နည်းဗျူဟာ ၅။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


ပြုံးချင်စရာ လုပ်ပါ

ဟာသ ထည့်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf 672kb)

Egyptian Poster Campaign image
WWW.TANTAWY.TK

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • Lunet လှုပ်ရှားမှုတွေမှာ မည်သူ တဦးတယောက် သို့မဟုတ် အဖွဲ့အစည်းကမှ ထိန်းချုပ်နေတာ မဟုတ်ပါဘူး။ ဒီနည်းလမ်းက ပျက်ရယ်ပြု သရော်တဲ့ ပုံရိပ်တွေနှင့် ၀ဘ်ဆိုဒ်တွေကို မျှဝေရင်း ပါဝင်လှုပ်ရှားလာသူ ဦးရေ များလာစေတယ်။ နောက်ပြီး ပုံဖန်တီးမှုကို တသမတ်ထဲ မရှိအောင် ထားပြီး အာဏာကြီးသူတွေကို သရော် လှောင်ပြောင်လို့ ရလာနိုင်တဲ့ အန္တရာယ်တွေကို ငြီးငွေ့မသွားစေနိုင်တော့ပါဘူး။
  • ဒီလို စိတ်အပန်းဖြေတဲ့ ကာရာအိုကေ၊ အရက်ဘားလို နေရာမျိုးတွေမှာ ဖြန့်ဝေနိုင်တဲ့ ယခုလို သတင်းအချက်အလက်မျိုးဟာ အရေးကိစ္စ တခုမှာ ပတ်သက်ရမှာ ကြောက်တဲ့ လူတွေရဲ့ စိတ်ကို လျော့နည်းစေပါတယ်။ အွန်လိုင်းပေါ်မှာလည်း လူတွေ ယခုလိုပဲ ကြောက်စိတ် နည်းသွားတတ်တာမျိုးတွေ ရှိပါတယ်။
  • လူတွေ တယောက်နဲ့ တယောက် အကျွမ်းတ၀င် ရှိပြီး ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်များ ရှိခြင်းဟာ အစွမ်းထက်တဲ့ လှုံ့ဆော်ရေးတမျိုး ဖြစ်နိုင်ပါတယ်။ သမ္မတ မူဘာရက်ကို ရုပ်ရှင် ပိုစတာတွေနဲ့ ဖြတ်ညှပ်ကပ်တာ သို့မဟုတ် သမ္မတ လူကာရှင်ကို အတွက် အင်တာနက် စတာတွေရဲ့ တစိတ်တဒေသ အနေနဲ့ လူတွေဟာ သူတို့ရဲ့ လူမှုဆက်ဆံရေး ကွန်ယက်တွေပေါ်က သူတို့ ပရိုဖိုင်တွေ၊ ဘလော့တွေ၊ ဓာတ်ပုံဝေတဲ့ ၀က်ဆိုဒ်တွေမှာ ဝေဖန်ချက်ပေးနိုင်ပြီး အသစ် တင်လိုက်တိုင်း ပုံကို အကောင်းဘက်ကနေလည်း မှတ်ချက်ပေးနိုင်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • စည်းရုံးရေးရဲ့ အစိတ်အပိုင်း အနေနဲ့ လူတွေကို ပုံရိပ်များ၊ ဗီဒီယိုများ၊ ကာတွန်းတွေ လုပ်ဖို့ တောင်းဆိုမလား။ ဒါတွေကို အွန်လိုင်းမှာ ဝေမှာလား။ ဒီလိုလုပ်လို့ လူတွေရဲ့ အမည်မဖော်လိုမှုကို ထိခိုက်မလား။
  • သရော်လှောင်ပြောင်တဲ့ စာသား၊ (သို့) ဂီတ များဖြင့် ပြုလုပ်တဲ့ စည်းရုံးလှုံ့ဆော်ရေးများရဲ့ တစိတ်တဒေသ အဖြစ် လူတွေအသုံးပြုတဲ့ ပုံရိပ်တွေနဲ့ ဗွီဒီယိုတွေကို ခြေရာကောက်ဖို့ ခက်ခဲနိုင်ပါတယ်။ လူတွေရဲ့ ဝေမျှမှုတွေကို ဘယ်လိုစုဆောင်းမလဲ။
  • သတင်းပေးချက်တွေ အရေးကိစ္စမှာ ပါဝင်သူတွေကို လေးစားမှုပေးခြင်းနဲ့ သုံးထားတဲ့ သရော်စာတွေကို ဘယ်လိုချိန်ညှိပေးမလဲ။ လူတွေရဲ့ ယုံကြည်ကိုးစားခံရတုန်း တပြိုင်ထဲမှာပဲ ဘယ်လောက်ထိ ဟာသလုပ်နိုင်မလဲ။
  • အစိုးရကို ရှုတ်ချဝေဖန်နေသူတွေနဲ့ အလုပ်လုပ်နေတဲ့ ဒေသတွင်းမှာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနေသလား။
  • လှုပ်ရှားမှုနဲ့ စည်းရုံးလှုံ့ဆော်ရေးကို လူသိအောင် ပြုလုပ်တဲ့နေရာမှာ မီဒီယာကို တိုက်ရိုက် ချဉ်းကပ်မလား။
  • သမာရိုးကျ စည်းရုံးလှုံ့ဆော်ရေး လုပ်နေတဲ့ အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ အလိုက်အလျောက် ဖြစ်လာတဲ့ စည်းရုံးလှုံ့ဆော်ရေးများ (သို့) စာသား၊ ဂီတ စတာတွေ ပါဝင်တဲ့ စည်းရုံးလှုံ့ဆော်ရေးကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိသလဲ။ ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသင့်သလား။
  • လှုပ်ရှားမှုမှာ လူတွေကို အများပိုင်နေရာများတွင် စုစည်းဖို့ဆိုရင် ဒီစုဝေးမှုတွေကို ဘယ်လို မှတ်တမ်းတင်မလဲ။ ဒီအကြောင်းအရာတွေကို ဘယ်နေရာမှာ တင်မလဲ (သို့) ကြေညာမလဲ။
  • အွန်လိုင်းပေါ်က ပုံရိပ်များ၊ ဗီဒီယိုများထဲမှ လူတွေရဲ့ ဖော်ပြချက်တွေနဲ့ အော့ဖ်လိုင်း လှုပ်ရှားမှုများ ကြားက ကွက်လပ်ကို ဘယ်လိုဆက်စပ်မလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. မြန်မြန်ဆန်ဆန် လှုပ်ရှားမှု တခုကို စီစဉ် ညွှန်ကြားရန် Twitter သို့မဟုတ် အခြား ၀န်ဆောင်မှုတခုခုနဲ့ မက်ဆေ့ခ်ျပို့ မရတော့ဘူး ဆိုရင် (သို့) ဆက်သွယ်ရေး လမ်းကြောင်းကို ပိုပြီး နှစ်ကိုယ်ကြား ဖြစ်စေချင်ရင် မက်ဆေ့ခ်ျတွေကို ထောက်ခံသူများရဲ့ မိုဘိုင်းဖုန်းကို တိုက်ရိုက် ပို့ပါ။ အများပိုင် ပြန်ကြားရေး အဆောက်အအုံများရှေ့မှာ နာရီပိုင်းအတွင်း အသိပေးချက်တွေနဲ့အတူ သူတို့ စည်းရုံးလှုံ့ဆော်ရေးရဲ့ သင်္ကေတ အနီရောင် ထီးဖွင့်ပြီး လျှပ်တပြက် လူစုဖို့ လိင်လုပ်သားတွေက ဒီနည်းကို သုံးခဲ့ပါတယ်။
  2. သင့်ရဲ့ လူထုတက်ကြွ လှုပ်ရှားမှုကို မှတ်တမ်းတင်ထားရန် ကြိုတင်စီစဉ်ပြီး အွန်လိုင်း ဗွီဒီယိုအဖြစ် မျှဝေပါ။ တက်ကြွလှုပ်ရှားမှု ကူးစက်ရောဂါလို ပျံနှံ့တတ်တဲ့ ဗွီဒီယိုတွေကို ဘယ်လို တင်ဆက်မယ် ဆိုတာ ကြိုစဉ်းစားထားရင် - ဥပမာ၊ ကြိုတင် စီစဉ်မထားတဲ့ အဖွဲ့လိုက် အကများ၊ (သို့) သရော် လှောင်ပြောင်တဲ့ သတင်းစာ ရှင်းလင်းပွဲများကို ထောက်ခံသူများနဲ့ အခွင့်အရေး အဖွဲ့အစည်းတွေသာ သိအောင် ကြေညာတာထက် အွန်လိုင်းမှာ ပိုမြန်မြန် ပျံ့ပါတယ်။
  3. မိုဘိုင်းဖုန်း Ringtone တွေ သုံးပြီးလည်း သတင်းစကား ဖြန့်ဖြူးလို့ ရပါတယ်။ ဖိလစ်ပိုင်မှာ ၂၀၀၄ ရွေးကောက်ပွဲ အတွင်း စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအဖွဲ့ တဖွဲ့က သမ္မတရဲ့ မဲမသမာမှုတွေ အကြောင်း ပြောဆိုထားတဲ့ ဖုန်းစကားပြောတွေကို ဂီတနဲ့ ပေါင်းစပ် ရောမွှေပြီး ringtone သုံးဖို့ ဆောင်ရွက်ခဲ့ခြင်းက မဲမသမာမှုများအကြောင်း သက်သေပြချက်လို ဖြစ်ခဲ့ပါတယ်။ ဒီ ringtone ဟာ ကမ္ဘာ့ ဒေါင်းလုဒ် လုပ်ခံရဆုံး rintone ဖြစ်သွားခဲ့ပါတယ်။ ဒီအဖွဲ့က မူလ စကားသံတွေကို ပံ့ပိုးပေးခဲ့ပြီး လူတွေကို ကိုယ်ပိုင် remix လုပ်ဖို့ အားပေးခဲ့ပါတယ်။
  4. စည်းရုံးလှုံ့ဆော်ရေးအတွက် ဘလော့ဂ်တွေနဲ့ လူမှု ဆက်ဆံရေး ၀ဘ်ဆိုဒ်တွေမှာ သုံးပြီးသား ရောနှော ဖန်တီးထားတဲ့ သို့မဟုတ် လှောင်ပြောင်ထားတဲ့ ပုံရိပ်တွေကို အဆင်ပြေအောင် ပြန်ပြင်ပြီး လမ်းဘေး ပန်းချီများ၊ ပိုစတာများနဲ့ လက်ကမ်းကြော်ငြာ အသေးစားလေးများ ဖန်တီးနိုင်ပါတယ်။
  5. LuNet လို ပြောင်လှောင် ပြက်ရယ်ပြုတဲ့ ၀က်ဆိုဒ်တွေ ဖန်တီးပုံက ဆင်ဆာဖြတ်တာတွေ ပြည့်နေတဲ့ မီဒီယာအကြောင်း ဝေဖန် သရော်တဲ့ သတင်းတွေ ထုတ်နိုင်ပါတယ်။ ဒါ့အပြင် လက်တွေ့ကျတဲ့ သတင်တွေနဲ့ အချက်အလက်တွေကိုလည်း အလိမ္မာနည်း (သို့) အံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းတွေနဲ့ ပေးနိုင်ပါတယ်။