နည်းဗျူဟာ ၅ - ပြဿနာ ဆန်းစစ်ချက်


ပြုံးချင်စရာလုပ်ပါ

ဟာသထည့်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 672kb)

Belarus flash mobs image
 

ပြဿနာ ဆန်းစစ်ချက်

ခေါင်းစဉ် -
ပါဝင်သူများ
-
နေရာ -
ဝက်ဆိုဒ် -
ဘယ်လာရပ်စ်က Flash mobs (လျှပ်တပြတ် လူအစုအဝေး)
ဘာလာရပ်စ် တိုက်တွန်းနှိုးဆော်သူများ
ဘယ်လာရပ်ရှိ ပြည်သူ့ရင်ပြင်များ၊ ၂၀၀၆ ခုနှစ်
ဘယ်လာရပ်စ်က လျှပ်တပြတ် လူအစုအဝေး

ရှင်းလင်းဖော်ပြချက်
၂၀၀၆ ဘယ်လာရပ်စ် သမ္မတ ရွေးကောက်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ တိုက်တွန်းနှိုးဆော်သူများက သမ္မတ လူကာရှင်ကို ၀င်အရွေးခံမှုကို ဆန့်ကျင်ရန် အင်တာနက် သုံးပြီး လူစုပွဲများ စီစဉ်ခဲ့ပါတယ်။ သူတို့ စီစဉ်ခဲ့တဲ့ လူစုပွဲများက “Flash Mobs” များ ဖြစ်ခဲ့ပါတယ်။ Flash Mobs ဆိုတာ အကြမ်းဖျဉ်း ဖြစ်တယ်၊ ပြီးတော့ လက်ငင်းအချိန်တို အတွင်းမှာပဲ အများပိုင်နေရာများမှာ များပြားတဲ့ လူများစုမိပြီး လူစုမကွဲခင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ကြခြင်း ဖြစ်တယ်။ ဒီ“Flash Mobs” တွေဟာ များသောအားဖြင့် ၀က်ဆိုဒ်များ၊ ဘလော့ဂ်များ၊ SMSများ နဲ့ အွန်လိုင်းစကားပြော ကဏ္ဍများပေါ်မှာ မဖြစ်ခင် တရက်၊ နှစ်ရက်အတွင်းမှာပဲ စီစဉ်ကြပါတယ်။ ဘယ်လာရပ်တွင် အစိုးရ ခွင့်ပြုချက်မရတဲ့ အဖွဲ့များ လှုပ်ရှားမှုကို တားမြစ်မှုများကြောင့် သူတို့မှာ ထူးခြားတဲ့ အချက်ပေးမှုများ ရှိပါတယ်။ Flash Mob တခုမှာဆိုရင် လူ ၄၀ ၅၀ လောက်က ပြည်သူ့ရင်ပြင်ထဲကို ရေခဲမုန့်တွေ စားပြီး ၀င်လာကြတယ်။ ဒါဟာ လူစုလူဝေး လုပ်ခွင့်ကို တားမြစ်ထားတာကို အာရုံရောက်အောင် ဟာသစွက် ဆွဲဆောင်ခြင်း တမျိုးပဲ ဖြစ်တယ်။ လူငယ်တွေ ဘာမှမလုပ်ပဲ အတူတူ ရေခဲမုန့်စားတာတောင် အချို့ အဖမ်းခံခဲ့ရပါတယ်။ အချို့ လူတွေက ဖမ်းဆီးတာတွေကို ဓာတ်ပုံ ရိုက်ယူပြီး ဓာတ်ပုံတွေ LiveJournal နဲ့ အခြားဝက်ဆိုဒ်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပါတယ်။ Flash Mob အနေနဲ့လည်း နိုင်ငံတကာက မီဒီယာအာရုံကို သိသိသာသာရခဲ့တယ်။ ဘယ်လာရပ်စ် ဂျာနယ်လစ် ဘလော့ဂါ ဇန်ရာမန့်စီဗစ် ပြောကြားချက်က “ဒီ Flash Mob ရဲ့ ရလဒ်က အာဏာပိုင်တွေဟာ ရေခဲမုန့်စားသူတွေကိုတောင် ဖမ်းနိုင်တယ်ဆိုပြီး သူတို့ရဲ့ ညံ့ဖျင်းရက်စက်မှုကို လူအများအပြား တွေ့သွားတာပါပဲ။ လူတွေလည်း ငါတို့ လူမှုအသိုင်းအ၀န်းထဲမှာ တခုခုတော့ မှားနေပြီ ဆိုတာ သိသွားပါတယ်။”

 

အသုံးပြုခဲ့တဲ့ Tool များ -

LiveJournal ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စာမျက်နှာ ၂ မျိုးလုံး။ ICQ (ချက်တင်စကားပြော ပရိုဂရမ်)။ မိုဘိုင်းဖုန်းများပေါ်မှ စာသားမက်ဆေ့ခ်ျများ။
လက်လှမ်းမီမှု အတိုင်းအတာ - လူ ၁၀၀-၂၀၀ လောက်ရှိတဲ့ တက်ရောက်သူ အများဆုံး Flash Mob ၂၀၀၆ ရွေးကောက်ပွဲအတွက် တုံ့ပြန်ချက်အနေနဲ့ Flash Mob ၁၂ ခု။ ပါဝင်သူအများစုက မင့်ခ်စ် မြို့တော်(Minsk) က ဖြစ်တယ်။
အရင်းအမြစ်များ - စုဝေး ရောက်ရှိလာသော လူများအတွက် အင်တာနက် လက်ခံရရှိမှုနဲ့ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုများ။
ကြာချိန် - မည်သည့်နေရာမှ မဆို လျှပ်တပြက် လူအစုအဝေး (Flash Mob) အတွက် လူတွေကို စီစဉ်စုဆောင်းဖို့ အချိန်နာရီ အနည်းငယ် ရက်အနည်းငယ်ပဲ လိုပါတယ်။ လူစုရန် ကြေညာဖို့ အချိန်အကြာကြီးယူရင် အာဏာပိုင်တွေ သိသွားနိုင်တဲ့အတွက် အဲ့ဒီထက်တော့ ပိုကြာလို့ မဖြစ်ပါဘူး။

ခက်ခဲမှုအဆင့် - အဆင့် ၁

 

ကုန်ကျစရိတ် - အခမဲ့၊ ဒါပေမဲ့ SMS က တဆင့် စာသားမက်ဆေ့ခ်ျ ပို့တာအတွက် ပိုက်ဆံနည်းနည်း ကုန်နိုင်ပါတယ်။

 

ဆက်လေ့လာရန် Links များ -

ဘလော့ဂ်များနဲ့ ဓာတ်ပုံများ -

ဆောင်းပါးများ

နဲ့ တခြား လေ့လာစရာများ