နည်းဗျူဟာ ၁၀။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


အမှန်တရားကို ထုတ်ဖေါ်ပါ

စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 804kb)

Torture in Egypt image of people holding posters
WWW.TORTUREINEGYPT.NET

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • အလွဲသုံးစားမှု (သို့) အကျင့်ပျက် လာဘ်စားမှုတခုကို သက်သေပြဖို့ လိုအပ်တဲ့ အချက်တွေ အားလုံးကို မရှိနိုင်သေးရင် စည်းရုံးလှုံ့ဆော်ရေးက ရနိုင်သမျှ အချက်တွေကို တင်ဆက်ပြီး စာဖတ်သူများ (သို့) ပြည်သူ့အရာရှိတွေထံ မေးခွန်းတွေ ပို့တာနဲ့ စနိုင်ပါတယ်။ ဒီလိုနဲ့ အခြားသူတွေကို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးချင်လာအောင် နှိုးဆွပေးနိုင်ပါတယ်။
  • အချို့ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့တွေဟာ အမည်မဖော်ပဲ တင်ပို့ခဲ့တဲ့ သတင်းပို့ချက်များ၊ သက်သေခံချက်များအပေါ် မှီခိုရမယ်။ ဒါပေမဲ့ တခါတလေမှာ ကိစ္စနဲ့ နီးနီးစပ်စပ်ပတ်သက်နေတဲ့ လူများနဲ့ တိုက်ရိုက် ထိတွေ့ရနိုင်မယ်။ သက်သေခံချက် ၂ မျိုးလုံးကတော့ ဒီအဖြစ်အပျက်တွေကို မျှဝေနေတဲ့ လူတွေအတွက် အန္တရာယ ရှိနိုင်တယ်။ အရင်းအမြစ်များ - သူတို့ရဲ့ အမည်များနဲ့ နေရပ်လိပ်စာများ၊ ပြီးတော့ သူတို့ IP လိပ်စာများအပါအ၀င် အီးမေးလ် လိပ်စာများ (သို့) လူမှုဆက်ဆံရေး ၀က်ဆိုဒ်များပေါ်က သူတို့ အထောက်အထားများ စတာတွေကို ဘယ်လို ကာကွယ်ပေးနိုင်မယ်ဆိုတာ ထည့်သွင်းစဉ်းစားပါ။
  • သတင်းပို့ချက်၊ ဗီဒီယို (သို့) အဖြစ်အပျက်တွေကို အခြားသူတွေက ကောက်ယူ ဖော်ပြတဲ့အခါ ဒါဟာ မူရင်းအဖြစ်အပျက်ဆီ သတင်းအချက်အလက် အသစ်တွေ ယူဆောင်လာပေးနိုင်တယ်။ မီဒီယာပျံ့နှံ့ပုံနဲ့ ရရှိလာတဲ့ သတင်းပေးပို့ချက်ကို ခြေရာကောက်ဖို့ လိုအပ်လာပါမယ်။ ဒါ့ပြင် အသစ် အသစ်ရလာနိုင်တဲ့ အချက်အလက်သစ်တွေကို ဘယ်လို သုံးမယ်ဆိုတာ စီစဉ်ဖို့ လိုပါမယ်။
  • အီဂျစ်မှာ ရဲတွေ ကျူးလွန်ခဲ့တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေကို သူတို့ အချင်းချင်း ဖလှယ်ဖို့ လက်ကိုင်ဖုန်းတွေ သုံးတဲ့အခါ တိုက်တွန်း လှုံ့ဆော်သူတွေက ဒီဗီဒီယိုတွေကို ရအောင် လုပ်နိုင်ခဲ့ပြီး အွန်လိုင်းပေါ် ထုတ်ပြန်ခဲ့ကြပါတယ်။ ရှိပြီးသား မှတ်တမ်းမှတ်ရာတွေကို အခွင့်ကောင်းယူ အသုံးချပြီး စည်းရုံးလှုံ့ဆော်ရေးကို ဘယ်လို ဒီဇိုင်းဆွဲမလဲ။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • စည်းရုံးလှုံ့ဆော်ရေးက မီဒီယာ ထုတ်လုပ်ရေးဆီကို ဦးတည်သလား။ ဥပမာ - ဗီဒီယိုတခု (သို့) Mash-up - သို့မဟုတ် ဘလော့ (သို့) ၀က်ဆိုဒ် တခုကို သုံးပြီး ပုံမှန် update ပေးဖို့လား။
  • စည်းရုံးလှုံ့ဆော်ရေး မီဒီယာဟာ အဖြစ်အပျက်တခု (သို့) ဖြစ်ပွားနေဆဲ အရေးကိစ္စ တခုကို ထုတ်လုပ်နေသလား။
  • အချက်အလက် စုဆောင်းရေးနဲ့ သက်သေခံများ စုစည်းရာမှာ အဖွဲ့ကို ဘယ်လို ပါဝင်စေမလဲ။
  • လုံခြုံရေးနဲ့ လိုအပ်လာရင် စည်းရုံးရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံချက်တွေ၊ သက်သေခံချက်တွေနဲ့ ထိခိုက်မခံတဲ့ ဒေတာတွေ ပေးပို့သူတွေ အမည်မဖော်လိုတာ စတာတွေကို ဘယ်လို အလေးထား ဆောင်ရွက်မလဲ။
  • ပိုကျယ်ပြန်တဲ့ ပရိသတ်ဆီ အဖြစ်အပျက် အကြောင်းအရာများ ပျံ့နှံ့သွားဖို့ ကူညီပေးမယ့် ပင်မမီဒီယာ စီးကြောင်းနဲ့ အခြားအခွင့်အရေး ကာကွယ်တဲ့ အဖွဲ့အစည်းတွေက မိတ်ဖက်တွေက ဘယ်သူတွေလဲ။ သူတို့ကို ဘယ်လို ပစ်မှတ်ထားပြီး ထောက်ခံပေးဖို့ သူတို့ဆီက ဘယ်လို လှုပ်ရှားမှုမျိုးကို တောင်းဆိုမလဲ။
  • ဒေတာ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ hard-drive (သို့) ဆာဗာတွေ သိမ်းခံရလိုက်မယ် ဆိုရင် ဒီဒေတာတွေကို လုံခြုံအောင်ထားဖို့ အရံသင့် အစီအစဉ်က ဘာလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. ဗွီဒီယိုတခု လုပ်ချင်တယ် ဒါပေမဲ့ လုံလောက်တဲ့ ဗွီဒီယို အထောက်အထား မရှိခဲ့ဘူး ဆိုရင် ရောနှောပြီး ပြန်သုံးလို့ရတဲ့ အခမဲ့ ခွင့်ပြုချက် ရှိပြီးသား ဓာတ်ပုံတွေကို Flicker, ဂူဂဲလ်က ပုံများ (သို့) ၀ီကီပီးဒီးယားကို အသုံးပြုပြီး ရှာဖွေပါ။ နောက် ဒီဓာတ်ပုံတွေကို ဂီတသံ၊ နောက်ခံ စကားပြောသံများနဲ့ ပေါင်းစပ် တည်းဖြတ်ပြီး သုံးပါ။
  2. အမည်ဝှက်ထားစရာ မလိုတဲ့ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့အစည်းများ အတွက်ကတော့ မည်သူကိုမဆို ၀င်ရောက် တည်းဖြတ်ခွင့် ပေးနိုင်တဲ့ ၀ီကီကို အသုံးပြုပြီး စည်းရုံးလှုံ့ဆော်ရေး အတွက် ဓာတ်ပုံများ၊ အဖြစ်အပျက်များ၊ ဗွီဒီယိုများကို စုဆောင်းပြီး စုပေါင်းစပ် ပေါင်းဘုံ အရင်းအမြစ်တခု လုပ်နိုင်တယ်။ ၀ီကီပေါ်မှာက အတည်ပြုရန် လိုအပ်တဲ့ အကြောင်းအရာများကို တင်ပေးနိုင်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ရှာဖွေ တွေ့ရှိချက်များကို မျှဝေဖို့ အခြားသူတွေနဲ့ အတူ လုပ်လာနိုင်တယ်။ အချက်အလက်တွေကို ဘယ်လို အတည်ပြုနိုင်မလဲ ဆိုတဲ့ နည်းလမ်းကို သေချာထည့် စဉ်းစားဖို့ လိုအပ်ပြီး လူတွေ တလွဲမြင်မသွားစေဖို့ သေချာအောင် လုပ်ရမယ်။
  3. မျက်မြင်သက်သေတွေဆီက (သို့) ရှင်သန်ကျန်ရစ်ခဲ့သူတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု သက်သေခံချက် ဗွီဒီယိုတွေက သိပ်အရေးကြီးတယ် ဆိုရင် ဗီဒီယိုကို အွန်လိုင်းပေါ် တင်လိုမယ် မဟုတ်ပါဘူး။ အစားထိုးအနေနဲ့ သြဇာ လွှမ်းမိုးမှုကြီးမားတဲ့ အထင်ကရ ပုဂ္ဂိုလ်များ (သို့) အဖွဲ့အစည်းများနဲ့ အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့များကို သီးသန့်ပြသနိုင်ပါတယ်။
  4. စည်းရုံးလှုံ့ဆော်ရေးတိုင်းမှာ ပရိသတ်အုပ်ကြီး ရှိဖို့ မလိုပါဘူး။ မှန်ကန်တဲ့ ကိုက်ညီတဲ့ ပရိသတ် တွေ့ရှိဖို့ကသာ ပိုအရေးပါပါတယ်။ ကိစ္စတခုကို ခြေရာကောက်ဖို့ ဆန္ဒပြင်းပြတဲ့ အုပ်စုငယ်လေးတခုရဲ့ အင်အားပဲ လိုအပ်ပါတယ်။ နောက် ရှာဖွေ တွေ့ရှိမှုကို အဓိကကျတဲ့ မူဝါဒရေးဆွဲသူတွေ သို့မဟုတ် သတင်းဌာနတွေကို တင်ပြနိုင်ပါတယ်။
  5. ဟာသများ၊ အံ့အားသင့်စရာများနဲ့ ရေပန်းစားတဲ့ ယဉ်ကျေးမှုက ပိုကျယ်ပြန်တဲ့ ပရိသတ်ဆီ ရောက်အောင် ကူညီနိုင်ပါတယ်။ အင်တာနက် မရှိသူတွေဆီ သတင်းစကား ရောက်ဖို့နဲ့ ချက်ချင်း လက်ငင်း ပေါက်ရောက်စေဖို့ ကာတွန်းနဲ့ လမ်းဘေးပန်းချီကို သုံးပြီး တွေ့ရှိချက်ကို ပုံဖော်နိုင်တယ်။