ဟာသ ထည့်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf 672kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ ကိုယ်ပိုင်ဖုန်း ringtone ကို ပေါင်းစပ် ဖန်တီးခြင်းနဲ့ လူအများ သတိထားမိအောင် ဟာသသုံးခြင်း နိုင်ငံရေးသမားများ၊ လူသိများတဲ့ ပုံရိပ်များရဲ့ မှတ်ချက်များဆီကို လူအများရဲ့ အာရုံ ဆွဲဆောင်ချင်တယ် ဆိုရင် မှတ်ချက်တွေကို ရေဒီယို (သို့) တီဗွီထုတ်လွှင့်မှုတွေက ရယူတည်းဖြတ်နိုင်ပြီး ဂီတ အပိုင်းအစများနဲ့ ပေါင်းစပ်ပြီး ကိုယ်ပိုင် ringtone လုပ်ယူပါ။ Audacity ဆိုတဲ့ ဆော့ဖ်ဝဲက ဒါတွေ လုပ်ဆောင်နိုင်ရန် ကူညီတဲ့ အခမဲ့၊ open source ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲက သုံးစွဲရန် လွယ်ကူပြီး အသံဖမ်းချက်တွေနဲ့ အသံသစ်များ ပေါင်းစပ်ခြင်းကို အတူလုပ်နိုင်ပါတယ်။ ringtone လုပ်တဲ့ အသေးစိတ် ညွှန်ကြားချက်တွေကို သိချင်ရင် Audacity Wiki ကို သွားကြည့်နိုင်ပါတယ်။ ringtone တွေကို ၀က်ဆိုဒ်ပေါ်နဲ့ phonezoo လိုလူသိများတဲ့ ringtone ဝေတဲ့ ၀က်ဆိုဒ်တွေပေါ် ပို့ပြီး ပိုပျံ့အောင်လုပ်နိုင်ပါတယ်။ |
သိကောင်းစရာများ open source developer နဲ့ နည်းပညာရှင် အာလာ က ဟာသနဲ့ ကူးစက် ပျံ့ပွားလွယ်တဲ့ သတင်းစကားများ အပေါ် ပြောကြားချက် - "ကျနော်တို့ အီဂျစ်ဟာ အာဏာရှင်အောက် ကျနေခဲ့တာ ၂၅ နှစ် ရှိပါပြီ။ သမ္မတအကြောင်း ဟာသ တခုရရင် ကျနော့် သူငယ်ချင်း ၁၀ ယောက်လောက်ဆီကို ပို့ပါမယ်။ သူတို့ကနေ သူတို့ သူငယ်ချင်းတွေဆီ ရောက်သွားနိုင်ပြီး လမ်းမှာတင် လိုတိုးပိုလျှော့လေးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးလို ပျံ့ပွားနိုင်ပြီး အလွန်မြန်ဆန်ပါတယ်။"
ဘယ်လာရပ်စ် တိုက်တွန်း လှုံ့ဆော်သူများက အင်တာနက် အကန့်အသတ်များအပေါ် - "ဘယ်လာရပ်စ်က လျှပ်တပြက် လူစုခြင်းဟာ နယ်တိုင်းမှာ လူသိမများခဲ့ပါဘူး။ အကြောင်းကတော့ အွန်လိုင်းပေါ်က တက်ကြွလှုပ်ရှားတဲ့ အသိုင်းအ၀န်းပေါ် မှီခိုခဲ့လို့ပါ။ ဒါ့ပြင် အင်တာနက်သုံး ထိုးဖောက်ခြင်းက ပြင်ပလောက လှုပ်ရှားမှုတွေလောက် အဲဒိကာလက မပြင်းထန်ခဲ့ပါဘူး။ ဒါပေမဲ့ သစ်လွင်ဆန်းသစ်တဲ့ အတွေးအခေါ်တွေကြောင့် အရေးကြီးခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှု (သို့) တိုင်းရေးပြည်ရေး လှုပ်ရှားမှုတွေမှာ မပါသလောက် ဖြစ်နေတဲ့ လူငယ်တွေကို တစုတစည်းထဲ ဖြစ်စေခဲ့ပါတယ်။"
Open source developer နည်းပညာရှင် အာလားက စိန်ခေါ်မှု ပုံစံများရဲ့ အင်အားအပေါ် - "တက်ကြွ လှုပ်ရှားခြင်းဟာ သေချာ တိကျတဲ့ လူမှုအသိုင်းအ၀ိုင်း (သို့) သေချာတိကျတဲ့ အရေးကိစ္စကို ဖြန့်ဖြူးနိုင်တဲ့ အင်အား ဘယ်လောက်ရှိသလဲ ဆိုတာကို စိန်ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဟာသလုပ်ခြင်းဟာ တက်ကြွလှုပ်ရှားမှုများအတွက် အမြဲနီးပါး ကောင်းတဲ့ နည်းလမ်းပဲ ဖြစ်တယ်။ အကြောင်းကတော့ ဒါဟာ အာဏာရဲ့ အပေါ်ယံ အသွင်ကို သူ့လစ်ဟာချက်တွေ ထောက်ပြရင်း ဖြိုခွင်းဖို့ အစွမ်းထက်ဆုံး နည်းလမ်း ဖြစ်လို့ပါပဲ။" |