နည်းဗျူဟာ ၉ - ဗွီဒီယို


နားထောင်တဲ့ အတတ်ပညာ

လူတွေကို မေးခွန်းများ မေးစေပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၇၄၄kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ရေပန်းစားတဲ့ သတင်းအချက်အလက် အရင်းအမြစ်တွေ မပြည့်စုံမှု သို့မဟုတ် နားလည်မှုလွဲစေတဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါ (သို့) အခြား တိုက်ရိုက် ဆက်သွယ်ရေးလုပ်သည့် ပုံစံများ ခက်ခဲတဲ့အခါ အင်မတန် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို လူတွေဆီ အရောက်ပို့တဲ့နေရာမှာ ဒီနည်းက အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

Text message image


  • အင်ဖိုနက်

လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၊ အာဖရိက အရှေ့ပိုင်း

နိုင်ငံသားများက ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အစိုးရရဲ့ ရန်ပုံငွေ အချက်အလက်များကို အင်ဖိုနက် ဘက်ဂျက်ခြေရာကောက် အစီအစဉ်ထံ Text မက်ဆေ့ခ်ျများ ပို့ပြီး မေးမြန်း ရယူနိုင်ပါတယ်။ ကွဲပြားနေတဲ့ ဘတ်ဂျက်မျိုးကွဲများကို သော့ချက်စကားလုံး (Keyword) သုံးပြီး ရယူနိုင်ပါတယ်။ သုံးစွဲသူများရဲ့ မေးခွန်းများက အင်ဖိုနက်အတွက် အစိုးရရဲ့ ဘယ်ရန်ပုံငွေက နယ်ပယ်စုံက စောင့်ကြည့်မှုများအောက်မှာ ရောက်နေတယ်ဆိုတဲ့ ပိုကြီးတဲ့ အမြင်ရဖို့ အချက်အလက်တွေဖြစ် လာပါတယ်။

လူထုအနေနဲ့လည်း ဒေသခံ လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့များနဲ့ ဆက်စပ်နေတဲ့ (သို့) အတည်ပြု၊ ခုခံပြောဆို (သို့) အချက်အလက် ထည့်သွင်းရတဲ့ ၀က်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ စီမံကိန်းများပေါ်မှာ မှတ်ချက် ချန်ထားခဲ့နိုင်ပါတယ်။ ဒီနည်းနဲ့ လူထုရန်ပုံငွေများ ခွဲဝေမှု၊ သုံးစွဲမှုများအပေါ် သိလိုတာတွေ မေးရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ခုချိန်ထိ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၃၆ ၀၀၀ ကျော်ကို စာရင်းလုပ်ပြီးသား ဖြစ်ပါတယ်။ ပထမ လမှာပဲ လူပေါင်း ၂၅၀၀၀ မိုဘိုင်းဖုန်းပေါ်မှာ ဒီ Tool ကို သုံးခဲ့ကြပြီး ကွန်ယက် စာမျက်နှာပေါင်း ၁၅၀၀၀ ပါဝင်ခဲ့ပါတယ်။

ဘက်ဂျက် ခြေရာကောက်သူရဲ့ ဆောင်းပါး အကြောင်းအရာများကို ရုပ်မြင်သံကြားနဲ့ သတင်းထဲမှာ ထည့်သွင်း ဖော်ပြခံရပါတယ်။ ဆက်လက် လူသိများလာအောင် ဆောင်ရွက်တာကတော့ သတင်းလွှာ၊ အီးမေးလ်၊ စာသားမက်ဆေ့ခ်ျ အချက်ပို့တာတွေနဲ့ သုံးစွဲနိုင်ပါတယ်။  

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - ဒေတာဘေ့စ်များ (WampServer: Apache, PHP, MySQL)၊ ၀က်ဆိုဒ်၊ မိုဘိုင်းဖုန်းများ

 

ဆက်လက် လေ့လာရန် Links များ -

ဘတ်ဂျက် ခြေရာကောက် ကိရိယာ

လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်


Freedom Fone image


  • လွတ်လပ်ရေး Fone

ဇင်ဘာဘွေ လှုံ့ဆော်သူများ

ကူဘာတန်နာ (Kubatana) ဟာ ဇင်ဘာဘွေ လူ့အဖွဲ့အစည်းက ထုတ်လုပ်တဲ့ အချက်အလက်များကို စုစည်းချဲ့ထွင်ပြီး ဖြန့်ဖြူးပေးတဲ့ မီဒီယာနဲ့ ဆက်သွယ်ရေး စီမံကိန်းပါ။ အချက်အလက်များကို ကွန်ယက်စာမျက်နှာ www.kubatana.net ထုတ်ပြန်ထားပြီး အသိပညာပေးရန်အတွက်ကိုတော့ ပုံမှန် အီးမေးလ်သတင်းလွှာ၊ MS အချက်ပေး စာတိုများနဲ့ နှိုးဆော်ထားပါတယ်။

ပုံနှိပ်ချက် ဆောင်းပါးများ၊ သတင်းပို့ချက်များ၊ စီဒီများနဲ့ ဒီဗွီဒီ စတာတွေပါတဲ့ ပစ္စည်းများကို ဇင်ဘာဘွေရှိ တဦးချင်းဆီနဲ့ အဖွဲ့အစည်းတွေဆီ ဖြန့်ဖြူးခဲ့ကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ကိုင်ဖုန်းသုံးစွဲမှု တိုးတက်ရေးအတွက် ကူဘာတန်နာက လူမှုအဖွဲ့အစည်းများနဲ့ တိုးတက်ရေးအတွက် ဦးစားပေးတဲ့ အဖွဲ့အစည်းများဆီက အပြန်အလှန်ရှိတဲ့ အသံတုံ့ပြန်မှု (Interactive Voice Response –IVR) သုံးစွဲမှု မြှင့်တင်ပေးဖို့ မှတ်ပုံတင်စရာမလို လူတိုင်း အခမဲ့ သုံးနိုင်တဲ့ Freedom Fone လို့ခေါ်တဲ့ ဆော့ဖ်ဝဲ ပလက်ဖောင်းတခု ဖန်တီးခဲ့ပါတယ်။ Freedeom Fone ဖုန်းနဲ့ အဖွဲ့အစည်းများက ဘာသာစကားမရွေး သတင်းအချက်အလက် တောင်းနိုင်ပါတယ်။  

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - FrontlineSMS၊ မိုဘိုင်းဖုန်းများ၊ Freedom ဖုန်းခေါ်ဖို့ စားပွဲတင် ကွန်ပျူတာများ။

 

ဆက်လက် လေ့လာရန် Links များ -

Freedom Fone ကွန်ရက် စာမျက်နှာ

‹ နည်းဗျူဟာ ၈ - ပြဿနာ ဆန်းစစ်ချက်

နည်းဗျူဟာ ၉ - ပြဿနာ ဆန်းစစ်ချက်


နားထောင်ပေးတဲ့ နည်းပညာ

လူတွေကို မေးခွန်းများ မေးစေပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 744kb)

Leaning About Living website screenshot

ပြဿနာ ဆန်းစစ်ချက်

ခေါင်းစဉ် -
ပါဝင်သူ
-
နေရာ -
ဝက်ဆိုဒ် -
ကိုယ်မေး ကိုယ်ဖြေ (MyQuestion, MyAnswer)
ကမ္ဘာတခု (OneWorld) ယူကေ၊ ပညာရေးကို အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ဆေးတခု အဖြစ်
နိုင်ဂျီးရီးယား
Oneworld Mobile

ရှင်းလင်းဖော်ပြချက်
လူမှုရေးအရ ရှုံ့ချမှုတာနဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ရှက်စရာကောင်းတယ် အထင်ခံရတာ တွေကြောင့် မှန်ကန်တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားမှုအကြောင်း ကျန်းမာရေး ပညာပေး အချက်အလက်တွေ ရဖို့ နိုင်ဂျီးရီးယား လူငယ်များ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ်။ OneWorld UK နဲ့ ဒေသခံ NGO ပညာရေးများအကြား ပူးပေါင်း လုပ်ဆောင်ချက်များကနေ ‘ကိုယ်မေး ကိုယ်ဖြေ’ ဆိုတဲ့ လက်ကိုင်ဖုန်း စည်းရုံးလှုံ့ဆော်ရေး တခု ထွက်လာခဲ့တယ်။ ထိုလှုံ့ဆော်ရေးကတဆင့် လူငယ်တွေ သူတို့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပေးမှုကို အမည်ဖော်စရာမလိုပဲ လုံခြုံစွာသိနိုင်ခဲ့တယ်။

‘ကိုယ်မေး ကိုယ်ဖြေ’ ဟာ ပရိသတ်ရဲ့ လက်ကိုင်ဖုန်းနဲ့ ကျွမ်းဝင်မှုအပေါ်၊ သူတို့ မိုဘိုင်းဖုန်းတွေမှာ လက်ခံရရှိတဲ့ သတင်းအချက်အလက်တွေဟာ လျှို့ဝှက်ပြီး လူကြီးများရဲ့ ဝေဖန်မှု ကင်းတယ်ဆိုတဲ့ အသိအပေါ် အားထားမှု ရှိပါတယ်။ မေးခွန်းများကို စာသား မက်ဆေ့ခ်ျများက တဆင့် ပို့နိုင်ပြီး ပြန်လည်ဖြေကြားချက်တွေမှာ ကျန်းမာရေး အချက်အလက်များ၊ ဒေသခံ ဆေးခန်းများနဲ့ ချိတ်ဆက်မှုများ၊ (သို့) အကြံပေးသူ တဦးဦးထံ ဖုန်းနဲ့ တိုက်ရိုက် ပြောဆိုရန် အခွင့်အလမ်းများ စသည်တို့ ပါရှိတယ်။

မေးခွန်းများကို နောက်ပိုင်းတွင် မကြာခဏ မေးလေ့မေးထရှိတဲ့ မေးခွန်းများ ဆိုပြီး ဒေတာဘေ့စ်တခု အနေနဲ့ စုစည်းထားပါတယ်။ ‘လူတယောက်ကို တိုက်ရိုက် စကားပြောခွင့် ရရှိခြင်းဟာ အရေးကြီးဆုံး’ လို့ စီမံကိန်း မန်နေဂျာ အူဂျူ အိုဖိုမာတာ က ပြောပါတယ်။ ‘နောက် လူတွေကို ဒီဝန်ဆောင်မှု သုံးလာအောင် လုပ်တာက ပြဿနာ မဟုတ်တော့ပါဘူး။’ ပထမ ၂ နှစ်အတွင်းမှာပဲ မေးခွန်းပေါင်း ၆၀ ၀၀၀ နီးပါးကို ၀န်ဆောင်မှုထဲ ပို့ပေးခဲ့ပါတယ်။

 

သုံးစွဲခဲ့တဲ့ Tool များ -

လွတ်လပ်စွာ မှတ်ပုံတင်စရာ မလိုပဲ အခမဲ့ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲက စိတ်ကြိုက် ပြုပြင်ထားတဲ့ မိုဘိုင်းပလက်ဖောင်း ( Apache ၀ဘ်ဆာဗာ၊ PHP application၊ MySql ဒေတာဘေ့စ်)၊ ၀က်ဆိုဒ်များ၊ မိုဘိုင်းဖုန်းများ။
လက်လှမ်းမီမှု အတိုင်းအတာ - မြို့ပြနဲ့ ဆင်ခြေဖုံးဝန်းကျင်များမှ သုံးစွဲသူများရဲ့ အာရုံစူးစိုက်မှုနဲ့တကွ နိုင်ငံတ၀ှမ်းလုံးနဲ့ နိုင်ဂျီးရီးယား တောင်ပိုင်းက လူအများစု။
အရင်းအမြစ်များ ဒေသခံ မိတ်ဖက်များ၊ သတင်းစည်းရုံး လှုံ့ဆော်ရေး။ ဒေသခံ NGO များနှင့် တွဲဖက်လုပ်ဆောင်မှုကြောင့် စည်းရုံးလှုံ့ဆော်ရေးကို ယုံကြည်စိတ်ချခံခဲ့ရ။ အူဂျူ အိုဖိုမာတာ ရဲ့ ပြောကြားချက်ကတော့ - ‘သူတို့ဟာ နေ့တိုင်း လူငယ်များရဲ့ ဘာသာစကားနှင့် ဒေသခံအဓိက ဘာသာစကား သုံးမျိုးပြောတတ်သူ အကြံပေးသူများနဲ့ လက်တွေ့ အသုံးချနေရသူများ ဖြစ်တယ်။’ အရေးပါတဲ့ စည်းရုံး လှုံ့ဆော်ရေးများ၊ သတင်းစာ၊ ရေဒီယိုများနဲ့ ရုပ်မြင်သံကြား မီဒီယာများက လူငယ်တွေကြားမှာ ဒီဝန်ဆောင်မှု ပျံ့ပွားအောင် လုပ်ဆောင်ပေးတယ်။
ကြာချိန် - မိုဘိုင်း ပလက်ဖောင်းကို တည်ဆောက်ပြီး စတင်ဖို့ အချိန်ငါးလ။ တယ်လီကွန် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဖို့ အနည်းဆုံး သုံးလ။ စီမံကိန်းကတော့ ဆက်လက် လှုပ်ရှားနေဆဲ။

ခက်ခဲမှု အဆင့် အဆင့် ၅ ဆင့်အနက်မှ ၄ အဆင့်

 

ကုန်ကျစရိတ် - တယ်လီဖုန်း ဆက်သွယ်ရေးများအတွက် ကုန်ကျစရိတ် ယူအက်စ်ဒေါ်လာ ၃၀ ၀၀၀၊ လူသိများအောင် ကြော်ငြာခြင်းအတွက် ယူအက်စ်ဒေါ်လာ ၁၀ ၀၀၀၊ လစာပေးရန် စီမံကိန်း စီမံခန့်ခွဲမှုအတွက် ယူအက်စ်ဒေါ်လာ ၆၀ ၀၀၀။

 

ဆက်လေ့လာစရာ Links များ -

စီမံကိန်းအကြောင်း ဗွီဒီယို -

အီလက်ထရောနစ် - သင်ကြားရေး ကွန်ယက် -

နည်းဗျူဟာ ၉။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


နားထောင်တဲ့ အတတ်ပညာ

လူတွေကို မေးခွန်းများ မေးစေပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 744kb)

Oneworld image of person using mobile phone
အေအိုင်ဒီအက်စ် ကာကွယ်ဆေး၊ ကမ္ဘာတခု ယူကေ/ပညာရေး

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • လူတွေကို ပံ့ပိုးလိုတဲ့ အချက်အလက်များကို ရယူဖို့ ဖြစ်နိုင်ခြေ ရေသောက်မြစ်တွေ အများကြီး ရှိပါတယ်။ အင်ဖိုနက်ရဲ့ ဘက်ဂျက်ခြေရာခံမှု စည်းရုံးလှုံ့ဆော်ရေးကို ဒေသခံ လူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့များအပြင် ၀က်ဆိုဒ်ကို လာလည်သူများ ထပ်မံ ပေါင်းစပ်ထားတဲ့ ဒေတာ (သို့) မက်ဆေ့ခ်ျ ပေးပို့ မေးမြန်းသူများရဲ့ ဒေတာ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဒီနည်းနဲ့ အင်ဖိုနက်က Crowd-sourcing ကို သတင်း အချက်အလက်သစ်များ ဖန်တီးဖို့ ဒေတာ စုဆောင်းခြင်းအပြင် ရှိပြီး ဒေတာများကို အတည်ပြုရာမှာလည်း သုံးနိုင်တယ်။
  • ရွေးချယ်တဲ့ စာသား မက်ဆေ့ခ်ျ ပလက်ဖောင်းအတွက် စိတ်ကြိုက်ပြင်ဆင်ဖို့ လိုလိမ့်မယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို တုံ့ပြန်နိုင်တဲ့ ပလက်ဖောင်း တခုရဖို့ နည်းပညာဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်။ အချို့ ပလက်ဖောင်းများဟာ လက်တလော ဖြစ်ပွားနေတဲ့ တူညီသော သတင်းစကား တခုကို လူတွေဆီ လက်ဆင့်ကမ်းရာမှာ အသုံးဝင်ပါတယ်။ အချို့ ပလက်ဖောင်းများကတော့ မတူညီသော လူတွေဆီက လာတဲ့ မေးခွန်းများအတွက် တမူကွဲပြားတဲ့ အဖြေများပေးရာမှာ ပိုအသုံးကျပါတယ်။
  • စာသား မက်ဆေ့ခ်ျများ၊ ဒေတာများ (သို့) လက်ကိုင်ဖုန်းများအတွက် အသံလွှင့်ရန် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများနဲ့ ညှိနှိုင်းဖို့ လိုပါတယ်။ ဒီအတွက် ပိုက်ဆံနဲ့ အချိန်ပို ကုန်နိုင်ပြီး အလုပ်လည်း ရှုပ်နိုင်ပါတယ်။ တိုင်းပြည်တွင်းက လူများကို မည်ကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း မေးမြန်းနိုင်ပြီး အစိုးမဟုတ်တဲ့ အဖွဲ့များအတွက် အစုလိုက် (သို့) လျှော့ဈေးများ ပေးနိုင်တဲ့ ၀န်ဆောင်မှု ပေးသူများကို လေ့လာပါ။
  • အချို့ အချက်အလက်တွေကို လက်ကိုင်ဖုန်းက စာသား မက်ဆေ့ခ်ျတွေနဲ့ ပို့တာထက် ၀က်ဆိုဒ်တွေပေါ်မှာ (သို့) ပိုရှည်တဲ့ မက်ဆေ့ခ်ျတွေ အနေနဲ့ Freedom Fone လို အသံ ၀န်ဆောင်မှုတွေကတဆင့် မျှဝေတာ ပိုကောင်းပါတယ်။ စည်းရုံးလှုံ့ဆော်ရေး တော်တော်များများကတော့ ဒီနည်း သုံးခုလုံးကို ပေါင်းစပ် သုံးကြပါတယ်။
  • လူတွေ မေးတဲ့ မေးခွန်းများကို ခြေရာကောက်ပြီး အရေးကြီးတဲ့ အချက်အလက် ရရှိနိုင်တယ်။ ဘယ်လို သတင်းအချက်အလက် အမျိုးအစားမျိုးက အများဆုံး တောင်းဆို ခံရပြီး ဘယ်လို အချိန်မျိုးမှာ (သို့) ဘယ်လို အဖြစ်အပျက်မျိုးပေါ် အခြေခံပြီး ဘယ်လိုမျိုး မေးခွန်းတွေ အမေးခံရတယ် ဆိုတာမျိုး သိနိုင်ပါတယ်။ လက်ကိုင်ဖုန်း နံပါတ်များ (သို့) စာသား မက်ဆေ့ခ်ျများ ပို့ပြီး လုပ်ထားတဲ့ စစ်တမ်းများ သုံးပြီး ဘယ်နယ်မြေက အများဆုံး ပါဝင်ပူးပေါင်းတယ် ဆိုတာ ခြေရာကောက်နိုင်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • လူတွေအနေနဲ့ လက်လှမ်းမီနိုင်စေဖို့ ဒေတာများကို ဘယ်လို စုဆောင်းမလဲ။ ဘယ်လို အရင်းအမြစ်တွေ ယုံကြည်စိတ်ချနိုင်စရာ ကောင်းမလဲ။
  • လူတွေရဲ့ ဒေတာတွေကို စည်းရုံးလှုံ့ဆော်ရေးထဲ ထည့်ဖို့ ခွင့်ပြုမလား။
  • သတင်း အချက်အလက် မေးမြန်းချက်များ စုဆောင်း ထုတ်လွှင့်ဖို့ အသင့် သုံးနိုင်တဲ့ Tool တခု ရှိသလား (သို့) ကိုယ်ပိုင် Tool တခု ဖန်တီးဖို့ လိုမလား။
  • ပါဝင်ပံ့ပိုးမှုကို အဆုံးစွန်ထိ ချဲ့ထွင်ဖို့ မီဒီယာ/ထိုးဖောက်မှုက ဘာလဲ။
  • ကိစ္စကို လူတွေပိုအာရုံစိုက်ဖို့ ချိတ်ဆက် အားပေးနိုင်တဲ့ အချိန်ကိုက် ဖြစ်ရပ်ရှိသလား။
  • လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်စွက်ပြီး လူတွေဆီ အရောက်ပို့ဖို့ လိုချင်တဲ့ အပြောင်းအလဲ လုပ်နိုင်ပြီး လူတွေဆီ တိုက်ရိုက် စကားပြောနိုင်တဲ့ ပစ်မှတ်တခု (လူတဦး သို့မဟုတ် အဖွဲ့အစည်းတခု) ရှိသလား။
  • ကြေးနန်း ဆက်သွယ်ရေး ကွန်ယက်များပေါ်ကနေ ထိခိုက်မခံတဲ့ အရေးကြီး အချက်အလက်များ စုဆောင်းခြင်းနဲ့ ထုတ်လွှင့်ခြင်းများ စည်းရုံးလှုံ့ဆော်ရေးမှာ ပါဝင်လာနိုင်ပါတယ်။ ဘယ်လို လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များ ရှိနေပြီး ဘယ်လို ထုတ်ဖော်နိုင်မလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. ပြည့်စုံတဲ့ အပြန်အလှန် စာသားပေးပို့ခြင်း ၀န်ဆောင်မှု တခု မပေးနိုင်ရင်၊ လူတွေဆီက စာသား မက်ဆေ့ခ်ျများကို Short Code ဆီ ပေးဖို့ပြီး မေးလာနိုင်ချေရှိတဲ့ တင်ကြိုမေးခွန်းများ ဖန်တီးထားပြီး အလိုအလျောက် တုံ့ပြန် ဖြေကြားချက်များ ထားရှိနိုင်ပါတယ်။
  2. တဲ့တိုး အမေးနဲ့အဖြေ ချဉ်းကပ်မှုများနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခြင်းကို ဆွဲဆောင်မှု အားကောင်းစေဖို့ အချက်အလက်များကို ဖျော်ဖြေရေးနဲ့ အသိပညာပေးဆန်တဲ့ ပဟေဠိ ပုံစံတွေနဲ့ တင်ပြနိုင်ပါတယ်။
  3. အငြင်းပွားဖွယ်ရာ ခေါင်းစဉ် တခုအပေါ် မေးခွန်းထုတ်ပြီး စာသား မက်ဆေ့ခ်ျများ (သို့) အသံ မက်ဆေ့ခ်ျများ မှတဆင့် အမြင်များကို စုဆောင်းပါ။ တုံ့ပြန်တဲ့ အနေနဲ့ရော သတင်း အချက်အလက် ပိုမို ရယူရေးအတွက်ပါ ပရိသတ်နဲ့ ချိတ်ဆက်ရန် အချက်အလက်တခု (သို့) အရင်းအမြစ်တခုကို ပြန်ပို့ပါ။
  4. လူတွေဆီက သဘောတူညီမှု ရရင် သူတို့ အဆက်အသွယ်တွေကို နောင်လာမယ့် လှုပ်ရှားမှုများအတွက် ထိုသူတွေနဲ့ ပြန်ချိတ်ဖို့ သုံးနိုင်တယ်။
  5. လှုပ်ရှားမှု (သို့) ဆန္ဒပြမှု တခုမှာ ထောက်ခံသူတွေက ရဲတပ်ဖွဲ့လှုပ်ရှားမှု၊ လုံခြုံရေးအတွက် ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာများ၊ တရားဝင် (သို့) ဆေးဝါးထောက်ပံ့မှု အကြောင်း စတာတွေကို အသိပေးတဲ့ အချက် ပေးစာတိုတွေ လိုချင်ရင် စာသား မက်ဆေ့ခ်ျများ ပေးပို့မေးဖို့ တောင်းဆိုပါ။