Tactical Tech ရဲ့ သတင်း - တက်ကြွလှုပ်ရှား စခန်းသွင်းခြင်း ၂၀၀၉

သတင်း-လှုပ်ရှားမှု စခန်းသွင်းခြင်းကွန်ရက် စာမျက်နှာကို ကြည့်ရှုပါ

နည်းဗျူဟာ ၁၀ ချက် စီမံချက်ဟာ ၂၀ဝ၉ ခုနှစ်မှာ Tactical Tech က Aspiration နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သတင်း-တက်ကြွလှုပ်ရှားမှု စခန်းသွင်းခြင်းက ထွက်ပေါ်လာပါတယ်။ ဒီစခန်းဟာ နိုင်ငံ ၂၅ နိုင်ငံက တိုက်တွန်းလှုံ့ဆော်သူ ၁၃၀ ကို တစုတစည်းထဲ ၇ ရက် အနီးကပ် ဆွေးနွေးပွဲဖြစ်ပြီး အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ အပန်းဖြေစခန်း တခုမှာ လုပ်ခဲ့တယ်။ သူ့ ရည်မှန်းချက်ကတော့ တိုက်တွန်းနှိုးဆော်သူတွေကို ဆင်တူ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အခြားသူတွေနဲ့ ဆက်သွယ်ပေးပြီး ဒစ်ဂျစ်တယ် လှုံ့ဆော်ဖြန့်ဖြူးရေးကို ဆန်းသစ်စွာ ဖော်ဆောင်နိုင်ဖို့၊ အောင်မြင်ခဲ့တဲ့ နည်းဗျူဟာတွေရဲ့ ဥပမာတွေကို ပြသဖို့၊ သူတို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အဖြေတွေ ရှာဖွေတာနဲ့ အိုင်ဒီယာတွေ ဖော်ဆောင်နိုင်တဲ့ ခိုင်မာတဲ့ အရည်အချင်း ပေးတာနိုင်ဖို့လည်း ဖြစ်ပါတယ်။

Tactical Tech ရဲ့ ပူးပေါင်း တည်ထောင်သူ စတပ်ဖနီဟန်ကီ ပြောတာကတော့ “ကျမတို့ ပါဝင်သူတွေ အားလုံးမှာ သတင်း အချက်အလက်ကို လှုပ်ရှားမှုဖြစ်အောင် ဘယ်လို ပြောင်းလဲခဲ့တယ် ဆိုတဲ့အကြောင်း စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ဒါတွေကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး စခန်းသွင်းကာလ တလျှောက်လုံး လူတွေရဲ့ အကြောင်းတွေ သိရအောင် ကြိုးစားခဲ့ပါတယ်။ အားလုံးပြီးသွားတဲ့ အချိန်မှာတော့ ကျနော်တို့ စုစည်းချက်တွေက ပြောစမှတ် ဖြစ်ခဲ့ပါတယ်။” ဒီစခန်းက ရလာတဲ့ ဇာတ်လမ်းတွေက ကဒ်တွေမှာပါတဲ့ အကြောင်းအရာ တော်တော်များများနဲ့ နည်းဗျူဟာ ၁၀ ချက် ဗီဒီယိုတွေအတွက် အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။

ပုံ - အိန္ဒိယက သတင်း တက်ကြွလှုပ်ရှား စခန်းမှာ ပါဝင်ခဲ့သူများ။

သတင်း-တက်ကြွလှုပ်ရှား စခန်းသွင်းခြင်းကွန်ရက် စာမျက်နှာကို ကြည့်ရှုပါ