နည်းဗျူဟာ ၂ - ဗွီဒီယို


တစုံတယောက်က စောင့်ကြည့်နေခြင်း

မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖြစ်လျှင်ဖြစ်ချင်း မှတ်တမ်းတင်ဖို့ အခွင့်အာဏာ ရှိတယ် ဆိုတာ လူတွေ သေချာသိအောင် လုပ်တဲ့နေရာမှာ ဒီနည်းက နည်းကောင်းတခု ဖြစ်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

The Targuist Sniper photograph


  • စနိုက်ပါ (Sniper) တာဂူးရစ် (Targuist)

မော်ရိုကိုမှ အမည်မသိ တိုက်တွန်းလှုံ့ဆော်သူ

မော်ရိုကိုမှာ ရဲအရာရှိတွေက ယာဉ်မောင်းသူတွေထံက မကြာခဏ လာဘ်ငွေ တောင်းနေကြတာကို လှုံ့ဆော်သူ တဦးက ဗွီဒီယို ရိုက်ကူးပြီး ယူကျူမှာ လွှင့်တင်လိုက်တဲ့အခါ ဒီဗီဒီယိုဟာ ထောင် သောင်းနဲ့ချီတဲ့လူတွေ ကြည့်တာခံရပါတယ်။ အစိုးရအနေနဲ့ ဒီလာဘ်စားတဲ့ ရဲတွေကို အရေးယူနိုင်ရုံသာမက “စနိုက်ပါ တာဂူရစ်” ရဲ့ ဥပမာကို ယူပြီး နောက်ပိုင်းမှာ ဒီလို လာဘ်စားတဲ့ ရဲတွေကို နှိမ်နင်းဖို့ ဗွီဒီယိုကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။  

 

သုံးစွဲခဲ့တဲ့ Tool များ: ဗွီဒီယိုကင်မရာ၊ ဗွီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ၊ Youtube ၊ ဘလော့ဂ်များ  

 

ဆက်လက်လေ့လာရန် Links များ -
ချောင်းမြောင်း ရိုက်ကူးသူရဲ့ Youtube ဗွီဒီယိုများ
မင်နာဆတ်ရဲ့ ဘလော့ဂ်


Racoles' photograph RACOLES' (FLICKR)

  • ရွှေဝါရောင် တော်လှန်ရေး

မြန်မာပြည်မှ ဘလော့ဂါများနဲ့ လှုံ့ဆော်သူများ
လှုံ့ဆော်သူတွေဟာ ဘလော့ဂ်တွေကို သုံးပြီး စစ်အစိုးရ တားမြစ်ပိတ်ပင်ထားတဲ့ သတင်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တကမ္ဘာလုံးသိဖို့ ဖြန့်ပေးခဲ့တယ်။ ဘလော့ဂါတွေဟာ အကျပ်အတည်း ဆိုက်နေတဲ့ အဖြစ်အပျက် ၂ ခုက သတင်းတွေကို ဈေးပေါတဲ့ ဒစ်ဂျစ်တယ် ကင်မရာ၊ မိုဘိုင်းဖုန်း ကင်မရာတွေသုံးပြီးရိုက်ခဲ့တဲ့ ရုတ်တရက် လောင်စာဆီ ဈေးနှုန်းတိုးမြင့်မှုကို ကန့်ကွက်တဲ့ ပြည်သူ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ဓာတ်ပုံတွေကို ဖြန့်ချိခဲ့တယ်။ ပြည်သူတွေ ကြည်ညိုတဲ့ သံဃာတွေနဲ့ သီလရှင်ဆရာလေးတွေ လမ်းမတွေပေါ် ကြွလာတဲ့ အဖြစ်အပျက်ဟာ အွန်လိုင်းမှာ အင်မတန် ရေပန်းစားခဲ့ပြီး မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တကမ္ဘာလုံးက သိခဲ့ရတယ်။ 

 

သုံးစွဲခဲ့တဲ့ Tool များ - ဘလော့ဂ်များ၊ သတင်းတင်ပို့ချက်များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ လက်ကိုင်ဖုန်းများနဲ့ ဓာတ်ပုံများ။ 

 

ဆက်လက်လေ့လာရန် Links များ -
မြန်မာ ဘလော့ဂါများ ကွန်ရက် နဲ့ လူထု မီဒီယာ အသံမှ ဘလော့ဂ်၊ ရုပ်ပုံများ၊ ဗွီဒီယိုများ။