ဘာသာစကားများ

လတ်တလောတော့ နည်းဗျူဟာ ၁၀ ချက်အတွက် ၀က်ဆိုဒ်ကို စပိန်၊ မြန်မာနဲ့ အာရပ်ဘာသာတွေနဲ့ ဖန်တီးထားပါတယ်။

နည်းဗျူဟာ ၁၀ ချက် (10 tactics film) ရုပ်ရှင်တွေကိုတော့ အယ်လ်ဘေးနီးယား၊ အာရပ်၊ အဇာဘိုင်ဂျန် (Azerbaijani)၊ အင်္ဂလိပ်၊ ဘယ်လာရုရှ၊ မြန်မာ၊ တရုတ် (ရိုးရာအတိုင်းနှင့် ရှင်းလင်းစွာ)၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဟင်ဒီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မက်ဆီဒိုနီးယား၊ ဆာဘီးယား-ခရိုအေးရှား-ဘော့စနီးယား-မွန်တီနီဂရိုး၊ ပေါ်တူဂီ၊ ရုရှ၊ စပိန်၊ ထိုင်း၊ ယူကရိန်းနဲ့ အူရဒူစတဲ့ ဘာသာတွေနဲ့ ပြန်ဆိုပြီးပါပြီ။ ဆက်လာစရာတွေလည်း အများကြီး ရှိပါသေးတယ်။

ဒီနည်းဗျူဟာ ၁၀ ချက်ကဒ်တွေ (10 tactics cards) ကိုတော့ အယ်လ်ဘေးနီးယား၊ အာရပ်၊ မြန်မာ၊ ဘယ်လာရုရှ၊ ဘော့စနီးယား-ဆာဘီးယား-ခရိုအေးရှား-မွန်တီနီးဂရိုး၊ အင်္ဂလိပ်၊ ပြင်သစ်၊ မက်ဆီဒိုးနီးယား၊ ရုရှ၊ စပိန်၊ ယူကရီန်း ဘာသာတွေနဲ့ ရနိုင်ပါတယ်။ ဒီနေရာ မှာ ဒေါင်းလုဒ် ရယူပါ။

တကယ်လို့ နည်းဗျူဟာ ရုပ်ရှင် (သို့) ကဒ်တွေကို ကိုယ်တိုင် ဘာသာပြန်ချင်၊ ကိုယ့်ဘာသာစကားနဲ့ ၀က်ဆိုဒ် ဖန်တီးချင်တယ် ဆိုရင် ဆက်သွယ်နိုင်ပါတယ်။

နည်းဗျူဟာ ၁၀ ချက်ပါ အပြည့်အစုံပါ အထုပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ hard-copy ရနိုင်ပါတယ်။
ဘာသာပြန်ပြီးသား (သို့) ပုံနှိပ်ပြီးသား ကော်ပီတွေကို ကိုယ့်ဒေသတွင်းမှာ လက်လှမ်းမီအောင် ဖြန့်ချင်ရင် ကျနော် တို့ကို ဒီမှာ (contact us) ဆက်သွယ်ပါ။