နည်းဗျူဟာ ၄ - ဗွီဒီယို


ဘယ်သူမှ ဂရုမပြုဘူးလား။

လူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေအကြောင်း ဇောင်းပေးပြောဆိုပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၈၃၂kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ကိစ္စတခုကြောင့် လူတွေ ထိခိုက်ခံရပြီး ဆွေးနွေးအကြံပေးတာ မရှိတဲ့အချိန်မျိုးမှာ ဒီနည်းက အသုံးဝင်ပါတယ်။ ပစ်မှတ်ထားတဲ့ ပရိသတ်ကို ကိစ္စအကြောင်း အကျယ်သိအောင် လုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက ဥပမာများ အားလုံး

Women’sNet image


  • Women’sNet: ဇာတ်လမ်းတွေကို ဒစ်ဂျစ်တယ် နည်းပညာသုံး ပြောဆိုခြင်း

လိင်နဲ့ လိင်ဆိုင်ရာ ဖြစ်တည်မှုကို အခြေပြုပြီး အကြမ်းဖက်မှု တွေ့ကြုံခဲ့ကြတဲ့ အမျိုးသမီးများ

ဒီစီမံကိန်းဟာ အကြမ်းဖက်မှုက ကျန်ရစ်တဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ဒစ်ဂျစ်တယ် နည်းပညာသုံး ဇာတ်ကြောင်းပြောနဲ့ ဝေမျှပေးတယ်။ ဒါ့အပြင် ကာတွန်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ တိုက်ရိုက် ထုတ်လွှင့်မှုများကို အသုံးပြုခွင့်ပေးပြီး ကိုယ်တိုင် ကြုံတွေ့ခံရသူရဲ့ ဇာတ်လမ်းကို ဝေမျှပေးတယ်။
နောက် လူ့အခွင့်အရေးအတွက် ထောက်ခံသူများ၊ မူဝါဒရေးဆွဲသူများနဲ့ ၀န်ဆောင်မှု ထောက်ပံ့သူတွေဆီ ဖြန့်ဖြူးပေးတယ်။ 

 

အသုံးပြုတဲ့ Tools များ - ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ကာတွန်း၊ ဒစ်ဂျစ်တယ် နည်းပညာသုံး ဗီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ၊ Youtube ၊ blip.tv 

 

ဆက်လေ့လာစရာ Links များ -

ဒစ်ဂျစ်တယ် ဇာတ်ကြောင်းများ

Women'sNet ကွန်ရက် စာမျက်နှာ


Blank Noise image


  • ဗလာ ဆူညံသံ

အိန္ဒိယ မြို့ပြလမ်းများပေါ်မှာ နှောင့်ယှက်စော်ကားခြင်းကို ဆန့်ကျင်သူ အမျိုးသမီးများ

ဒီစီမံကိန်းမှာ လူမြင်ကွင်းများတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း အကြောင်းကို လူထုလှုပ်ရှားမှုများနှင့်အတူ ကိုယ်တွေ့ ဇာတ်လမ်းများနှင့် ပေါင်းစပ်၍ လေ့လာနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ‘ဘလော့ဂ်ပြိုင်ပွဲ’ လုပ်၊ သူတို့ အကြမ်းဖက်ခံရစဉ်က ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားများ၊ နှောင့်ယှက်ခံရတဲ့ နေရာများရဲ့ ဓာတ်ပုံတွေပို့ပြီး သူတို့ဘယ်လို တုံ့ပြန်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ကြပါတယ်။ 

 

အသုံးပြုတဲ့ Tools များ - Blogspot.com, Facebook, Flickr.

 

ဆက်လေ့လာစရာ Links များ -

ဗလာ ဆူညံသံ ဘလော့ဂ်


A Duty to Protect image

 

  • အကာအကွယ်ပေးရမယ့် တာဝန်တရပ် - D.R.C က ကလေးစစ်သားများအတွက် တရားမျှတမှု

Ajedi-Ka PES/ကလေးစစ်သား စီမံကိန်းနဲ့ မျက်မြင်သက်သေများ

ဒါက ကလေးစစ်သားများ ကိုယ်တွေ့ကြုံရတဲ့ ဇာတ်ကြောင်းတွေကို တင်ပြပေးတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ဗီဒီယိုနဲ့ ထောက်ခံရေး စည်းရုံးလှုံ့ဆော်မှု တခုမှာ ထုတ်ပြန်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ခုံရုံးက ကွန်ဂိုစစ်တပ်ထဲက ကလေးတွေကို စစ်မှုထမ်းရန် စည်းရုံးသူတွေကို စွဲချက်တင်ခဲ့ကြတယ်။  

 

အသုံးပြုတဲ့ Tools များ - ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ဗွီဒီယို တည်းဖြတ်ရေးဆော့ဖ်ဝဲနဲ့ ၀က်ဆိုဒ်များ

 

ဆက်လေ့လာစရာ Links များ -

Ajedi-Ka ကွန်ရက်စာမျက်နှာ