နည်းဗျူဟာ ၂ - ဗွီဒီယို


တစုံတယောက်က စောင့်ကြည့်နေခြင်း

မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖြစ်လျှင်ဖြစ်ချင်း မှတ်တမ်းတင်ဖို့ အခွင့်အာဏာ ရှိတယ် ဆိုတာ လူတွေ သေချာသိအောင် လုပ်တဲ့နေရာမှာ ဒီနည်းက နည်းကောင်းတခု ဖြစ်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

The Targuist Sniper photograph


  • စနိုက်ပါ (Sniper) တာဂူးရစ် (Targuist)

မော်ရိုကိုမှ အမည်မသိ တိုက်တွန်းလှုံ့ဆော်သူ

မော်ရိုကိုမှာ ရဲအရာရှိတွေက ယာဉ်မောင်းသူတွေထံက မကြာခဏ လာဘ်ငွေ တောင်းနေကြတာကို လှုံ့ဆော်သူ တဦးက ဗွီဒီယို ရိုက်ကူးပြီး ယူကျူမှာ လွှင့်တင်လိုက်တဲ့အခါ ဒီဗီဒီယိုဟာ ထောင် သောင်းနဲ့ချီတဲ့လူတွေ ကြည့်တာခံရပါတယ်။ အစိုးရအနေနဲ့ ဒီလာဘ်စားတဲ့ ရဲတွေကို အရေးယူနိုင်ရုံသာမက “စနိုက်ပါ တာဂူရစ်” ရဲ့ ဥပမာကို ယူပြီး နောက်ပိုင်းမှာ ဒီလို လာဘ်စားတဲ့ ရဲတွေကို နှိမ်နင်းဖို့ ဗွီဒီယိုကင်မရာတွေ တပ်ဆင်ခဲ့ပါတယ်။  

 

သုံးစွဲခဲ့တဲ့ Tool များ: ဗွီဒီယိုကင်မရာ၊ ဗွီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ၊ Youtube ၊ ဘလော့ဂ်များ  

 

ဆက်လက်လေ့လာရန် Links များ -
ချောင်းမြောင်း ရိုက်ကူးသူရဲ့ Youtube ဗွီဒီယိုများ
မင်နာဆတ်ရဲ့ ဘလော့ဂ်


Racoles' photograph RACOLES' (FLICKR)

  • ရွှေဝါရောင် တော်လှန်ရေး

မြန်မာပြည်မှ ဘလော့ဂါများနဲ့ လှုံ့ဆော်သူများ
လှုံ့ဆော်သူတွေဟာ ဘလော့ဂ်တွေကို သုံးပြီး စစ်အစိုးရ တားမြစ်ပိတ်ပင်ထားတဲ့ သတင်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တကမ္ဘာလုံးသိဖို့ ဖြန့်ပေးခဲ့တယ်။ ဘလော့ဂါတွေဟာ အကျပ်အတည်း ဆိုက်နေတဲ့ အဖြစ်အပျက် ၂ ခုက သတင်းတွေကို ဈေးပေါတဲ့ ဒစ်ဂျစ်တယ် ကင်မရာ၊ မိုဘိုင်းဖုန်း ကင်မရာတွေသုံးပြီးရိုက်ခဲ့တဲ့ ရုတ်တရက် လောင်စာဆီ ဈေးနှုန်းတိုးမြင့်မှုကို ကန့်ကွက်တဲ့ ပြည်သူ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ဓာတ်ပုံတွေကို ဖြန့်ချိခဲ့တယ်။ ပြည်သူတွေ ကြည်ညိုတဲ့ သံဃာတွေနဲ့ သီလရှင်ဆရာလေးတွေ လမ်းမတွေပေါ် ကြွလာတဲ့ အဖြစ်အပျက်ဟာ အွန်လိုင်းမှာ အင်မတန် ရေပန်းစားခဲ့ပြီး မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တကမ္ဘာလုံးက သိခဲ့ရတယ်။ 

 

သုံးစွဲခဲ့တဲ့ Tool များ - ဘလော့ဂ်များ၊ သတင်းတင်ပို့ချက်များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ လက်ကိုင်ဖုန်းများနဲ့ ဓာတ်ပုံများ။ 

 

ဆက်လက်လေ့လာရန် Links များ -
မြန်မာ ဘလော့ဂါများ ကွန်ရက် နဲ့ လူထု မီဒီယာ အသံမှ ဘလော့ဂ်၊ ရုပ်ပုံများ၊ ဗွီဒီယိုများ။

‹  နည်းဗျူဟာ - ၁ - ပြဿနာ ဆန်းစစ်ချက်များ

နည်းဗျူဟာ ၂ - ပြဿနာ ဆန်းစစ်ချက်


တစုံတယောက်က စောင့်ကြည့်နေခြင်း

မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 1mb)

Remembering Neda image
ABCNT WWW.ABCNT.INFO

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
ပါဝင်သူများ
-
နေရာ -
ဝဘ်ဆိုဒ် -
နီဒါ (Neda) အမှတ်တရ
အီရန်မှ လှုံ့ဆော်သူများ
တီဟီရန်
နီဒါ အာဂျာ-ဆိုတန် သေဆုံးမှု အကြောင်း ၀ီကီပီးဒီးယား စာမျက်နှာ

ရှင်းလင်းဖော်ပြချက်များ
၂၀၀၉ ဇွန်လအတွင်းမှာ ဖြစ်ခဲ့တဲ့ အီရန် ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုအတွင်း သေဆုံးခဲ့ရတဲ့ နီဒါး အက်ဟာ-ဆိုတန် (Neda Agha-Soltan) အမှုကို ရိုက်ထားတဲ့ ဗွီဒီယို အပိုင်းအစလေး နှစ်ခုက တစ်ကမ္ဘာလုံးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဗီဒီယိုတခုဟာဆိုရင် အမည်မသိသူ တယောက်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး အခြားထောက်ပံ့သူတွေကို အီးမေးလ်ပို့ရာကတဆင့် Facebook ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ ဒီ Facebook ပေါ်က ဗီဒီယိုပေါ်မှာပဲ နီဒါးရဲ့ အသက်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့သူ ဆရာဝန်တဦးပါ ပါဝင်နေပြီး သူက အဖြစ်အပျက်နှင့် သူပါဝင်ခဲ့တဲ နေရာရဲ့ အကြောင်းကို မှတ်ချက်ဝင်ပေးသွားပါတယ်။ ဒီဗွီဒီယိုကို ကွန်ယက်ပေါ် တိုက်ရိုက်တင်လိုက်တာထက် အီးမေးလ်တွေဆီကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ရတာကတော့ ဗီဒီယို ရိုက်ကူးသူကို အကာအကွယ် ပေးဖို့ပါပဲ။ ဒါ့အပြင် ရွေးကောက်ပွဲအပြီး ပိုမိုတင်းကြပ်လာတဲ့ အင်တာနက် စိစစ်ရေးကို ရှောင်ရှားရန်အတွက်လဲ ဖြစ်ပါတယ်။ သတင်းသမားတွေဟာ ဒီဗီဒီယိုကို အီးမေးလ်များ၊ လူမှုဆက်ဆံရေး ကွန်ယက်များကတဆင့် သတိထားမိသွားပါတယ်။ ဒါ့အပြင် နာဒါးသေဆုံးမှု ဒုတိယ သက်သေခံ ဗွီဒီယိုအင်တာနက်ပေါ် လွှင့်တင်ပြီး နာရီပိုင်းအတွင်းမှာပဲ CNN မှာ ပေါ်လာခဲ့ပြီးနောက် Youtube မှာ ကူးယူတင်ပြခံရပါတယ်။ ဒီဗီဒီယိုကို Twitter ပေါ်လွှင့်တင်လိုက်တဲ့ အခါမှာတော့ ကြည့်ရှုသူ လူပေါင်းများစွာ ရှိလာခဲ့ပြီး အီရန်မှာ နောက်ဆုံးဖြစ်နေတဲ့ သတင်းတွေကိုလဲ လွှင့်တင်ပေးနိုင်ခဲ့တယ်။ ဒီဗွီဒီယိုဟာ လွှင့်ပြီးပြီးချင်း အလျင်အမြန်ပဲ ပျံ့နှံ့ခဲ့လို့ ဒီလို မတည်းဖြတ်ပဲ လွှင့်တင်လိုက်တဲ့ ဗွီဒီယိုတွေရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဂယက်ရိုက်ခတ်မှုကို စဉ်းစားသုံးသပ်ချိန် နည်းနည်းပဲ ရခဲ့ပါတယ်။

WITNESS မှာ ရေးသားခြင်းနှင့် ပတ်သတ်ပြီး ပရက်စီလာ နရီ (Priscila Neri) ပြောကြားချက်ကတော့ “ပြည်သူတွေ၊ လှုပ်ရှားသူတွေနှင့် လူသားအားလုံးတို့၊ အီရန်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိအောင် ထုတ်ဖော်ပြရန်ကလဲ အရေးကြီးသလို သေဆုံးသွားသူ နီဒါးရဲ့ ဂုဏ်သရေကို လေးစားဖို့နဲ့ ဒီလိုအဖြစ်ဆိုးပြီးနဲ့ ကြုံရတဲ့ ကျန်ရစ်သူ မိသားစုရဲ့ ပူဆွေးသောက၊ ဒါတွေကို
မျှတမှု ရှိအောင် ကျမတို့ ဘယ်လို လုပ်ဆောင်ကြမလဲ။ ဒီဗွီဒီယိုကို လက်ခံကြည့်ရှုတဲ့အခါ ကျွနိုပ်တို့ရဲ့ တာဝန်က ဘာလဲ။ ပြန်လည်ဖော်ပြဖို့ လိုမလား။ ကျမတို့ သိသမျှ လူတွေဆီကို ဆက်ပို့ပေးပြီး သူတို့ကို ဒါတွေကြည့်ဖို့ အားပေးမလား။” လူတွေအနေနဲ့ မိုဘိုင်းဖုန်းနှင့် ဒစ်ဂျစ်တယ် ကင်မရာတွေကို အသုံးပြုပြီး မျက်မြင်ကိုယ်တွေ့ သတင်းပို့ချက်တွေနဲ့အတူ လှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ နေရာများမှနေ ချက်ချင်း သတင်းပေးပို့နိုင်မှု့ စွမ်းရည်တွေ တိုးတတ်လာနေတဲ့ အချိန်မှာ အထူးသဖြင့် အပြောင်းအလဲများပြီး ဖိအားများနေတဲ့ အခိုက်အတန့်မျိုးမှာ တိကျသေချာပြီး နည်းဗျူဟာကျစွာနှင့် ထုတ်ပြန်ဖို့ ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတာကို နီဒါးရဲ့ ဗွီဒီယို အပိုင်းအစလေးက စိန်ခေါ်နေပါတယ်။ အီရန်မှာ လှုံ့ဆော်သူတွေနှင့် ဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းမှု့တွေကြောင့် ဗွီဒီယို ခေရာလက်ရာတွေကို လွှင့်တင်ခြင်းဟာ ဒွီဗီဒီယို တင်ပို့သူတွေကို ဘယ်လို အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။ Facebook တို့ Twitter တို့မှာသုံးတဲ့ နာမည်တွေနဲ့လည်း တချို့ လူများဟာ တရားရုံးမှာ အမှုဆိုင်ခဲ့ရပါတယ်။

သုံးစွဲခဲ့တဲ့ Tool များ:

မိုဘိုင်းဖုန်း ကင်မရာများ၊ အီးမေးလ်၊ Youtube ၊ Twitter၊ Facebook ၊ ဘလော့ဂ်များ
လက်လှမ်းမီမှု့ အတိုင်းအတာ - သန်းထောင်ချီတဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူများ
အရင်းအမြစ်များ: ကွန်ယက်ပေါ်က အချက်အလက်ကို မိုဘိုင်းဖုန်းနှင့် အင်တာနက်တို့ကနေ ၀င်ရှာကြည့်မှု။ အီရန်အပြင်က ဗီဒီယိုကို ထုတ်ပြန်ပေးခြင်းနဲ့ ပြန်လည် ထုတ်ပြန်ပေးခြင်းကို လုပ်ဆောင်ပေးတဲ့ ထောက်ခံသူများ။ သတင်းမီဒီယာများမှ ဗွီဒီယိုအပေါ် သတင်း တင်ဆက်မှုများဖြင့် ထောက်ပံ့မှုများ။ ဘလော့ဂ်များနှင့် လူမှုဆက်ဆံရေး ကွန်ယက်တွေမှာ ဗွီဒီယိုရဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေပေးတဲ့ ဘလော့ဂါတွေနှင့် လှုံ့ဆော်သူတွေ။
ကြာချိန် - ဗီဒီယိုကို ရိုက်ကူးရာက လွှင့်တင်ချိန်ထိ နာရီ အနည်းငယ်သာ။ နိုင်ငံတကာ အသံလွှင့် မီဒီယာတွေ ရောက်ဖို့ နာရီနည်းနည်း ပိုကြာ။

ခက်ခဲမှုအဆင့် အဆင့် ၅ ဆင့်အနက် အဆင့် ၂

 

ကုန်ကျစရိတ် - မသိရ

 

ဆက်လက်လေ့လာရန် Links များ -
New York Times blog
Global Voices
, Global Voices ဆန္ဒပြပွဲမှာ ဓါးစားခံများ အကြောင်း ကွန်ရက်စာမျက်နှာ
WITNESS Hub ဗွီဒီယို ဝေမျှရေး ကွန်ရက် စာမျက်နှာ

နည်းဗျူဟာ ၂။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


တစုံတယောက်က စောင့်ကြည့်နေခြင်း

မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 1mb)

Anthony Turba photograph
အန်တိုနီ တူဘာ (FLICKR)

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • မြန်မာပြည်က ဘလော့ဂါတွေနဲ့ အခွင့်အရေးအတွက် လှုံ့ဆော်သူတွေဟာ သူတို့ သက်သေခံချက်တွေနဲ့ အထောက်အထားတွေကို ပို့ပေးမှုကြောင့် သိသာတဲ့ အန္တရာယ်တွေနဲ့ ကြုံခဲ့ရတယ်။ လှုံ့ဆော်မှုကို ထောက်ခံပြီး ပါဝင်ခဲ့ကြတဲ့ အခြားသူတွေနဲ့ ကိုယ့်အတွက် အန္တရာယ် မရှိအောင် ဘယ်လို လုပ်ကြမလဲ။ IP လိပ်စာလို၊ အီးမေးလ်အကောင့်၊ password၊ လူမှု ဆက်ဆံရေး ကွန်ယက်ပေါ်က သူငယ်ချင်း စာရင်းတွေ၊ မိုဘိုင်းဖုန်းက အမည်တွေနဲ့ SIM ကဒ်ဝယ်ခဲ့တဲ့ နေရာတွေ၊ အဖွဲ့အစည်းအတွက် ၀ဘ်ဆိုဒ် ဒိုမိန်း နာမည်ဝယ်တုန်းက မှတ်ပုံတင်ခဲ့တဲ့ အချက်အလက် စတာတွေဟာ ဒစ်ဂျစ်တယ် လက်ရာခြေရာ ကျန်ခဲ့စေတယ်ဆိုတာ ဆင်ခြင်ပါ။
  • စုဆောင်းပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းပို့ချက်တွေကို မှန်ကန်ကြောင်း အတည်ပြုစစ်ဆေးတဲ့ စံကို တိုးတက်အောင် လုပ်ပါ။ အစိုးရကို ဆန့်ကျင်သူတွေ အကြောင်း ဖော်ပြတာ သို့မဟုတ် အပြစ်မဲ့တဲ့သူတွေကို လွဲမှားစွပ်စွဲမှုတွေအပေါ် အခြေတည်ပြီး အချို့ပြည်သူတွေက သတင်းပေးပို့တတ်တယ်။
  • လတ်တလော ဖြစ်ပျက်နေတဲ့ လှုပ်ရှားမှုနဲ့ ပတ်သတ်တဲ့ သတင်းထူး သတင်းဦးတွေကို အလျင်အမြန် တုံ့ပြန်တဲ့အခါ အခြားသူတွေအတွက် အကောင်းဆုံးကို ရည်ရွယ်ထားရင်တောင်မှ သင့်ရဲ့ မူရင်း အကြောင်းအရာတွေကို ပြန်လုပ်ထုတ်လုပ်ရာမှာ အရေးကြီးတာတွေ ကျန်သွားတာမျိုးက လွယ်လွယ်လေး ဖြစ်တတ်ပါတယ်။ အခြားသူများဆီက မပြည့်စုံပဲ ရောက်လာတဲ့ သတင်းတွေကို ဖြန့်ဖြူးနေမိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အချက်အလက်တွေကို မှန်ကန်စွာ ဖြန့်ဖြူးရင်း မျက်မြင်သက်သေခံ အကြောင်းအရာတွေကိုရော ဘယ်လိုထုတ်လုပ် ဖြန့်ချိမလဲ။
  • သက်သေခံ ဗွီဒီယိုထဲက မျက်မြင်သက်သေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အကာအကွယ်ပေးဖို့ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ မျက်နှာကို မှတ်တမ်းတင် မရိုက်ကူးတာပဲ ဖြစ်ပါတယ်။ နောက်ခံ အလင်းအရောင်ကို ခပ်မှောင်မှောင်ထားပြီး သူတို့ မျက်နှာကို ထင်ထင်ရှားရှား မပေါ်အောင် စီစဉ်ပြီးလဲ ရိုက်ကူးနိုင်ပါတယ်။ ဒီနည်းနဲ့ ကိုယ့် ဗွီဒီယို တိတ်ခွေ သိမ်းခံရအုံးတော့ ဗွီဒီယိုထဲမှာ ဘယ်သူဘယ်ဝါတွေ ပါတယ်ဆိုတာ မှတ်တမ်းပုံ မရနိုင်တော့ပါဘူး။
  • ပထမဆုံး သက်သေခံချက်များ ထောက်ပံ့လိုတဲ့ မျက်မြင်သက်သေတွေကို သူတို့ရဲ့ အထောက်အထားများ၊ သူတို့ဟာ ဘယ်သူဘယ်ဝါ ဆိုတာ ပေါ်သွားမယ် ဆိုရင် ဖြစ်လာနိုင်တဲ့ သူတို့ရဲ့ အဆိုးရွားဆုံး အခြေအနေက ဘာလဲ ဆိုတာ သေချာအောင် သုံးသပ်ခိုင်းပါ။ ဒီလို ဆွေးနွေးမှုမျိုးက သင့်ကို လူတွေက သဘောတူချက် ပေးတယ်ဆိုတာ သိနိုင်ပြီး ရလာနိုင်တဲ့ အန္တရာယ်ကို ဘယ်လို နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်တယ်ဆိုတာ စီစဉ်နိုင်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်များ

  • မျက်မြင်သက်သေခံချက်တွေကို ဘယ်လို စုဆောင်းမယ်ဆိုတဲ့ အစီအစဉ် ဆွဲဖို့ အချိန်ရှိပါသလား။ သို့မဟုတ် ထောက်ခံအားပေးသူတွေ လှုံ့ဆော်သူတွေအတွက် လူ့ကျင့်ဝတ်ဘောင်ထဲကနေ မဟာဗျူဟာကျတဲ့ နည်းလမ်း၊ သဘာဝကျတဲ့ အချက်အလက် ကုန်ကြမ်းတွေ စဉ်ဆက်မပြတ် စုဆောင်းဖို့ ပြင်ဆင်ပေးပြီးပြီလား။
  • ကိုယ့်ကိစ္စနဲ့ ပတ်သက်တဲ့ လူတွေဆီမှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် မှတ်တမ်းတင်ဖို့ ရှိပြီးသား Tool တွေက ဘာတွေလဲ။ မိုဘိုင်းဖုန်းတွေလား၊ ဒစ်ဂျစ်တယ် ကင်မရာတွေလား၊ လူမှုဆက်ဆံရေး ကွန်ယက်တွေ၊ ဘလော့တွေကို သွားကြည့်နိုင်တဲ့ အခွင့်အလမ်းတွေလား။
  • လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး အဖြစ်အပျက် မျှဝေပေးတဲ့ သူတွေရဲ့ ရိုးသားဖြောင့်မတ်မှုကို ဘယ်လို ယုံကြည်ပေးနိုင်မလဲ။
  • မီဒီယာနဲ့ နေရာအနှံ့ကို ထိုးဖောက်မယ့် နည်းဗျူဟာက ဘာလဲ။ အချက်အလက်တွေက သတင်းဦး သတင်းထူးတွေရဲ့ တစိတ်တဒေသ ဖြစ်လာပြီး သတင်းဌာနတွေက ကိုယ့်နောက် တဟုန်ထိုးလိုက်လာရင် ဘယ်လို တုံ့ပြန်မလဲ။
  • လုပ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်နေတဲ့ သူတွေ၊ အဖွဲ့အစည်းတွေက ဘာတွေလဲ။
  • အစိုးရဆီက ဖြစ်ဖြစ်၊ ကွန်ယက် ၀န်ဆောင်မှုပေးတဲ့ စီးပွားရေး လုပ်ငန်းတွေဆီကပဲ ဖြစဖြစ် ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဘလော့ပို့စ်တွေကြောင့် ထိခိုက်မှု ရှိလာသူတွေဆီကနေ တင်ထားတာတွေကို ဖယ်ပေးဖို့ တောင်းဆိုလာမယ် ဆိုရင် ဘယ်လို တုံ့ပြန်မလဲ။

လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်းများ

  1. ဗွီဒီယိုကို သုံးဖို့ မလိုပါဘူး။ လူတွေ သူတို့ မိုဘိုင်းဖုန်းတွေ သုံးပြီး ဓာတ်ပုံတွေကို အီးမေးလ်က တဆင့် ဒါမှမဟုတ် ဖြစ်နိုင်မယ် ဆိုရင် Multimedia Message (MMS) တွေကို သုံးပြီး ပို့ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါတွေဟာ နောင်တချိန်မှာ Slide Show တွေ ဒါမှမဟုတ် ဒီတိုင်းပဲဖြစ်ဖြစ် လွှင့်ပေးနိုင်ပါတယ်။
  2. တကယ်လို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတဲ့ အထောက်အထားတွေကို ဖယ်ရှားချင်တယ် ဆိုရင် သက်ဝင်လှုပ်ရှားနေတဲ့ ပုံတွေ၊ ရုပ်သေးတွေ သို့မဟုတ် Digital Storytelling နည်းနဲ့ ဓာတ်ပုံတွေ ဖွဲ့စပ်ပုံဖော်နည်းကို အသုံးပြုနိုင်ပါတယ်။
  3. မျက်မြင်သက်သေ အဖြစ်အပျက်တွေကို ဦးဦးဖျားဖျား ရရှိလိုက်တယ် ဆိုတာမျိုးက ဖြစ်တောင့်ဖြစ်ခဲပါ။ အချို့ အဖြစ်အပျက်တွေကို နောက်ပိုင်းမှ အင်တာဗျူးတွေနဲ့ ပြန်တည်ဆောက်ရတာမျိုးတွေ ရှိပါတယ်။ ဒါ့ပြင် ယုံကြည်ရတဲ့ မိတ်တွေတွေနဲ့ အဆက်အသွယ်တွေ ကတဆင့် လူတွေ ပါဝင်လာအောင် မိတ်ဆက်ပေးနိုင်ပါသေးတယ်။
  4. တိုက်ရိုက် အဖြစ်အပျက်တွေမှာ လူတွေရဲ့ မျက်နှာတွေကို မှတ်တမ်းတင်နေမယ့်အစား လှုပ်ရှားမှုတခု သို့မဟုတ် ဆန္ဒပြမှုတခုအကြောင်း ပြောနိုင်တဲ့ အခြား လုံခြုံတဲ့ နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားပါ။
  5. အကျင့်ပျက်ခြစားမှုကို ထောက်ပြချင်တဲ့ ဗီဒီယိုမျိုးအတွက်ကတော့ အဲဒီထဲမှာ ပါဝင်သူတွေရဲ့ အခန်းကဏ္ဍနဲ့ ထိုသူတွေ အချင်းချင်း ဆက်နွယ်မှုတွေကို ရှင်းသွားအောင် တွေးပါ။ စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပြီး ဒီလူတွေ၊ အဖွဲ့အစည်းတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကြားက အဆက်အသွယ်တွေကို မီးမောင်းထိုးပြလာနိုင်ပါလိမ့်မယ်။