတွက် မှီခိုခြင်း။

DailyMotion - ဗီဒီယိုများ စီစဉ် ထုတ်လွှင့်ခြင်းနှင့် မျှဝေသော ၀ဘ်ဆိုဒ်။

ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဇာတ်လမ်းပြောပြခြင်း - ဒစ်ဂျစ်တယ် လက်စွဲများနှင့် ဒစ်ဂျစ်တယ် မီဒီယာများကို အသုံးပြု၍ ဇာတ်ကြောင်းပြောခြင်း ဖန်တီးမှု။ ဒီနည်းလမ်းကို ကိုယ်တွေ့ဇာတ်လမ်းများ ပြောပြတဲ့နေရာမှာ မကြာခဏ အသုံးပြုပြီး စာသားများ၊ ဓာတ်ပုံများ၊ အသံဖိုင်များနှင့် ဗီဒီယိုများ ပါဝင်နိုင်ပါတယ်။

Domain အမည် - - ၀ဘ်ဆိုဒ်တခုရဲ့ မတူညီတဲ့ ပါဝင်သော အစိတ်အပိုင်းများရဲ့ တည်နေရာများနှင့် လိုက်လျောညီထွေ ရှိသော စာသားအခြေပြု မှတ်ပုံတင်ထားသော လိပ်စာတစ်ခု။ (၀ဘ်ဆိုဒ် စာမျက်နှာများ၊ မီဒီယာများနှင့် ဖိုင်များ)

Drupal - အခမဲ့ပြီး မှတ်ပုံတင်စရာ မလိုသော ကိုယ်လိုသလို သုံးနိုင်သည့် ပါဝင်သော အကြောင်းအရာများကို စီမံခံခန့်ခွဲသော စနစ် (CMS)။

စကားဝှက်၊ စကားဝှက်ရေးသားခြင်း - သတင်း အချက်အလက်များနှင့် ကုဒ် (သို့) တစ်စစီဖြစ်အောင် ပြုလုပ်ထားသော အချက်အလက်များကို သတ်မှတ်ထားသော လူများသာ ထုတ်ဖော်၍ ရအောင် လုပ်ဆောင်သော နည်းလမ်း။

Excel - မိုက်ခရိုဆော့ဖ်မှ ပိုင်ဆိုင်သော စာရင်းဆွဲသည့်စာရွက် ဆော့ဖ်ဝဲ application ။

Facebook - သုံးစွဲသူများမှ သူတို့၏ ပရိုဖိုင်များ ဖန်တီးနိုင်သော၊ အခြား အသုံးပြုသူများကို မိတ်ဆွေအဖြစ် ထည့်သွင်းနိုင်ပြီး အကြောင်းအရာ ပေါင်းစုံ တင်ပို့၍ မျှဝေနိုင်သော လူမှုဆက်ဆံရေး ကွန်ယက် ၀ဘ်ဆိုဒ်။ Facebook သုံးသူများဟာ သူတို့ရဲ့ အမည်ရင်းများကို အသုံးပြုရန် ပြဌာန်းချက် ရှိပါတယ်။

Facebook Group - အသုံးပြုသူ မည်သူမဆို အဖွဲ့ငယ် တခု ဖန်တီး၍ အခြားသူများကို ပါဝင်ပတ်သတ်ရန် ဖိတ်ကြားနိုင်ပါတယ်။ အဖွဲ့ကို ကြီးကြပ်သူက အခြားအဖွဲ့ဝင်တွေ အားလုံးဆီကို မက်ဆေ့ခ်ျများ ပို့နိုင်ပြီး၊ အဖွဲ့တခုတွင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ လက်ခံနိုင်ပါတယ်။

Facebook သတင်းတင်ပို့ချက် - အသုံးပြုသူ တဦးချင်းဆီဟာ ၀ဘ်ဆိုဒ်ပေါ်ရှိ သူတို့၏ မိတ်ဆွေများရဲ့ လှုပ်ရှားမှု အသေးစိတ်ကို ဖော်ပြသော သတင်း တင်ပို့ချက်ကို လက်ခံရရှိနိုင်ပါတယ်။ အသုံးပြုသူအနေနှင့် ဘယ်လို တင်ပို့ချက်မျိုးကိုပဲ ထုတ်ပြန်စေရန် ဆိုတာကို စီစဉ်ခန့်ခွဲနိုင်ပါတယ်။

Facbook စာမျက်နှာ - အသုံးပြုသူ မည်သူမဆို စာမျက်နှာတခု ဖန်တီး၍ အခြား အသုံးပြုသူများကို ပရိတ်သတ် အနေနှင့် ရှိလာစေရန် ဖိတ်ကြားနိုင်ပါတယ်။ ဘယ်လို အခြေခံ လူစိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာမျိုး အတွက်မဆို စာမျက်နှာတစ်ခု စီစဉ်နိုင်ပြီး ဒါကို အသုံးပြု၍ ပရိတ်သတ်များဆီကို မက်ဆေ့ခ်ျ အစုအဖွဲ့များ ပေးပို့နိုင်ပါတယ်။

Facebook ပရိုဖိုင် -ဒါကတော့ အသုံးပြုသူရဲ့ ကိုယ်ပိုင် စာမျက်နှာပါ။ သူတို့ရဲ့ သူငယ်ချင်း စာရင်းများ၊ စိတ်ဝင်စားရာ၊ ဘယ်အဖွဲ့ရဲ့ အဖွဲ့ဝင် ဆိုတာနှင့် လက်တလော လှုပ်ရှားမှုအားလုံး ပါဝင်ပါတယ်။ အသုံးပြုသူအနေနဲ့ သူတို့ ပရိုဖိုင်ရဲ့ ဘယ်အပိုင်းကိုပဲ ဘယ်သူတွေ မြင်စေ ဆိုတာမျိုး ပြုလုပ်နိုင်ပါတယ်။

FireGPG - Firefox ကဲ့သို့သော ၀ဘ်ဆိုဒ် ဘရောက်ဇာရဲ့ အတွင်းပိုင်းထဲတွင် ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ ဒီဆော့ဖ်ဝဲက ၀ဘ်ဘရောက်ဇာများ အတွင်းမှနေ၍ အီးမေးလ်များကို စကားဝှက်နည်းနှင့် ပြုလုပ်နိုင်အောင် ကူညီပေးပါတယ်။

Flash (ဖလက်ရှ်) - လှုပ်ရှားသက်ဝင်တဲ့ ရုပ်ပုံများနှင့် ၀ဘ်ဆိုဒ်များမှ မီဒီယာပေါင်းစုံ အကြောင်းအရာများကို ဖန်တီးနိုင်တဲ့ Adobe မှ ပိုင်ဆိုင်သော ဂရပ်ဖစ် ပရိုဂရန်တခု။ များစွာသော ဗွီဒီယို ၀ဘ်ဆိုဒ်များဟာ ဗွီဒီယိုများကို ဖလက်ရှ်ဖိုင် ပုံစံနှင့် ထုတ်လွှင့်ပါတယ်။

သတင်း အချက်အလက် လွတ်လပ်ခွင့် အက်ဒ်ဥပဒေ (FOIA) တောင်းဆိုချက် - အစိုးရ အဖွဲ့အစည်းများဆီမှ မည်သူမဆို အချက်အလက် တောင်းယူပိုင်ခွင့်ရှိသော စနစ်တစ်ခု။

လျှပ်တပြတ်အတွင်း ဖြစ်ပေါ်လာသော လူစုလူဝေး - ဒါဟာ အချိန်တိုလေးအတွင်းမှာ အများပြည်သူပိုင် နေရာများတွင် အမှတ်တမဲ့ ဖြစ်ပေါ်လာသယောင် အသွင်ဆောင်ထားတဲ့ လူထု အစုအဝေး။ (ဒီလိုပွဲမျိုးကို များသောအားဖြင့် အီးမေးလ်များ သို့မဟုတ် လူမှုဆက်ဆံရေး ၀ဘ်ဆိုဒ်များမှ တဆင့် စီစဉ်ဆောင်ရွက်ပါတယ်)။ စုဝေးပြီးတာနဲ့ တပြိုင်နက် လူစုဟာ ကြိုတင်တိုက်ထားသကဲ့သို့ လှုပ်ရှားမှု တခုကို ပြုလုပ်ပါတယ်။ ထို့နောက် လူစုခွဲပါတယ်။

Flickr - Yahoo မှ ပိုင်ဆိုင်သော ဓာတ်ပုံ တင်ပို့ခြင်းနှင့် မျှဝေသော ၀ဘ်ဆိုဒ် ဖြစ်ပါတယ်။ လူတွေအနေနှင့် ၀ဘ်ဆိုဒ်ကို (သို့) အီးမေးလ်၊ တတိယ ပါတီ၊ applications (သို့) မိုဘိုင်းဖုန်းများကို အသုံးပြု၍ ဓာတ်ပုံများကို တင်ပို့နိုင်ပါတယ်။ စံနှုန်းမီ ၀န်ဆောင်မှုအတွက်ကတော့ အခမဲ့ပါ ဒါပေမယ့် အခကြေးငွေပေး၍ လုပ်ဆောင်ရမည့် အခြားသော နောက်ဆုံးပေါ် ၀န်ဆောင်မှုများလည်း ရှိပါတယ်။

FTP (ဖိုင်ရွှေ့ပြောင်းသော ပရိုတိုကယ်) - - ဘယ်ဖိုင်များကို အင်တာနက်မှ ပေးပို့မည်ဆိုသော နည်းလမ်း။ သုံးစွဲသူ၏ ကွန်ပျူတာပေါ်တွင် ပရိုဂရမ်တစ်ခုကို အသုံးပြုခြင်းဖြင့် ဖိုင်များကို ဖိုင်များ သိမ်းဆည်းထားရာ ဆာဗာ၊ အခြေစိုက် ကွန်ပျူတာဆီ တင်ပို့နိုင်ပါတယ်။

Freedom Fone - သတင်း အချက်အလက်များကို ကြိုးဖုန်း၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖုန်းများမှ အသံဖြင့် ခေါ်ဆိုသော ခေါ်ဆိုမှုများ မှတဆင့် လက်ခံရရှိနိုင်သော ဒေတာဘေ့စ်ဖြင့် မောင်းနှင်တဲ့ ဆော့ဖ်ဝဲတစ်ခု။ /span>

FreeSwitch- အသံနှင့်ရော စာသားအခြေပြု application များ ဖန်တီးရန် အခမဲ့၊ Open Source ဆော့ဖ်ဝဲ။

FrontlineSMS - လက်ပ်တော့များနှင့် မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေး ဗဟိုချက်အဖြစ် အသွင်ပြောင်းနိုင်တဲ့ အခမဲ့ Open Source ဆော့ဖ်ဝဲတခု။ တကြိမ်တခါ ထည့်သွင်းပြီးတာနှင့် ဒီပရိုဂရမ်က သုံးစွဲသူများကို စာသား မက်ဆေ့ခ်ျများကို အစုအဝေးနှင့် ပေးပို့ခြင်း လက်ခံခြင်းများ ပြုလုပ်စေနိုင်ပါတယ်။

ဂူဂဲလ်ကမ္ဘာ - ကမ္ဘာ့မြေပုံကို သုံးဖက်မြင်နိုင်အောင် ပြုလုပ်ထားသော ဆော့ဖ်ဝဲတစ်ခု။ လူတွေအနေနှင့် ဂူဂဲလ်ကမ္ဘာပေါ်တွင် မြေပုံပွိုင့်များကို ဓာတ်ပုံများ၊ ဗွီဒီယိုများနှင့် စာသားမှတ်ချက်များ ထည့်သွင်း၍ ကိုယ်လိုသလို အသုံးပြုနိုင်ပါတယ်။

ဂူဂဲလ် ဓာတ်ပုံများ - ဓာတ်ပုံ ရှာဖွေသော ရှာဖွေရေး ယန္တရားတစ်ခု။ နောက်ဆုံးပေါ် ရှာဖွေရေး ရွေးချယ်မှုများတွင်၊ ဓာတ်ပုံများကို မှတ်ပုံတင်ထားသော လိုင်စင်များ အသုံးပြုသော နည်းလမ်းဖြင့် ပြန်လည် အသုံးပြု၍ရသော ပေါင်းစပ်၍ရသော ဓာတ်ပုံများကို ရှာဖွေနိုင်ပါတယ်။

ဂူဂဲလ်မြေပုံများ - မြေပုံများနှင့် မြေပုံပေါ်နေရာချခြင်း ဆော့ဖ်ဝဲဒေတာဘေ့စ်။ မြေပုံများကို ကိုယ့်စိတ်ကြိုက် ပြုပြင်ခြင်းနှင့် အမှတ်အသားပြုခြင်းများအတွက် ဒီဒေတာများကို အသုံးပြုနိုင်ပါတယ်။ ထို့အပြင် မြေပုံပေါ်တွင် ဓာတ်ပုံများ ထည့်သွင်းခြင်း (သို့) သင့်ဝဘ်ဆိုဒ်ပေါ်တွင် စိတ်ကြိုက် ဖန်တီးထားသော မြေပုံကို ထည့်သွင်းခြင်း စသည်များ ပြုလုပ်နိုင်ရန် အခြားမီဒီယာများ၊ applications များနှင့် မြေပုံများ ပေါင်းစီးရန် အသုံးပြုနိုင်ပါတယ်။

Google Motion Chart ဂူဂဲလ် Spreadsheet မှ တင်သွင်းသော ဒေတာများကို ပုံဖော်ခြင်း၊ စရင်းဇယားများကို ဖလက်ရှ်ဖိုင်အဖြစ် ပြုလုပ်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။ ဒေတာ အမျိုးအစားနှစ်ခု အချိန်နှင့်အမျှ ဘယ်လို ပြောင်းလဲကြောင်း တင်ဆက်ရန်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်သည်။

ဂူဂဲလ် သတင်း- ဂူဂဲလ်မှ ညွှန်းထားတဲ့ သတင်းစုစည်းမှု ရှာဖွေရေး လမ်းညွှန်ချက်တခု။ လူတွေက သတင်း အကြောင်းအရာများထဲမှ အချို့ အကြောင်းအရာ (သို့) သော့ချက်စာလုံးများ ပေါ်လာတဲ့အခါ အီးမေးလ်ဖြင့် သူတို့ဆီ အလိုအလျောက် ဂူဂဲလ် သတင်း အချက်အလက်များ ပေးပုံရန် မှတ်ပုံတင်နိုင်သည်။ ဒီမွမ်းမံချက်များကို ပေးပို့ချက် ဖတ်ရှုသူများဆီလည်း ပေးပို့နိုင်ပြီး (သို့) သင့်ရဲ့ ကွန်ယက်ပေါ်မှာ ဒီမွမ်းမံချက်များကို တိုက်ရိုက်နှင့် အလိုအလျောက် ပေါ်စေနိုင်တယ်။

ဂူဂဲလ် Spreadsheet - ကွန်ယက်ပေါ်တွင် သိုလှောင်ထားပြီး၊ ထုတ်လုပ်ခြင်း၊ တည်းဖြတ်ခြင်းနှင့် စာရင်းတွက်ချက်မှု အစီအစဉ်များအတွက် အခမဲ့ ကွန်ယက်-အခြေပြု application တခု။

ဂျီမေးလ် - ဂူဂဲလ်မှ ပိုင်ဆိုင်သော ကွန်ယက်-အခြေပြု အခမဲ့ အီးမေးလ် ၀န်ဆောင်မှု။

GPG - Gnu ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် စောင့်ရှောက်ရေး (GPG) ဟာ PGP (တော်တော်ကောင်းတဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်) ရဲ့ Open Source ဖြစ်ပါတယ်။ သင့်ရဲ့ ၀င်ရောက်နိုင်တဲ့ သော့ချက်ရှိတဲ့ သူများမှသာ စာဝှက်ဖော်စေနိုင်တဲ့၊ သင့်ရဲ့ ဒေတာကို စည်းမျဉ်းသတ်မှတ်တဲ့ ဒေတာစာဝှက် ရေးသားခြင်း ဆော့ဖ်ဝဲ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Hard drive - ကွန်ပျူတာ တလုံးရဲ့ ဒေတာအတွက် ပုံသေ သိုလှောင်ထားနိုင်တဲ့ သိုလှောင်ရေး ကိရိယာတခု။ Hard drive များတွင် အတွင်းပိုင်းတွင် တပ်ဆင်ထားသော (ကွန်ပျူတာ တလုံးအတွင်း တပ်ဆင်မှုအတွက်) Internal နှင့် ကေဘယ်လ်ကြိုး တစ်ချောင်းနှင့် ကွန်ပျူတာကို ဆက်စပ် အသုံးပြုရသော ပြင်ပ External ဟု အမျိုးအစား နှစ်မျိုး ရှိသည်။ ပြင်ပ Hard Drive များကို ကွန်ပျူတာ တခုမှနေ၍ အခြားတခုသို့ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဒီ hard drive ပေါ်တွင် ဒေတာများကိုလည်း စာဝှက်ထားနိုင်ပါတယ်။

HTML - အဆင်မြင့် စာသားပြုလုပ်ရေး ဘာသာစကား။ HTML ဟာ ကွန်ယက် ဆာဗာတခုမှ အကြောင်းအရာနှင့် ကွန်ရက် စာမျက်နှာတခုရဲ့ အပြင်အဆင်ကို ကွန်ယက်ကြည့် ယန္တရားတခုဆီ ဖွင့်လာတဲ့အခါ ဆက်သွယ်ဖို့ သုံးစွဲတဲ့ ကွန်ပျူတာ ဘာသာစကား ဖြစ်တယ်။

ICQ - ကွန်ပျူတာများအကြား သတင်းတိုများကို လူတွေ ဖလှယ်နိုင်စေတဲ့ အင်တာနက်-အခြေပြု အရံသင့် သတင်းပေးပို့ခြင်း (သို့) စကားစမြည် ပြောဆိုတဲ့ ပရိုဂရမ် (AOL/Time Warner မှ ပိုင်ဆိုင်သော) တခု ဖြစ်တယ်။

Infographic - ရုပ်ပုံများ၊ မြေပုံများ၊ ပုံကားချပ်များ၊ ဇယားများ (သို့) အခြား ရုပ်ကားဆိုင်ရာ အစိတ်အပိုင်းများ သုံးစွဲရင်း ဒေတာကို ပုံပေါ်စေပြီး၊ အဓိပ္ဗါယ် ပေါ်စေတဲ့ နည်းလမ်းတခု။

IntelliSMS - စာသားသတင်းတိုများ ပေးပို့ခြင်းနှင့် လက်ခံခြင်းအတွက် စီးပွားဖြစ်ဆော့ဝဲ လုပ်ငန်းသုံး ကိရိယာ။

အပြန်အလှန်ရှိတဲ့ အသံတုံ့ပြန်မှု (IVR) - တင်ကြို သတ်မှတ်ထားတဲ့ (သို့) တက်ကြွတဲ့ အချက်အလက်များကို တုံ့ပြန်နိုင်ဖို့ ကွန်ပျူတာတလုံးမှ လူတဦးရဲ့ အသံနှင့် ပြောစကားကို မှတ်မိစေတဲ့ နည်းပညာ။

IP လိပ်စာ - အင်တာနက်မှတဆင့် ကိရိယာ တခုချင်းဆီနှင့် ဆက်သွယ်ရန်အတွက် တမူကွဲပြားတဲ့ ကိန်းဂဏန်းဆိုင်ရာ ဖော်ထုတ်ရေး ကိရိယာ။ အင်တာနက်ပေါ် ဒေတာ ထုတ်လွှင့်နေချိန်တွင်၊ အင်တာနက်နှင့် ချိတ်ဆက်နေတဲ့ ကွန်ပျူတာ (သို့) အခြားကိရိယာ တခုရဲ့ IP လိပ်စာဟာ သင်ထုတ်လွှင့်နေတဲ့ ဒေတာနှင့် ဆက်စပ်လာပါတယ်။

javaScript - ၀ဘ်ဆိုဒ်ပေါ်တွင် မြင်တွေ့ရ အကြောင်းအရာများနှင့် ပုံစံများ (သို့) အသစ်ပွင့် (Pop Up) ၀င်းဒိုး အသေးစားလေးများ (သို့) ကာဆာ (Cursor) ထောက်လိုက်တဲ့အခါ ပေါ်လာတဲ့ ဓာတ်ပုံ စသကဲ့သို့ လှုပ်ရှားမှုပုံစံများ ရရှိအောင် အသုံးပြုသော ကွန်ပျူတာ အရေးအသား ဘာသာစကား တခု။

joomLa - အခမဲ့၊ open source ကွန်ယက်အခြေပြု အကြောင်းအရာ စီမံခန့်ခွဲမှု စနစ်တခု။ (CMS) (CMS ကိုလည်း ကြည့်ပါ။)

Livejournal- ကိုယ်ပိုင်ဂျာနယ်များ နှင့် လူမှု အသိုင်းအ၀ိုင်းကြားမှ ဂျာနယ်များ (လူအများအပြားမှ အကြောင်းအရာများ တင်သွင်းနိုင်သော) အတွက် တည်ထောင်ထားသော ဘလော့ဂ်လုပ်သော ၀ဘ်ဆိုဒ် (SUP မှ ပိုင်ဆိုင်သည်။)။ LiveJournal အတွက် အသုံးပြုသော ဆော့ဖ်ဝဲမှာ open source ဖြစ်ပြီး ဘလော့ဂ် ပြုလုပ်သော အဖွဲ့အစည်း တခုမှလည်း နာမည်တူ မှတ်ပုံတင်အောက်မှာပဲ အသုံးပြုကောင်း ပြုနိုင်ပါတယ်။

Livestream.com - သင့်ရဲ့ ဖုန်း (သို့) ကွန်ပျူတာ မှတဆင့် အင်တာနက်နှင့် ချိတ်ဆက်၍ တိုက်ရိုက် ဗွီဒီယိုများကို မျှဝေသော အခမဲ့လုပ်ငန်းသုံး ဆော့ဖ်ဝဲတခု ဖြစ်ပါတယ်။

Mash-up - မျိုးစပ် မီဒီယာ တစ်ခု ဖန်တီးဖို့ မတူညီသော tool များ၊ မီဒီယာ (သို့) ဆော့ဖ်ဝဲများကို ပေါင်းစပ်ခြင်း။ ဗွီဒီယို mash-up တခုက မတူတဲ့ ဗွီဒီယိုများနှင့် အခြား မီဒီယာများကို ဗွီဒီယိုအသစ်တခု အနေနဲ့ ဖန်တီးနေချိန်မှာပဲ Mash-up ကွန်ယက် application တခုက မတူညီတဲ့ ကွန်ယက် ၀န်ဆောင်မှု နှစ်ခုကို ပေါင်းစပ်ပေးနိုင်ပါတယ်။

MMS (ရုပ်သံကဏ္ဍစုံ သတင်းတို) - မိုဘိုင်းဖုန်းများ အကြား မီဒီယာမက်ဆေ့ခ်ျများ ပေးပို့သော ပုံစံတစ်ခု။ MMS ကို အသုံးပြုခြင်းဖြင့် ဓာတ်ပုံများ၊ အသံဖိုင်များ၊ ဗွီဒီယိုများနှင့် ပုံမှန် SMS မှ ရနိုင်တဲ့ စကားလုံး ကန့်သတ်ချက် ၁၆၀ ရတဲ့ စာသား မက်ဆေ့ခ်ျများကို ပေးပို့နိုင်ပါတယ်။

MySpace - အသုံးပြုသူများအနေနှင့် ပရိုဖိုင်များ ဖန်တီးနိုင်ပြီး အခြား MySpace အသုံးပြုသူများကို မိတ်ဆွေ စာရင်းထဲ ထည့်နိုင်၊ ပို့စ်များ တင်၍ ဝေမျှနိုင်သော လူမှုဆက်ဆံရေး ကွန်ယက်ဆိုဒ်တခု (Fox interactive Media/NewsCorp မှ ပိုင်ဆိုင်သော) ဖြစ်ပါတယ်။

MySQL - ဒေတာဘေ့စ်ကို စီမံခန့်ခွဲသော လုပ်ငန်းသုံးဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ MySQL ကုဒ်ကို Sun Microsystems မှ ပိုင်ဆိုင်ပေမယ့် လိုင်စင်ကတော့ အခမဲ့ မျှဝေထားပါတယ်။

ကွန်ယက်မြေပုံ (Network map) - လူများ၊ အဖွဲ့အစည်းများ (သို့) အသင်းအဖွဲ့များနှင့် သူတို့ရဲ့ တဦးနှင့် တဦးကြား ရှိတဲ့ ဆက်ဆံရေးများကို မြင်သောအောင် ပြုလုပ်သောသော ကိုယ်စားပြုတစ်ခု။

Open source software - ကုဒ်ကို လူတိုင်း မြင်သာအောင် အဖွင့်သဘောမျိုး ထားပါမည်ဟူသော သဘောတူညီချက်နှင့်အတူ လူတိုင်းကြည့်ရှုနိုင်တဲ့၊ မွမ်းမံနိုင်ပြီး ဆော့ဖ်ဝဲအသစ် တည်ဆောက်နိုင်တဲ့ ပရိုဂရမ်ရေးတဲ့ ကုဒ်က အခမဲ့ဖြစ်တဲ့ ကွန်ပျူတာ ဆောဖ်ဝဲတခု ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် လူမှုအသိုင်းအ၀ိုင်းတွင်းရှိ ပရိုဂရမ်မာများရဲ့ ပူးပေါင်းဆောင်ရွက်မှုများမှ လူအများအပြားအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။

Orkut: ဘရာဇီးနှင့် အန္ဒိယမှ သုံးစွဲသူသိသိသာသာ အများအပြားရှိတဲ့ (ဂူဂဲလ်မှ ပိုင်သော) အခမဲ့ လူမှုဆက်ဆံရေး ကွန်ယက်ဆိုဒ်တခု ဖြစ်ပါတယ်။

PHP - ကွန်ယက် application များအတွက် အခမဲ့ ဆော့ဖ်ဝဲရေးသော ကွန်ပျူတာ ဘာသာစကား။

Qik - သင့်ဖုန်းမှ ဗွီဒီယိုဝေမျှနိုင်တဲ့ အခမဲ့ဆော့ဖ်ဝဲ application ။

Remixed - ၂ နှင့်အထက်ရှိသော မီဒီယာ အမျိုးအစားများကို အတူတကွ ဖြစ်အောင် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်။ လူတွေဟာ မကြာခဏဆိုသလို ဗွီဒီယိုများနှင့် အသံဖိုင်များကို ရောနှောပေါင်းစပ်ခြင်းများနှင့် နှစ်မျိုးလုံးကို ရောနှောခြင်းများကို ပြုလုပ်ကြပါတယ်။

Ringtone လက်ကိုင်ဖုန်း တလုံးက ခေါ်ဆိုမှု ပြုတဲ့အခါ သို့မဟုတ် စာသား မက်ဆေ့ခ်ျများ ရောက်လာတဲ့အခါ မြည်တဲ့ ဒစ်ဂျစ်တယ် အသံဖိုင် ဖြစ်တယ်။ Ringtone များကို ဖုန်းတလုံးနှင့် တလုံးကြား မျှဝေနိုင်ပြီး အခမဲ့ဆော့ဖ်ဝဲ ပရိုဂရမ်များ သုံး၍လည်း ကိုယ်ကြိုက်ရာ ပြုလုပ်နိုင်တယ်။

SMS - Text message ကို ကြည့်ပါ။

Short codes (ကုဒ်တိုများ) - တခါတရံ နံပါတ်တိုများလို့လည်း ခေါ်ပါတယ်။ ဒါဟာ စာသား မက်ဆေ့ခ်ျ သို့မဟုတ် မီဒီယာပေါင်းစုံမက်ဆေ့ ခ်ျ(MMS)များအတွက် အသုံးပြုတဲ့ အထူးတယ်လီဖုန်း နံပါတ် ဖြစ်ပါတယ်။

SIM ကဒ် - SIM တစ်ခုက လက်ကိုင်ဖုန်း သုံးစွဲသူ တဦးရဲ့ တမူးထူးပြီး အထောက်အထား ကွဲပြားတဲ့ သတင်း အချက်အလက်များကို သိမ်းဆည်းနိုင်ပါတယ်။ ဥပမာ - သူတို့ရဲ့ အဆက်အသွယ်များ၊ ဒေတာများနှင့် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ။

ဆာဗာ - ကွန်ယက်ပေါ်တွင် ချိတ်ဆက်နေတဲ့ များပြားလှသည့် အခြား ကွန်ပျူတာများမှ တောင်းဆိုသည့် ဒေတာများကို ထောက်ပံ့ပေးသော ကွန်ပျူတာ။

လူမှုဆက်ဆံရေး ကွန်ယက်ဆိုဒ်များ - တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန်၊ အချင်းအချင်း အကြောင်းအရာ ပေါင်းစုံကို မျှဝေရန်၊ အခြား အသုံးပြုသူများနှင့် ဆက်သွယ်နိုင်ပြီး ပရိုဖိုင်ဖန်တီးနိုင်တဲ့ ၀ဘ်ဆိုဒ်များ။ ဥပမာ - MySpace၊ Facebook၊ bebo၊ Orkut နှင့် Hi5 ။

SquirrelMail - အခမဲ့၊ open source ကွန်ယက်အခြေပြု အီးမေးလ် အသုံးပြုနိုင်သော application တခု။ SquirrelMail ဟာ စီးပွားဖြစ် ၀န်ဆောင်မှုတခုရဲ့ တည်ထောင်ပေးခြင်းခံရတာ မဟုတ်တဲ့အတွက် ကိုယ်ပိုင်ဆာဗာ တခုဆီမှာ ထည့်သွင်းရပါမယ်။

တွဲချိတ်ခြင်း (Tagging) - တွဲချိတ်ခြင်း ဆိုတာ စာသားတံဆိပ် ဖြစ်ပြီး တခုသို့မဟုတ်တခုထက် ပိုတဲ့ ၀ဘ်ဆိုဒ်များမှ အကြောင်းအရာ အစိတ်အပိုင်းများကို စမ်းစစ်တဲ့ အခါ အသုံးပြုပါတယ်။ များစွာသော လူမှုဆက်ဆံရေး ကွန်ယက်ဆိုဒ်များနှင့် ဓာတ်ပုံများနှင့် ဗွီဒီယို မျှဝေသော ဆိုဒ်များတွင် အကြောင်းအရာ အစိတ်အပိုင်းတခုကို များစွာသော အခန်းကဏ္ဍများပါ ပါဝင်နိုင်ရန်အတွက် တွဲချိတ်ခြင်းကို သုံးပါတယ်။

Tag cloud - များသောအားဖြင့် စကားလုံး (သို့) စကားစုများ အစုအဝေးတခုထဲမှ အများဆုံး တွေ့မြင်ရလေ့ရှိတဲ့ စာစုများကို ညွှန်ပြဖို့ ပုံစုံထုတ်ထားတဲ့ စာသားရဲ့ သိပ်သည်းမှုနှင့် ရှည်လျားမှု အကြောင်းကို မြင်သာစေသော နည်းလမ်းတမျိုး။

Text message - SMS ဟုလည်း လူသိများပါတယ်။ မိုဘိုင်းဖုန်းများအကြား ပေးပို့နိုင်တဲ့ စာလုံးရေ ၁၆၀ နှင့်အောက် ကန့်သတ်ထားတဲ့ စာသားမက်ဆေ့ခ်ျပို့ခြင်း။

Twitter - တိုတောင်းသော စာသားပို့စ်များ (ကာရိုက်တာ ၁၄၀ နှင့် အောက်) ကို မျှဝေနိုင်သော ကွန်ယက်အခြေပြု ၀န်ဆောင်မှု။ လူတွေအနေနှင့် Twitter ၀ဘ်ဆိုဒ်ပေါ်တွင် သို့မဟုတ် စာသား မက်ဆေ့ခ်ျ မှတဆင့် တင်ပို့နိုင်ပါတယ်။

USB memory sticks - အလွယ်တကူ သယ်ယူ ရွှေ့ပြောင်းနိုင်သော ကွန်ပျူတာ၏ USB အပေါက်တွင် တပ်ဆင်ခြင်းမှ တဆင့် အသုံးပြုနိုင်သော ဒေတာ သယ်ဆောင်သော ကိရိယာတခု ဖြစ်ပါတယ်။

Ushahidi - မိုဘိုင်ဖုန်းများ၊ အီးမေးလ်များ (သို့) ၀ဘ်ဆိုဒ်တခု မှတဆင့် နောက်ဆုံးပေါ် သတင်းများကို အချိန်နှင့် တပြေးညီမျှဝေနိုင်သော ဆော့ဖ်ဝဲတခု။ ဒီမက်ဆေ့များကို တစုတစည်းတည်း အညွှန်းများနှင့်အတူ ၀ဘ်ဆိုဒ်ပေါ်တွင် မြင်နိုင်ပါတယ်။

Ustream.tv: - အင်တာနက်နှင့် ချိတ်ဆက်ထားသော သင့် ဖုန်းပေါ်မှ (သို့) ကွန်ပျူတာပေါ် မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မှုများကို ဝေမျှနိုင်သော အခမဲ့ဆော့ဖ်ဝဲ တခု။

စိတ်ကူးပုံဖော်ခြင်း(Visualisations) - ရှုပ်ထွေးသော ဒေတာများကို ဂရစ်ဖစ် သုံး၍ ရှင်းလင်းစွာ တင်ဆက်သော နည်းလမ်းတမျိုး။

WampServer - Apahce၊MySQL နှင့် PHP တို့ကို ၀င်းဒိုးဆာဗာများ ပေးတွင် ထည့်သွင်းခြင်းကို ရည်ညွှန်းခြင်း။

Web 2.0 - အင်တာနက် အသုံးပြုများ တဦးနှင့် တဦးကြား ပိုမိုလွယ်ကူစွာ ကွန်ယက် ချိတ်ဆက်နိုင်ပြီး အကြောင်းအရာများကို ဖန်တီးခြင်းနှင့် မျှဝေမှုများကို ပြုလုပ်နိုင်သော အင်တာနက် အသုံးပြုသူ မျိုးဆက်သစ် တခုကို ရည်ညွှန်းသော အယူအဆတခု။

ကွန်ယက်ကြည့် ယန္တရား (Web browser) - ၀ဘ်ဆိုဒ် စာမျက်နှာများ ကြည့်ရန်အသုံးပြုသော ဆော့ဖ်ဝဲ။ Firefox နှင့် Konqueror တို့ ပါဝင်သော Open source browser ဥပမာများ။

Web-scrapers - ၀ဘ်ဆိုဒ် စာမျက်နှာများမှ သတင်း အချက်အလက်များကို အလိုအလျောက် ဆွဲထုတ်ယူရန် တပ်ဆင်ထားသော ဆော့ဖ်ဝဲ တခု။

ဝီကီ - အသုံးပြုသူ မည်သူမဆို ၀င်ရောက် တည်းဖြတ်နိုင်သော ၀ဘ်ဆိုဒ်တခု။ မျိုးစုံသော မျှဝေသူများမှ သူတို့ရဲ့ ခြေရာခံပြီးသော ပြန်လည် စမ်းစစ်ချက်များနှင့် သိမ်းဆည်းထားသော ကွဲပြားတဲ့ ဗားရှင်းများနှင့် အတူ ၀ီကီကို အတူတကွ မျှဝေနိုင်ပါတယ်။

ဝီကီပီးဒီးယား - မည်သူမဆို သူတို့ရဲ့ ဝေမျှချက်များကို ရေးသားနိုင်တဲ့ (သို့) အခြားသူများရဲ့ မျှဝေချက်များကို တည်းဖြတ်နိုင်တဲ့ စွယ်စုံကျမ်း ပုံစံလုပ်ထားတဲ့ ၀ဘ်ဆိုဒ်တခု။

Word press - ဘလော့ဂ်တခု ထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲ့ခြင်းအတွက် အသုံးပြုသော အခမဲ့ open source ဆော့ဖ်ဝဲ။ သင့်ကိုယ်ပိုင် ဆာဗာပေါ်မှာ Wordpress ကို ဒေါင်းလုဒ် လုပ်နိုင်ပြီး ထည့်သွင်းနိုင်ပါတယ်။ (သို့) Wordpress က သင့်ရဲ့ ဘလော့ဂ်ကို wordpress.com မှာ အခမဲ့ တည်ထောင်ပေးထားနိုင်ပါတယ်။

Xapian - ဒေတာဘေ့စ် application များနှင့် အတူ အသုံးပြုသော သတင်း အချက်အလက်များကို ပြန်ထုတ်ယူရေးနှင့် ရှာဖွေနိုင်သော အခမဲ့ open source ဆော့ဖ်ဝဲ။

Yahoo Mail - အခမဲ့၊ ကွန်ယက်အခြေပြု အီးမေးလ် ၀န်ဆောင်မှု။ Yahoo မှ ပိုင်ပါတယ်။

YouTube - အခမဲ့ ဗွီဒီယို တင်နိုင်သော၊ ဝေမျှနိုင်သော ဂူးဂဲလ်မှ ပိုင်ဆိုင်သော ၀ဘ်ဆိုဒ် ဖြစ်ပါတယ်။ လူတွေအနေနှင့် သူတို့ရဲ့ ကွန်ပျူတာများမှ၊ အီးမေးလ်များမှ သို့ မိုဘိုင်းဖုန်း မှတဆင့် ဗွီဒီယိုကို တင်ပို့နိုင်ပါတယ်။