နည်းဗျူဟာ ၄ - ဗွီဒီယို


ဘယ်သူမှ ဂရုမပြုဘူးလား။

လူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေအကြောင်း ဇောင်းပေးပြောဆိုပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၈၃၂kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ကိစ္စတခုကြောင့် လူတွေ ထိခိုက်ခံရပြီး ဆွေးနွေးအကြံပေးတာ မရှိတဲ့အချိန်မျိုးမှာ ဒီနည်းက အသုံးဝင်ပါတယ်။ ပစ်မှတ်ထားတဲ့ ပရိသတ်ကို ကိစ္စအကြောင်း အကျယ်သိအောင် လုပ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက ဥပမာများ အားလုံး

Women’sNet image


  • Women’sNet: ဇာတ်လမ်းတွေကို ဒစ်ဂျစ်တယ် နည်းပညာသုံး ပြောဆိုခြင်း

လိင်နဲ့ လိင်ဆိုင်ရာ ဖြစ်တည်မှုကို အခြေပြုပြီး အကြမ်းဖက်မှု တွေ့ကြုံခဲ့ကြတဲ့ အမျိုးသမီးများ

ဒီစီမံကိန်းဟာ အကြမ်းဖက်မှုက ကျန်ရစ်တဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ဒစ်ဂျစ်တယ် နည်းပညာသုံး ဇာတ်ကြောင်းပြောနဲ့ ဝေမျှပေးတယ်။ ဒါ့အပြင် ကာတွန်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ တိုက်ရိုက် ထုတ်လွှင့်မှုများကို အသုံးပြုခွင့်ပေးပြီး ကိုယ်တိုင် ကြုံတွေ့ခံရသူရဲ့ ဇာတ်လမ်းကို ဝေမျှပေးတယ်။
နောက် လူ့အခွင့်အရေးအတွက် ထောက်ခံသူများ၊ မူဝါဒရေးဆွဲသူများနဲ့ ၀န်ဆောင်မှု ထောက်ပံ့သူတွေဆီ ဖြန့်ဖြူးပေးတယ်။ 

 

အသုံးပြုတဲ့ Tools များ - ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ကာတွန်း၊ ဒစ်ဂျစ်တယ် နည်းပညာသုံး ဗီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ၊ Youtube ၊ blip.tv 

 

ဆက်လေ့လာစရာ Links များ -

ဒစ်ဂျစ်တယ် ဇာတ်ကြောင်းများ

Women'sNet ကွန်ရက် စာမျက်နှာ


Blank Noise image


  • ဗလာ ဆူညံသံ

အိန္ဒိယ မြို့ပြလမ်းများပေါ်မှာ နှောင့်ယှက်စော်ကားခြင်းကို ဆန့်ကျင်သူ အမျိုးသမီးများ

ဒီစီမံကိန်းမှာ လူမြင်ကွင်းများတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း အကြောင်းကို လူထုလှုပ်ရှားမှုများနှင့်အတူ ကိုယ်တွေ့ ဇာတ်လမ်းများနှင့် ပေါင်းစပ်၍ လေ့လာနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ‘ဘလော့ဂ်ပြိုင်ပွဲ’ လုပ်၊ သူတို့ အကြမ်းဖက်ခံရစဉ်က ၀တ်ဆင်ခဲ့တဲ့ အ၀တ်အစားများ၊ နှောင့်ယှက်ခံရတဲ့ နေရာများရဲ့ ဓာတ်ပုံတွေပို့ပြီး သူတို့ဘယ်လို တုံ့ပြန်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ကြပါတယ်။ 

 

အသုံးပြုတဲ့ Tools များ - Blogspot.com, Facebook, Flickr.

 

ဆက်လေ့လာစရာ Links များ -

ဗလာ ဆူညံသံ ဘလော့ဂ်


A Duty to Protect image

 

  • အကာအကွယ်ပေးရမယ့် တာဝန်တရပ် - D.R.C က ကလေးစစ်သားများအတွက် တရားမျှတမှု

Ajedi-Ka PES/ကလေးစစ်သား စီမံကိန်းနဲ့ မျက်မြင်သက်သေများ

ဒါက ကလေးစစ်သားများ ကိုယ်တွေ့ကြုံရတဲ့ ဇာတ်ကြောင်းတွေကို တင်ပြပေးတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ဗီဒီယိုနဲ့ ထောက်ခံရေး စည်းရုံးလှုံ့ဆော်မှု တခုမှာ ထုတ်ပြန်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ခုံရုံးက ကွန်ဂိုစစ်တပ်ထဲက ကလေးတွေကို စစ်မှုထမ်းရန် စည်းရုံးသူတွေကို စွဲချက်တင်ခဲ့ကြတယ်။  

 

အသုံးပြုတဲ့ Tools များ - ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ဗွီဒီယို တည်းဖြတ်ရေးဆော့ဖ်ဝဲနဲ့ ၀က်ဆိုဒ်များ

 

ဆက်လေ့လာစရာ Links များ -

Ajedi-Ka ကွန်ရက်စာမျက်နှာ

‹ နည်းဗျူဟာ ၃ - ပြဿနာ ဆန်းစစ်ချက်

နည်းဗျူဟာ ၄ - ပြဿနာ ဆန်းစစ်ချက်


ဘယ်သူမှ ဂရုမပြုဘူးလား

လူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေအကြောင်း ဇောင်းပေးပြောဆိုပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 832kb)

We The Women image
HTTP://WWW.N7NUDRIVE.COM/

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
မည်သူ
-
နေရာ -
ဝက်ဆိုဒ် -
ကျမတို့ အမျိုးသမီးများ
Arerej Kan, စီမံကိန်း ညွှန်ကြားရေးမှူး
ဆော်ဒီအာရေးဗျ အမျိုးသမီးများနဲ့ နယ်ခြားက ဆော်ဒီအမျိုးသမီးများ
N7nuDrive - ကျမတို့ အမျိုးသမီးများ

ရှင်းလင်းဖော်ပြချက်
ဆော်ဒီက အမျိုးသမီးတွေကို ယာဉ်မောင်းခွင့် ပိတ်တဲ့ ဥပဒေတွေကို အာရုံစိုက်ဖို့ ယူအက်စ်က ဆော်ဒီ ပန်းချီဆရာ ဂရပ်ဖစ်ဒီဇိုင်နာ အာရစ်ခန်းက “ကျမတို့ အမျိုးသမီးများ” ဆိုတဲ့ စည်းရုံးလှုံ့ဆော်မှုကို ဖန်တီးခဲ့တယ်။ စီမံကိန်းက အမျိုးသမီးတွေကို “မောင်းမလား မမောင်းဘူးလား” ဆိုတဲ့ မေးခွန်းတွေ ဖြေကြားစေပြီး စတစ်ကာတွေပေါ်မှာ ရေးသားကာ လူမြင်ကွင်းတွေမှာ လိုက်ကပ်ပါတယ်။ အာရစ်က ပါဝင်လှုပ်ရှားသူတွေကို စတစ်ကာတွေကို ဓာတ်ပုံ ရိုက်ဖို့ တောင်းဆိုပြီး ဓာတ်ပုံတွေကို စီမံကိန်း Flickr ဓာတ်ပုံတွဲနဲ့အတူ Facebook စာမျက်နှာမှာ တင်ထားပါတယ်။

အလွန်ဝေးတဲ့ နေရာတွေက အမည်မဖော်ပဲ ပူးပေါင်း လုပ်ဆောင်ခြင်းကြောင့် အာရစ်နဲ့ စီမံကိန်းအတွက် စတစ်ကာပို့ပေးသူ အမျိုးသမီးတွေဟာ အမျိုးသမီး ယာဉ်မောင်းခွင့်ပိတ်တဲ့ ဥပဒေကြောင့် နစ်နာနေတဲ့ ပြောရေးဆိုခွင့် မရှိသူ အမျိုးသမီး ပရိသတ်တွေနဲ့ ထိတွေ့လာနိုင်ကြတယ်။ အာရစ်က ‘လူတွေက စတစ်ကာတွေကို သူတို့ ကိုယ်ပိုင် Facebook သို့မဟုတ် Flicker ပေါ်မှာ မထားချင်ကြဘူး’ လို့ဆိုတယ်။ “လူတွေက အမည်မဖော်ပဲ ကျတော့်ဆီ အီးမေးလ် ပို့ချင်ကြပြီး ကျွန်တော်တို့ကပဲ စာမျက်နှာပေါ် တင်လိုက်တယ်။” ဒီစီမံကိန်းဟာ ဆော်ဒီအာရေးဗျနဲ့ ယူအက်စ်က သတင်းမီဒီယာများရဲ့ အာရုံစိုက်ခံခဲ့ရတယ်။

‘Facebook စာမျက်နှာပေါ်မှာ ပါဝင်သူတွေဟာ အမျိုးသမီးများ ယာဉ်မောင်းခြင်းကို ဆန့်ကျင်သူတွေ များပါတယ်’ ဟု အာရစ်က ပြောပါတယ်။ ‘အဖွဲ့အနေနဲ့ကတော့ တိုးတက်လိုက် ဆုတ်ယုတ်လိုက် ငြင်းခုံ ပြောဆိုလိုက်ပါပဲ။ အဆုံးသတ်ဖြစ်လာမှာတွေအတွက် ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်လို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုခဲ့တယ်။ ဒီကိစ္စဟာ လူ့အသိုင်းအ၀ိုင်းအနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး ကျတော့အထင် သို့မဟုတ် ကျတော် ဖြစ်ချင်နေတာက အဖြေမဟုတ်ဘူး။’ ဒီစီမံကိန်းအတွက် ဆော်ဒီအာရေးဗျမှာ အမျိုးသမီး ယာဉ်မောင်းခြင်းကို ဆန့်ကျင်တာအပေါ် မှတ်ချက် အများအပြားရပေမယ့်လည်း အာရစ်အမြင်ကတော့ ‘လူတော်တော်များများက အမျိုးသမီးတွေကို ဒီလို စီမံကိန်းတွေကတဆင့် ပြောရေးဆိုခွင့် ပေးလိုက်တဲ့အတွက် မကြာခင် ပြောင်းလဲလာမယ်လို့ ထင်ကြတယ်။’

 

အသုံးပြုခဲ့တဲ့ Tools များ -

Facebook, Flickr, Youtube. စတစ်ကာများကို Flickr မှ ဒေါင်းလုဒ် လုပ်ပြီး ပုံနှိပ်ခဲ့ပါတယ်။ ၀က်ဆိုဒ် တည်ဆောက်ဖို့ကတော့ HTML နဲ့ JavaScript ကို သုံးခဲ့ပါတယ်။
အောင်မြင်မှု အတိုင်းအတာ - စီမံကိန်း ပထမလအတွင်းမှာပဲ Facebook စာမျက်နှာပေါ်မှာ စတစ်ကာ ဒီဇိုင်း ၂၅ ခုနဲ့ အတူ လူပေါင်း ၂၀၀၀ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ ပေးပို့တဲ့ စတစ်ကာ အများစုကတော့ ဆော်ဒီအာရေဗျက ဖြစ်ပါတယ်။
အရင်းအမြစ်များ - စေတနာ့ ၀န်ထမ်းတဦးက စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်ပေးတယ်။ ဒေသတွင်း ပုံနှိပ်လုပ်ငန်းတခုက စီမံကိန်းအတွက် စတစ်ကာပေါင်း ၃၀၀၀ ကို အခမဲ့ လုပ်ပေးခဲ့တယ်။
ကြာချိန် - စီမံကိန်း ဆွဲရန်၊ ၀က်ဒီဇိုင်းအတွက် သင်တန်းပေးရန်နဲ့ ဆောင်ရွက်ရန် ကြာချိန်အားလုံးအတွက် ၇ လ။ စီမံကိန်းစပြီး ၂ ရက်အကြာမှာ ပထမဆုံး ပါဝင်ဆောင်ရွက်သူဆီက ဓာတ်ပုံပို့တယ်။

ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့်အနက် အဆင့် ၂

 

ကုန်ကျစရိတ် - ယူအက်စ်ဒေါ်လာ ၂၀၀၀ (web-hosting နဲ့ စတစ်ကာ ပုံနှိပ်ခြင်း)

 

ဆက်လေ့လာရန် Links များ -

နယူးယောက် Times ဘလော့ဂ် ရေးသားချက်

စတစ်ကာ ဓာတ်ပုံများ

နည်းဗျူဟာ ၄။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


ဘယ်သူမှ ဂရုမပြုဘူးလား

လူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေအကြောင်း ဇောင်းပေးပြောဆိုပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 832kb)

Women & Memory Forum image
ကာရံမဲ့ ဆူညံသံ

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • ကွန်ဂို ကလေးစစ်သားတွေရဲ့ ဘ၀အကြောင်း ဗွီဒီယိုထဲမှာ တူညီတဲ့ ဇာတ်ကြောင်းတွေကို မတူတဲ့ စည်းရုံးလှုံ့ဆော်ရေး နှစ်ခုမှာ သုံးခဲ့ကြတယ်။ တခုက ဒေသခံတွေ မျက်စိပွင့်ဖို ဖြစ်ပြီး နောက်တခုကတော့ တရားရုံးတွေကို လွှမ်းမိုးဖို့ ဖြစ်တယ်။ ပစ်မှတ် အမျိုးမျိုးရှိတဲ့ ပရိသတ်အတွက် မတူညီတဲ့ ဇာတ်လမ်း အဖြစ်အပျက်တွေ ပြောပြဖို့ စုဆောင်းထားတဲ့ ကုန်ကြမ်း ဖန်တီးနိုင်တဲ့ နည်းလမ်း စဉ်းစားပါ။
  • ကာရံမဲ့ ဆူညံသံ (Black Noise) အတွက် တဦးချင်းဆီက အဖြစ်အပျက်တွေကို စုဆောင်း၊ ဗီဒီယိုတွေကို ချဲ့ထွင်ပြုပြင်ပြီး ၀က်ဆိုဒ်တွေပေါ် လွှင့်တင်တာက ထိုအဖြစ်အပျက်ကို မျှဝေပေးသူတွေအတွက် ကူညီဝိုင်းဝန်းလိုစိတ်တွေ ပေါ်လာစေတယ်။ အတူ လုပ်ဆောင်တဲ့ လူတွေ သို့မဟုတ် ပတ်ဝန်းကျင်က လူတွေက အဖြစ်အပျက်ကို ပြန်ပြောပြဖို့ ဘယ်လို အားပေးအားမြှောက် လုပ်နိုင်မလဲ စဉ်းစားပါ။ တဦးနဲ့တဦး အမြဲ ဆက်သွယ် ချိတ်ဆက်နေဖို့ ဘယ်လို ထောက်ပံ့ပေးနိုင်မလဲ။
  • ကိုယ်တွေ့ ဇာတ်လမ်းတွေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လိုတာထက် ပိုပြီး လူသိစေနိုင်ပါတယ်။ ဒါကြောင့် သူတို့ အဖြစ်အပျက်တွေ ဝေမျှဖို့ တောင်းဆိုမယ် ဆိုရင် ဝေမျှသူရဲ့ ကိုယ်ရေးအချက်တွေကို ကာကွယ်ဖို့နဲ့ သူတို့ လုံခြုံရေးအတွက် တောင်းဆိုသူမှာ တာဝန်ရှိပါတယ်။ ကိုယ်တွေ့ဇာတ်လမ်းတွေ ပြောပြတဲ့အခါ တခြားတစုံတဦးကို ထိခိုက်စေနိုင်တာမျိုးတွေ ရှိတဲ့အတွက် ပြောပြသူနဲ့ အသေးစိတ်ဆွေးနွေးပါ။ သူတို့ကို ခြေရာမခံမိစေဖို့ သူတို့ အမည်၊ နေရပ်၊ ရုပ်ပုံနဲ့ အသံကို ဖယ်ထုတ်ပေးဖို့ လိုပါလိမ့်မယ်။
  • လူတွေကို သူတို့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေ ပြန်ပြောပြဖို့ လုပ်တာကိုက အလုပ်တမျိုး ဖြစ်နေတယ်။ ကွန်ဂိုက Ajedi Ka က ဗွီဒီယို မရိုက်ခင် လနဲ့ ချီပြီး ကလေးတွေ၊ စစ်သားတွေနဲ့ သိကျွမ်းဖို့ အချိန်ယူခဲ့တယ်။ ယုံကြည်မှု တည်ဆောက်ဖို့၊ လူတွေကို သူတို့ ဇာတ်လေးတွေ ပြောပြအောင် ဘယ်လိုလုပ်မယ် ဆိုတာ စဉ်းစားသင့်တယ်။
  • အွန်လိုင်းမှာ အဖြစ်အပျက် ဇာတ်ကြောင်း ပြောဆိုခြင်းဟာ အစုတဝေးထဲ ရှိစေဖို့အတွက် လှုပ်ရှားမှု ပုံစံတမျိုး ဖြစ်တယ်။ ဒါပေမဲ့ ပူးပေါင်း ပါဝင်သူတွေကို ဘာတွေ လုပ်ဖို့ တောင်းဆိုမလဲ။ သူတို့ ဒေသမှာ စည်းရုံးလှုံ့ဆော်ရေးကို ဦးဆောင်နိုင်မလား၊ အစပျိုးမှုကို မြှင့်တင်နိုင်မလား၊ အကြောင်းအရာ ဖန်တီးနိုင်မလား၊ သို့မဟုတ် ပရိသတ်ဆီက ဝေဖန်ချက်တွေကို ဆန်းစစ်နိုင်မလား။ ပရိသတ်ထဲမှာလည်း လုပ်ငန်းအတွက် အချိန် အကြံဉာဏ်တွေကို စေတနာနဲ့ ကူညီလိုသူတွေ ရှိနိုင်တယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • အဖြစ်အပျက်တွေ ပြန်မျှဝေဖို့ အသိုင်းအ၀ိုင်းထဲမှာ ကိုယ့်အခန်းကဏ္ဍက ဘာလဲ။ သူတို့အတွက် ကိုယ်က ဘယ်လောက် အရေးပါပြီး ကိုယ့်အပေါ်ဘယ်လို အမြင် ရှိကြသလဲ။
  • ကိုယ်တွေ့ အဖြစ်အပျက်တွေကို ဖွင့်ဟပြောလို့ ရလာမယ့် အကျိုးရလဒ်နဲ့ အန္တရာယ်က ဘာလဲ။
  • ရလာတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြန်မျှဝေရာမှာ ကန့်သတ်ချက်နဲ့ မျှဝေမှာလား ဥပမာ - ဆွေးနွေးပွဲတခု သို့မဟုတ် လူသိများအောင် နေရာအနှံ့ ပြန့်နိုင်တဲ့ အွန်လိုင်းမှာလား။
  • ဒီအဖြစ်အပျက်တွေကြား ရလာနိုင်တဲ့ လုံခြုံရေးထိခိုက်မှု၊ ကိုယ်ရေးကိုယ်တာ ထိခိုက်လာနိုင်မှုက ဘာတွေလဲ။
  • အချိန်ကိုက် ထုတ်ပြန်ထားတဲ့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်နိုင်တဲ့ အရေးကိစ္စများ ရှိသလား။
  • စုဆောင်းထားတဲ့ အဖြစ်အပျက် ဇာတ်လမ်းတွေဟာ ကွဲပြားတဲ့ ပရိသတ်တွေနဲ့ ဆီလျော်မလား။ ဥပမာ - မူဝါဒ ချမှတ်သူများရော၊ သာမန် လူ့အဖွဲ့အစည်းက လူတွေနဲ့ပါ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. အဖြစ်အပျက်တွေကို စကားလုံးနဲ့ သာမက ရုပ်ဝတ္ထုတွေနဲ့ပါ ပြောနိုင်တယ်။ Blank Noise က အမျိုးသမီးများ နှောင့်ယှက် စော်ကားခံရစဉ်က ၀တ်ထားခဲ့တဲ့ အ၀တ်အစား ဓာတ်ပုံတွေကို တင်ပြခဲ့ပြီး ဒီအ၀တ်အစားတွေကို ဆန္ဒပြပွဲတွေမှာလည်း သုံးခဲ့ကြတယ်။
  2. လူတွေရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို နာမည်မဖော်ပဲ ဖုန်းခေါ်ဆို မက်ဆေ့ခ်ျ ပို့တာတွေနဲ့ ပြောပြနိုင်တယ်။ ဒီနည်းနဲ့ ဇာတ်လမ်းတွေကို ဖုန်းတွေက တဆင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဆီ သို့မဟုတ် ဖုန်းက တိုက်ရိုက် ၀က်ဆိုဒ်တွေပေါ် တင်ပို့ပြီး မျှဝေနိုင်တယ်။
  3. နာမည်တပ်ခြင်း (Tagging) သို့မဟုတ် အွန်လိုင်းပေါ်ရှိ အကြောင်းအရာ တခုကို သော့ချက်စကား တလုံးနဲ့ တံဆိပ်တပ်ခြင်းက ၀က်ဆိုဒ်တွေပေါ်မှာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်း/အဖြစ်အပျက် အများအပြားကို စုစည်းနိုင်တယ်။ လူတွေကို ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ ဘလော့ပေါ်က ပို့စ်တွေကို မတူတဲ့ ၀က်ဆိုဒ်တွေပေါ် တင်တဲ့အခါ တူညီတဲ့ ထူးခြားတဲ့ tag လုပ်နည်းကို သုံးဖို့ တောင်းဆိုနိုင်တယ်။ ၀က်ဆိုဒ်ပေါ်မှာလည်း ဇာတ်လမ်း အားလုံးကို ဒီ tag နဲ့ပဲ ပြသနိုင်တယ်။
  4. ပိုရှည်တဲ့ ဗွီဒီယိုတခု လုပ်ဖို့ ဒေသအသီးသီးက လူအချင်းအချင်း ဓာတ်ပုံ အတွဲလိုက် သို့ ဗွီဒီယို အတိုတခုကို ဝေမျှ ပံ့ပိုးနိုင်တယ်။ ဒီနည်းလမ်းက ဗွီဒီယို ဘယ်လို တည်းဖြတ်ရမလဲ မသိသူများ သို့မဟုတ် တေးဂီတ မထည့်တတ်သူများနဲ့ အဝေးက ပူးပေါင်း ဆောင်ရွက်လိုသူများအတွက် အထောက်အကူ ဖြစ်စေတယ်။
  5. ဗွီဒီယိုထဲ ပါဝင်သူတွေ မျက်နှာတွေကို ဖော်ပြဖို့ မသင့်တော်ရင် ကာတွန်းပုံ သို့မဟုတ် ကိုယ်စား အရုပ်တွေကို သုံးနိုင်တယ်။ အသုံးပြုချက်တွေက ဗွီဒီယိုနဲ့ သင့်တော်ရင် လူတွေပဲလို့တောင် ခံစားရနိုင်တယ်။