စာတန်းထိုး အထောက်အပံ့

ဒီဝက်ဆိုဒ်ပေါ်ကမှာ

ဇော်ဂျီဖောင့်ကို အသုံးပြုထားတယ်။ ဒီက ဒေါင်းလုဒ် ရယူပါ။

ဒီဝက်ဆိုဒ်ပေါ်က ရုပ်ရှင် ကြည့်ဖို့ ကိုယ့် Browser နဲ့ Flash Player ကို ဗားရှင်း ၁၀ သို့မဟုတ် နောက်ဆုံးထွက် ဗားရှင်းနဲ့ မွမ်းမံထားဖို့ အကြံပေးလိုပါတယ်။ ဒီမှာ ဒေါင်းလုဒ်ယူပါ။

ဒီနည်းဗျူဟာ ၁၀ ချက် ဗွီဒီယိုတွေကို စာတမ်းထိုးဖြင့် ကြည့်ဖို့ player အောက်နားက ဘာသာစကားရွေးတဲ့ စာရင်းကို ရှာကြည့်ပါ။ လိုချင်တဲ့ ဘာသာစကား ရှိပြီးသားဆိုရင် စာရင်းကနေ ရွေးပြီး အဲဒီ ဗွီဒီယိုကို စာတမ်းထိုးနဲ့ ကြည့်နိုင်ပါပြီ။

ကြည့်ရန် အခက်အခဲများ

တကယ်လို့ ကိုယ့်ကွန်ပျူတာမှာ ကိုယ်ရွေးတဲ့ စာတမ်းထိုး ဘာသာစကားရဲ့ ဖောင့် ထည့်မထားရင် ဒီစာတမ်းထိုးကို မြင်ရမှာ မဟုတ်ဘူး။ ဥပမာ - ဟင်ဒီဘာသာကို ရွေးပြီးမှ ကိုယ့်မှာ ဟင်ဒီဖွန့် မရှိရင် လေးထောင့်တုံးလေးတွေပဲ မြင်နေရမှာ။ ဘာသာစကားနဲ့ဆိုင်တဲ့ ဖောင့်သွင်းချင်တယ် ဆိုရင်တော့ Google မှာ ရှာဒေါင်းလုဒ်ဆွဲပြီး ထည့်နိုင်ပါတယ်။ ဖောင့်တွေ သွင်းလိုက်တာနဲ့ တပြိုင်နက် အဲဒီ ဘာသာစာတမ်းထိုးနဲ့ ရုပ်ရှင်ကြည့်လို့ ရနိုင်ပါပြီ။ လိုတဲ့ ဖောင့်လည်း သွင်းပြီးပြီ၊ ကြည့်ဖို့ ခက်နေသေးတယ် ဆိုရင်တော့ ကျနော်တို့ဆီ အီးမေးလ် (infoactivism[at]tacticaltech.org) ပို့ပြီး ကိုယ်သုံးနေတဲ့ Browser နဲ့ ဘယ်ဗားရှင်းလဲ ဆိုတာ ပြောနိုင်ပါတယ်။


ဘာသာစကား အမျိုးမျိုး စာတမ်းထိုးပါတဲ့ နည်း ၁၀ ချက်။

တကယ်လို့ နည်းဗျူဟာ ၁၀ ချက်ကို ဒီဗွီဒီပေါ် ရှိပြီးသား ဘာသာစကား မဟုတ်တဲ့ တခြားဘာသာနဲ့ ပြချင်ရင် -

၁။ ဆီလျော်တဲ့ စာတမ်းထိုးကို ‘Translate and Transcribe’ အောက်က .SRT ဖိုင်ကို ဒီမှာ ဒေါင်းလုဒ် လုပ်ပါ။

၂။ နည်းဗျူဟာ ၁၀ ချက်အတွက် MP4 ဗားရှင်းကို ဒီမှာဒေါင်းလုဒ် လုပ်ပါ။

၃။ VLC လိုအခမဲ့ Player တွေကို သုံးပါ။ ဒီပရိုဂရမ်ကို ဒီမှာ ဒေါင်းလုဒ်လုပ် ဖတ်နိုင်ပါတယ်။

၎။ MP4 ဖိုင်ကို ဒီ Player ထဲမှာ ဖွင့်ပြီး “load with subtitles file” ကို ရွေးပါ။ နောက် ဒီဖိုင်ကို ကိုယ့်ကွန်ပျူတာထဲမှာ နေရာချပါ။