စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာ



ဒီအခြေခံ ကဒ်လေးကို ဆွဲချရယူပါ (pdf ၁၅၆kb)

စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာနှင့် ပတ်သတ်တဲ့ အကူအညီဖြစ်စေမည့် အခြေခံ အချက်အလက်များနဲ့ လုပ်ဆောင်စရာများကို ဤကဒ်က ရှင်းပြပေးပါတယ်။ ဒီနည်းဗျူဟာများကို အသုံးပြုခြင်းအားဖြင့် စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်သမျှ နည်းလမ်းများနဲ့ လက်စွဲများအကြောင်း၊ သတင်းဖြန့်ဖြူးမှု ပုံစံများနဲ့ အချိန် အပိုင်းခြားအလိုက် ဖြစ်ပျက်ပုံ အဆင့်ဆင့်ဖော်ပြခြင်း (Timeline) အသုံးပြုပုံများကို ရှင်းပြပေးရုံသာမက လက်တွေ့ အသုံးချခြင်း၊ မှတ်တမ်းမှတ်ရာ ပြုစုခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်းတို့ကို နည်းလမ်းတကျ သိသွားအောင် ကူညီပေးပါတယ်။

စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာ ဆိုတာ ဘာလဲ။

အပြောင်းအလဲ တခုကို စတော့မယ် ဆိုရင် စည်းရုံးလှုံ့ဆော်ရေး စနစ်တကျ ရှိပြီး ရည်ရွယ်ချက်ပြည့်မီဖို့ လိုပါတယ်။ ဒါ့အပြင် သေချာတိကျတဲ့ ကြိုတင် စီစဉ်မှုမျိုးလည်း ရှိရပါမယ်။ စည်းရုံးရေး မစမီ စည်းရုံးရေးမှူး တယောက်အနေနဲ့ တတ်နိုင်သမျှ လေ့လာထားရမယ့် အချက်များကတော့ -

  • ဖြစ်နေဆဲ အခြေအနေ
  • စည်းရုံးလှုံ့ဆော်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အကောင်းဘက်ကရော အဆိုးဘက်မှပါ ထိခိုက်ခြင်းခံရသူ
  • ဘယ်လိုပြောင်းလဲမှုမျိုးက ထိရောက်မှုဖြစ်စေမလဲ
  • စည်းရုံးလှုံ့ဆော်ရေးအတွက် လက်တွေ့အသုံးချနိုင်မယ့် နည်းလမ်းနဲ့
    လက်စွဲများကိုရနိုင်မယ့် အရင်းအမြစ်များ

စည်းရုံးလှုံ့ဆော်ရေးသမားများက ဒီနည်းတွေသုံးပြီး ကိုယ်ပိုင်နည်းဗျူဟာများကို ဖန်တီးနိုင်ပါတယ်။ ဒီနည်းဗျူဟာများကို သုံးပြီး စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ လက်တွေ့ အသုံးချခြင်း၊ လူသိများအောင် လုပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ပိုမိုကောင်းမွန်လာအောင် လုပ်ခြင်းနဲ့ ပြန်လည်သုံးသပ်မှုများ လုပ်နိုင်ပါတယ်။ စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာ တခုဟာ အောက်ဖော်ပြပါ မေးခွန်းအားလုံးကို ခြုံငုံမိရပါမယ်။-

အရှုပ်အထွေး၊ ရှုထောင့်အမြင်နဲ့ အပြောင်းအလဲ

  1. ပြဿနာ အမျိုးအစား။
  2. ပြဿနာကို ဖြေရှင်းပြီးတဲ့ တနေ့မှာ တကမ္ဘာလုံးအနေနဲ့ ဘယ်လိုပြောင်းလဲသွားမယ် ဆိုတဲ့ အမြင်
  3. ဘယ်လို အပြောင်းအလဲများက ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲ။
  4. အစုရှယ်ယာဝင်များ၊ ပေါင်းသင်း ဆက်နွယ်မှုများနဲ့ ပစ်မှတ်များ

  5. ဖြစ်ပွားနေတဲ့ ပြဿနာကြောင့် အဆိုးဘက်ကရော အကောင်းဘက်ကပါ ရိုက်ခတ်ခံရသူများ။
  6. အရှုပ်အထွေး၊ ရိုက်ခတ်ခံရသူများ သို့မဟုတ် အစုအဖွဲ့များ အကြား ဆက်နွယ် ပတ်သက်မှုများ။
  7. ဘယ်လို လူတန်းစားဆီ ပစ်မှတ်ထားမလဲ။
  8. စည်းရုံးလှုံ့ဆော်ရေး အောင်မြင်မှုက ဘယ်သူတွေကို ရိုက်ခတ်နိုင်မလဲ။

စည်းရုံးလှုံ့ဆော်ရေး အဆင့်တိုင်းမှာ ရလာမယ့် ကိုင်တွယ်နေတဲ့ အရှုပ်အထွေးနဲ့ ပတ်သက်တဲ့ အဓိက မေးခွန်းများ၊ အဖြေများ၊ အစုရှယ်ယာရှင်တွေနဲ့ ပစ်မှတ်များသာမက နည်းလမ်းများနဲ့ အသုံးပြုတဲ့ သတင်းစကားများ၊ လက်စွဲများ အကြောင်း ထပ်ခါတလဲလဲ ရှင်းပြတာဟာ စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းများ ပိုတိုးတက်လာဖို့ အကူအညီ ဖြစ်စေပါတယ်။

စည်းရုံးလှုံ့ဆော်ရေး နည်းပညာက လုပ်စရာ ရှိတာတွေကို လမ်းပြပေးနိုင်ပါတယ်။ ဒါ့အပြင် နည်းလမ်းတခုကို သုံးပြီးတိုင်း အခြေအနေ ပြောင်းလဲမှုပေါ် မူတည်ပြီး ပုံမှန်မွမ်းမံပေးဖို့ လိုပါမယ်။


တူညီတဲ့ ရှုထောင့်များ ဖန်တီးပါ

ပြဿနာ အရှုပ်အထွေးများ စူးစမ်းရာမှာ၊ အမြင်ချင်း ဖလှယ်ရာမှာ၊ ပြောင်းလဲမှုကို လေ့လာတဲ့အခါမှာ စည်းရုံးလှုံ့ဆော်ရေး တဖွဲ့လုံးကို ပူးပေါင်းပါဝင်စေပါ။ ဒီနည်းနဲ့ ပြဿနာဖြေရှင်းရန် ဖြစ်နိုင်ခြေအရှိဆုံး လုပ်ဆောင်မှုတခုအတွက် အကြံကောင်းများ ရလာနိုင်ပြီး စည်းရုံးလှုံ့ဆော်ရေး လုပ်နေစဉ်တွင်း အစဉ် စိတ်အားတက်ကြွစေမှုနဲ့ ပြဿနာအပေါ် အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။ ဘုံအမြင်များ ရရှိလာစေရန် ဖန်တီးခြင်းဟာ လိုအပ်ရင် လိုအပ်သလို လက်တွေ့ အသုံးချနေတဲ့ နည်းလမ်းကို ညှိဖို့နဲ့ စောင့်ကြည့်ဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။ 

သင်ခန်းစာ ၁။ ပြဿနာ၊ အဖြေ၊ အပြောင်းအလဲ

  1. စည်းရုံးလှုံ့ဆော်ရေး အသင်းမှာ ဖြေရှင်းဖို့ ဦးတည်ထားတဲ့ ပြဿနာနဲ့ ပတ်သတ်လာရင် အဖွဲ့အနေနဲ့အတူ ဆွေးနွေးပြီးမှ ဆုံးဖြတ်ပါ။ ပြဿနာနဲ့ပတ်သက်ပြီး ဖြစ်နိုင်သမျှ ဆန့်ကျင်ဖက် ရလဒ်များကို အသေးစိတ် ရှင်းလင်းပါ။
  2. အောက်ဖော်ပြပါ မေးခွန်းကို အဖွဲ့ထဲမှာပါတဲ့ လူတိုင်း ဖြေကြည့်ပါ။
    လက်ရှိ ပြဿနာ မရှိတော့တဲ့အခါ ဖြစ်လာနိုင်တဲ့ ကမ္ဘာ့အခြေအနေ ဘယ်လိုဖြစ်နိုင်မလဲ။
    • စကားလုံးများ၊ သရုပ်ဖော်ပုံများ၊ ပုံကားချပ်များကို အသုံးပြုပါ။
    • အကန့်အသတ်မဲ့ အရင်းအမြစ်များကို ထည့်တွက်ပါ။ (ဥပမာ- ပိုက်ဆံ၊ အာဏာ၊ စသဖြင့်)
    • အဆိုပြုကမ္ဘာနဲ့ ပတ်သက်ပြီး ရလာနိုင်တဲ့ အကျိုးအမြတ်များကို ဆွေးနွေးစာရင်းပြုပါ။
  3. စည်းရုံးလှုံ့ဆော်ရေးအတွက် တဦးချင်းရဲ့ မျှော်မှန်း အနာဂတ်အမြင်တွေကို ဘုံအမြင်ဖြစ်အောင် ဖန်တီးယူပါ။ မျှော်မှန်းထားတဲ့ ကမ္ဘာဆီရောက်ဖို့ ဘယ်လှုပ်ရှားမှုမျိုး အပြောင်းအလဲမျိုးက ပြဿနာကို ပြေလည်သွားစေမယ်ဆိုတဲ့ အကြောင်းအရာများကို ထဲထဲဝင်ဝင် ဆွေးနွေးပါ။ ဒီလိုဆွေးနွေးခြင်းက စည်းရုံလှုံ့ဆော်ရေးကို မျက်ခြေမပြတ်စေနိုင်တော့ပါဘူး။ စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်သမျှ အားလုံးကို ဆွေးနွေးပါ။ စည်းရုံးရေးငယ်များ အဖြစ် ခွဲဖြာသွားသင့်မသင့် ဆုံးဖြတ်ပါ။ အကယ်၍ ခွဲဖြာသွားခဲ့မယ် ဆိုရင် စည်းရုံးလှုံ့ဆော်ရေး ဦးတည်ချက်ကို ကျဉ်းမြောင်းအောင် လုပ်မလား သို့မဟုတ် စုပေါင်း စည်းရုံးလှုံ့ဆော်ရေး နည်းဗျူဟာတခု ဖန်တီးမလားလို့ ရွေးချယ်စရာ ရှိပါတယ်။

စည်းရုံးလှုံ့ဆော်ရေး အစုအဖွဲ့ဝင်များအကြောင်း သိနားလည်ခြင်း။

အစုအဖွဲ့ဝင်များလို့ ဆိုရာမှာ လူများ၊ အဖွဲ့များ၊ အဖွဲ့အစည်းများ သို့မဟုတ် ဒီအရေးကိစ္စနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းကြီးများ အားလုံးပါဝင်ပါတယ်။ ဒီလူတွေ အဖွဲ့အစည်းတွေ အားလုံးက လူသိထင်ရှား ရိုက်ခတ်နေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကို ထောက်ခံပေးနိုင်တယ်။ သူတို့မှာ အခြေအနေကို ပြောင်းပစ်နိုင်တဲ့ စွမ်းအားရှိနေပြီး ပြဿနာရဲ့ တရားခံများတောင် ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီအစုအဖွဲ့ဝင်များအကြောင်း တတ်နိုင်သမျှ လေ့လာထားဖို့က စည်းရုံးလှုံ့ဆော်ရေး တခုကို ပြင်ဆင်ရာမှာ အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်။

  • အစုအဖွဲ့ဝင်တွေနဲ့ ပြဿနာတွေကြားက ပတ်သက်မှုနဲ့ ကိုယ့်အဆိုပြု ဖြေရှင်းချက်တွေကို နားလည်ထားဖို့ လိုမယ်။
  • ကွဲပြားတဲ့ အစုအဖွဲ့ဝင်တွေကြားက ပတ်သက် ဆက်နွယ်မှုများကို ကောက်ချက်ချပါ။
  • စည်းရုံးရေးကို ထိခိုက်စေမယ့်၊ အကူအညီ ဖြစ်စေနိုင်မယ့် အစုအဖွဲ့ဝင်များ စွမ်းရည်နဲ့ စိတ်အားထက်သန်မှုကို ပိုင်းဖြတ်ပါ။
  • လိုချင်တဲ့ ပြောင်းလဲမှုမျိုး ဖန်တီးနိုင်ဖို့ ဘယ်အစုအဖွဲ့ကို အာရုံစိုက်သင့်တယ် ဆိုတာ ဆန်းစစ်ပါ

သင်ခန်းစာ ၂။ အစုအဖွဲ့ဝင်များနဲ့ သူတို့ ပတ်သက်မှုများကို ပုံဇယားရေး စီစဉ်ခြင်း။
အရေးကိစ္စနဲ့ပတ်သက်တဲ့ အစုရှယ်ယာတွေအတွက် ပုံဇယားရေးခြင်းဖြင့် ယင်းရှယ်ယာများကို စက်ဝိုင်းများ သို့မဟုတ် ကြက်ခြေခတ် အမှတ်အသားများအဖြင့် ကိုယ်စားပြုနိုင်ပြီး ယင်းတို့ ပတ်သက်မှုများကို မျဉ်းကြောင်းများ ဆက်ခြင်းဖြင့် ဖော်ပြနိုင်ပါတယ်။ ဒီနေရာမှာ အမှတ်အသားများကို လိုရင် လိုသလို ပြောင်းပစ်ရမှာ ဖြစ်တဲ့အတွက် ကပ်ခွာစက္ကူများ (post-it-notes) များသုံးဖို့ အကြံပေးလိုပါတယ်။

  1. စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က ထောက်ပြချင်နေတဲ့ ပြဿနာရဲ့ ရေသောက်မြစ်ဖြစ်တဲ့ အပြန်အလှန် ထိခိုက်မှုများကို အကြောင်းဆွေးနွေးပါ။ ပြဿနာကို ဖန်တီးသူက ဘယ်သူလဲ။ ဘယ်သူတွေကို ထိခိုက်သွားသလဲ။ ဘာကြောင့် ဒီသီးခြားတည်ရှိနေတဲ့ အစုအဖွဲ့တွေက ဆက်စပ်နေရတာလဲ။
  2. အစုရှယ်ယာများအနေနဲ့ သတ်မှတ်ထားတဲ့ ကြက်ခြေခတ်များကြားက ဘယ်တခုက အပြောင်းအလဲလုပ်ရန် အသင့်ဆုံးလဲ ဆိုတာ မသိမချင်း မှတ်စုယူဖို့ မပျက်ကွက်ပါနဲ့။
  3. ဒီကြက်ခြေခတ်များအကြား ဘယ်လို အပြန်အလှန် ထိခိုက်စေခြင်းမျိုး ရှိသလဲ ဆန်းစစ်ပါ။
  4. ဒီကြက်ခြေခတ်များ အားလုံးကို ပုံဇယားရဲ့ ဗဟိုမှာ ထားပါ။
  5. ပုံဇယားပေါ်မှာ အဓိက ဆွဲထုတ်ထားတဲ့ ဒီကြက်ခြေခတ်တွေနဲ့ တခြား အမှတ်အသားတွေကြားက ပတ်သက်မှုကို ဆန်းစစ်ပါ။ ဒေသတွင်းကစပြီး ပြည်နယ်အလိုက်၊ နိုင်ငံတွင်းအလိုက်၊ နိုင်ငံတကာအလိုက်နဲ့ တကမ္ဘာလုံးဆိုင်ရာဆီထိ ဦးတည်ပါ။ ပြဿနာပေါ် မူတည်ပြီး ပုံဇယားပေါ်က ကြက်ခြေခတ်များကို အဆင့် ၂ ဆင့်ထက်မက အဆင့်များခွဲပြီး ချဲ့ထွင်ပါ။ -
    • ပထမအဆင့် - အချက်အချာကျတဲ့ ကြက်ခြေခတ်များနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အဖွဲ့များ။ (မိသားစုများ၊ ဒေသတွင်း)
    • ဒုတိယအဆင့် - ပထမအဆင့် အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ အခြားအဖွဲ့များ။ (မြို့နယ်၊ နိုင်ငံတွင်း)
    • တတိယအဆင့် - အရေးကိစ္စအပေါ် သက်ရောက်နေတဲ့ အထွေထွေအမြင်များအတွက် ကြက်ခြေခတ် အမှတ်အသားများ။ (နိုင်ငံတကာ၊ အသင်းအပင်းများ)
    • အာဏာ
    • နှစ်ဦးနှစ်ဖက် အမြတ်အစွန်း
    • အငြင်းပွားမှုများ
    • ဖြစ်နိုင်ခြေ အလားအလာကောင်းများ

အစုရှယ်ယာဝင် များနိုင်သမျှများများကို ပုံကားချပ်ပေါ်မှာ ထည့်သွင်းနေရာ ချပြီးချိန်မှာတော့ အရေးကိစ္စနဲ့သူတို့ ပတ်သက်မှုကို ပြတဲ့ ရုပ်ပုံကားချက်တခု ရပါလိမ့်မယ်။ နောက်တဆင့်ကတော့ ဒီအစုအဖွဲ့ဝင်တွေဆီက လိုချင်တဲ့ အပြောင်းအလဲရအောင် ဘယ်လို အကူအညီမျိုးရမလဲ ခွဲခြမ်းစိတ်ဖြာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုလေ့လာချင်ရင်တော့ လူ့အခွင့်အရေး နည်းနာဆိုင်ရာ ပုံထုတ်ခြင်း နည်းနာသစ်များမှာ သွားကြည့်နိုင်ပါတယ်။- .

သင်ခန်းစာ ၃ - အစုအဖွဲ့ဝင်များဆီမှ ပစ်မှတ်ဆီသို့
တိကျသေချာပြီးသား ရည်မှန်းချက်များကို စတင်အနက်ဖွင့်ပါ။ အစုအဖွဲ့ဝင် တယောက်ချင်းစီရဲ့ ထောက်ခံမှုအဆင့်များနဲ့ ရည်မှန်းချက်များအပေါ် လွှမ်းမိုးနိုင်မှုကို ထည့်စဉ်းစားပါ။

  1. ရိုးရှင်းပြီး တက်ကြွတဲ့ အသုံးအနှုန်းများ သုံး၍ ဘယ်အရာက ပြဿနာကို ဖြေရှင်းပေးပြီး လိုချင်တဲ့ အပြောင်းအလဲကို ယူလာပေးမလဲ ဆုံးဖြတ်ပါ။ ရည်မှန်းချက်များက တိကျမှု၊ တိုင်းတာမှု၊ ပြည့်မီနိုင်ခြေ၊ လက်တွေ့ကျခြင်းနဲ့ အချိန်မီပြီးစီးနိုင်ခြေများ ရှိသင့်ပါတယ်။
  2. အထက်မှာ ဖော်ပြခဲ့တဲ့ အစုအဖွဲ့စာရင်းများကို သုံးပြီး ဘယ်အဖွဲ့က ရည်မှန်းချက်ကို ပြည့်မီအောင် ကူညီပေးနိုင်မယ် ဆိုတာ ဆန်းစစ်ပါ။
  3. စာရွက်အလွတ် ခပ်ကြီးကြီးမှာ ဒေါင်လိုက်၊ အလျားလိုက် ၀င်ရိုးမျဉ်များဆွဲပါ။ (ဖော်ပြပါအတိုင်း)
    ပြီးလျှင် အစုအဖွဲ့များကို ဖော်ပြပါအတိုင်း နေရာချပါ။
  4. လှုပ်ရှားမှု ၃ ပုံကားချပ်
    • ဒေါင်လိုက် ဝင်ရိုးဟာ သင့်ရဲ့ ဦးတည်ချက် ပန်းတိုင်ကို ပြည့်မီရာမှာ လွှမ်းမိုးမှု အရှိဆုံး (ထိပ်) ကနေ လွှမ်းမိုးမှု အနည်းဆုံး (အောက်ခြေ) အထိ သူတို့ရဲ့ လွှမ်းမိုးမှု အဆင့်ကို ကိုယ်စားပြုတယ်။
    • အလျားလိုက်မျဉ်းကတော့ ထောက်ခံနိုင်ခြေနှင့် အတိုက်အခံပြုခြေ ရှိမှုများအတွက် ဖြစ်ပါတယ်။
  5. အစုအဖွဲ့များအားလုံးကို စာရွက်ပေါ်မှာ ချရေးပြီးချိန်တွင်တော့ အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ လွှမ်းမိုးနိုင်ဆုံး အစုအဖွဲများ သို့မဟုတ် အလားအလာကောင်းတဲ့ မူလပစ်မှတ်များ ဖြစ်လာနိုင်တဲ့ သီးခြားအဖွဲ့များကို ခွဲထုတ်ပါ၊ ဒီအပြောင်းအလဲအတွက် သူတို့ဆီ လာနိုင်တဲ့ ထောက်ခံမှုနဲ့ ဆန့်ကျင်နိုင်စွမ်းပကား အဆင့်များကိုလည်း သတိပြုပါ။
  6. ဒီသီးခြား အဖွဲ့များနှင့် အခြားအစုအဖွဲ့ဝင်များရဲ့ ပတ်သတ်နေမှုအကြောင်း ဆွေးနွေးပါ။ ဘာလို့လဲဆိုတော့ ဒီအကြောင်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်များကို သင်ခန်းစာ ၂ ပုံကားချက်ပေါ်မှာ ထည့်ထားပြီးသားဖြစ်နိုင်ပါတယ်။
  7. ထောက်ခံတဲ့ အစုအဖွဲ့ဝင်များရဲ့ မူလပစ်မှတ်ထားတဲ့ အဖွဲ့များအပေါ် ပတ်သက်မှုများနဲ့ လွှမ်းမိုးမှုများကို ဆန်းစစ်ပါ။ ဒီဒုတိယအဆင့် ပစ်မှတ်များ သို့မဟုတ် ပူးပေါင်းပါဝင်တဲ့ အဖွဲ့များဟာ စည်းရုံးလှုံ့ဆော်ရေးရဲ့ ရည်မှန်းချက် အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ တက်တက်ကြွကြွ ပါဝင်လာနိုင်တယ်။ ဇယားမှာ သူတို့ကိုပါ ထည့်သွင်းပြီး ပါဝင်နေတဲ့ အဖွဲ့တွေထဲက အာရုံစိုက်သင့်လောက်တဲ့ ၂ ခု ၃ ခုလောက်ကိုလည်း ခွဲခြားပါ။

(The Change Agency's Power Mapping exerciseကနေ ဆီလျှော်အောင် ယူထားတယ်။).)

သင်ခန်းစာ - ၄။ ပစ်မှတ်များမှ နည်းဗျူဟာများဆီသို့
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ဘယ်သူတွေနဲ့ ဆက်သွယ်နေရမယ်၊ ပြဿနာမှာ ပါဝင်နေတဲ့ သီးခြား အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပတ်သတ်နေရမယ် ဆိုတာကို လေ့လာပြီး ချိန်မှာတော့ ပစ်မှတ်နဲ့ ပါဝင်နေတဲ့ အဖွဲ့များကို ထောက်ပြဖို့ ဘယ်နည်းဗျူဟာက အကောင်းဆုံးလဲ ဆိုတာ စဉ်းစားနိုင်ပါပြီ။ 

  1.   စက်ဝိုင်းခြမ်းပုံတခု ဆွဲပါ၊ ပြီးရင် လိမ္မော်သီးစိတ်လို အပိုင်းများခွဲလိုက်ပါ။ စည်းရုံးရေးကို အထောက်ခံဆုံးသူတွေကို ဘယ်ဘက်တွင် နေရာချပြီး အတိုက်အခိုက် အပြုဆုံးသူများအတွက် ညာဘက်ကို သတ်မှတ်ထားပါ။
  2. လှုပ်ရှားမှု ၄ ပုံကားချက်ပုံကားချက်နဲ့ ကပ်ခွာစက္ကူများကို အသုံးပြုပြီး ပစ်မှတ်များနဲ့ ထောက်ခံသူများကို ထောက်ခံမှု အတိုင်းအတာအတိုင်း အစဉ်လိုက်ထားပါ။ ရလဒ်ကတော့ ပင်မနဲ့ ဒုတိယ အဆင့်လိုက် အချို့ အစုအဖွဲ့ဝင်များကို သူ့နေရာအလိုက် ရရှိသွားမှာပဲ ဖြစ်ပါတယ်။ အပိုင်း ငါးပိုင်း ခွဲထားတဲ့ စက်ဝိုင်းခြမ်းထဲမှာ ပါဝင်သင့်တာများကတော့ -
    1. လှုပ်ရှားဆဲ မဟာမိတ်များ၊ ရည်မှန်းချက်အောင်မြင်ဖို့ အပြည့်အ၀ ထောက်ခံသူများနဲ့ လှုံ့ဆော်ပေးမည့်သူများ
    2. အောင်မြင်မှုဆီမှတဆင့် အကျိုးအမြတ်ရရှိမယ့် မဟာမိတ်
    3. မပါဝင်တဲ့ သို့မဟုတ် ထိခိုက်မခံရတဲ့ ကြားနေအဖွဲ့အစည်းများ
    4. ကိုယ့်အောင်မြင်မှုကြောင့် ထိခိုက်နိုင်တဲ့ အတိုက်အခံပြုသူများ
    5. လှုပ်ရှားမှုများတွင် တက်ကြွစွာ ၀င်စွက်ဖက်နိုင်တဲ့ တက်ကြွဆန့်ကျင်သူများ
  3. ဒီဇယားကို အသုံးပြုပြီး အစုအဖွဲ့ တခုချင်းဆီရဲ့ စက်ဝန်းခြမ်းပေါ် တည်ရှိနေမှုကို မူတည်ပြီး ဘယ်နည်းဗျူဟာ အသင့်တော်ဆုံးဖြစ်မယ် ဆိုတာ ဆုံးဖြတ်ပါ။
    1. ထောက်ခံအားပေးမှုအတွက် ဆော်သြစည်းရုံးရေး နည်းဗျူဟာသုံးပါ
    2. ကြားနေများအတွက် ပညာရေးဆိုင်ရာ၊ ရှုမြင်နိုင်တဲ့ နည်းဗျူဟာ သုံးပါ
    3. အတိုက်အခံများအတွက် ၀င်ရောက် စွက်ဖက်ခြင်းနှင့် အနှောက်အယှက်ပေးခြင်း နည်းလမ်းသုံးပါ

(New Tactics in Human Rights' Spectrum of Allies exerciseမှ ဆီလျှော်အောင် ယူထားတယ်။.)

Namita Sigh နဲ့ Ali Gharavi က Tactical Tech က ပူးပေါင်းပြီး ဒီကဒ်ကို ဖန်တီးထားပါတယ်။.