နည်းဗျူဟာ ၁၀ - ပြဿနာ ဆန်းစစ်ချက်


အမှန်တရားကို ဖော်ထုတ်ပါ

စုံစမ်းစစ်ဆေးပါ။ ထုတ်ဖော်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 804kb)

APNSW video screenshot
APNSW

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
ပါဝင်သူများ
-
နေရာ -
ဝက်ဆိုဒ် -
ကျားနှင့် မိကျောင်းကြား ကြားညပ်မှု
အာရှ ပစိဖိတ်ဆိုင်ရာ လိင်လုပ်သားများ ကွန်ယက် (APNSW) & စည်းရုံးသော အမျိုးသမီးများ ကွန်ယက် (WNU)
အာရှ ပစိဖိတ် နယ်ပယ်၊ ကမ္ဘောဒီယား ဗဟိုပြု
APNSW

ရှင်းလင်းဖော်ပြချက်
အာရှ ပစိဖိတ်ဆိုင်ရာ လိင်လုပ်သားများ ကွန်ယက် (APNSW) ကမ္ဘောဒီးယားမှာ တည်ရှိတဲ့ အမည်ခံလောက်သာရှိတဲ့ “ပြန်လည်ထူထောင်ရေး” စခန်းများမှာ ထိန်းသိမ်းထားတဲ့ လိင်လုပ်သားများဆီမှ တင်ပို့ပေးလိုက်တဲ့ ညှင်းပန်းနှိပ်စက်ထားတဲ့ အခြေအနေများနှင့် လူ့အခွင့်အရေးကို ထိပါးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် ဒစ်ဂျစ်တယ် ဗွီဒီယိုကို အသုံးပြုခဲ့ပါတယ်။ ဒေသခံ မီဒီယာများနဲ့ နိုင်ငံရေးသမားများက ဒီစခန်းတွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိအောင် သင်တန်းပေးဖို့အတွက်လို့ ဆိုနေချိန်မှာ လွတ်မြောက်လာတဲ့ လိင်လုပ်သားများကို တွေ့ဆုံမေးမြန်းချက်များမှ ပြောကြားချက်များက ၄င်းတို့ တိုက်ခိုက်ခံရပုံတွေ၊ မုဒိမ်းမှုတွေနဲ့ သန့်ရှင်းတဲ့ အစာရေစာနှင့် ဆေးဝါးလစ်ဟာမှုတွေပဲ ဖြစ်နေခဲ့တယ်။

“ကျနော်တို့ ဒေသခံ APNSW အဖွဲ့ဝင်တစု၊ စည်းရုံးသော အမျိုးသမီး ကွန်ယက် (WNU) နှင့် အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။” လို့ APNSW ရဲ့ အဖွဲ့ဝင် တဖြစ်လဲ ဗီဒီယို ထုတ်လုပ်သူ ဒေးလ်ကွန်မွန့် (Dale Kongmont) က ဆိုပါတယ်။ “ကျနော်တို့ တွေ့ဆုံမေးမြန်းခဲ့သူတွေဟာ WNU အဖွဲ့ဝင်များ ဖြစ်ကြပြီး နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာသူတွေပါ။ သူတို့ကို ဗွီဒီယိုရဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ကြပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကို တိုက်ခိုက်ရန် ကူညီပေးလိုသူများက ကင်မရာရှေ့ တွေ့ဆုံဆွေးနွေးဖို့ နေရာမှာတင် ချက်ချင်း သဘောတူခဲ့ကြတယ်။”

APNSW က ယူကျူ နဲ့ blip.tv ပေါ်မှာ ဗွီဒီယို တင်ပို့ခဲ့ကြပြီး ဖနွမ်းပင်က လိင်လုပ်သား၅၀၀ အတွက် လှုပ်ရှားတဲ့ နေ့မှာ ဗွီဒီယိုကို တင်ဆက်ခဲ့ကြတယ်။ ဒေးလ်က “စခန်းနှစ်ခုအနက် တခုက APNSW, WNU နဲ့ ဒေသခံ လူ့အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့များရဲ့ အတူတကွ လုပ်ဆောင်ခဲ့တဲ့ စုပေါင်း အားထုတ်မှုများနဲ့ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက် အထောက်အထားများကို ပံ့ပိုးနိုင်မှုကြောင့် ပိတ်လိုက်ရပါတယ်။”

 

သုံးစွဲခဲ့တဲ့ Tool များ -

Flip ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ဗီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ (Final Cut Pro)၊ blip.tv ၊ Youtube နဲ့ ၀ဘ်ဆိုဒ်များ
လက်လှမ်းမီမှု အတိုင်းအတာ - ဗွီဒီယိုကို ၂၀၀၈ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ စတင်ပြသခဲ့ပါတယ်။ အေအိုင်ဒီအက်စ် ညီလာခံက ရည်ရွယ်တဲ့ ပရိသတ်ကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ သို့သော် ဗီဒီယိုကို အခမ်းအနား ကာလအတွင်း ထောင်ချီတဲ့ လူတွေကို ပြသနိုင်ခဲ့ပါတယ်။ Youtube နဲ့ blip.tv ပေါ်မှာ ဗွီဒီယိုကို ကြည့်ရှုသူ ၃၀၀၀ ကျော်ခဲ့ပါတယ်။
အရင်းအမြစ်များ - ဒေသခံ လုပ်ဖော်ကိုင်ဖက်တွေက လှုပ်ရှားမှုအတွက် နေ့တနေ့ ကျင်းပပေးပြီး မီဒီယာ စည်းရုံးလှုံ့ဆော်ရေးတခု ဖော်ဆောင်ခြင်း၊ မူဝါဒရေးဆွဲသူတွေကို ဗီဒီယိုပြဖို့ ညီလာခံတွေကို တက်ရောက်မှုများ၊ WITNESS က ဗွီဒီယို သင်တန်းပေးခြင်းများ။
ကြာချိန် - ခြေရာလက်ရာတွေကို စုဆောင်းဖို့နှင့် တည်းဖြတ်ဖို့ ကြာချိန် တနှစ်အတွင်း WITNESS မှ သင်တန်းအတွက် ကြာချိန် ၂ ပတ်။

ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့် အနက် အဆင့်၂

 

ကုန်ကျစရိတ် - ယူအက်စ်ဒေါ်လာ ၁၅ ,၀၀၀ (၀န်ထမ်းအတွက် ယူအက်စ်ဒေါ်လာ ၇၀၀၀၊ ထုတ်လုပ်ရေးအတွက် ယူအက်စ်ဒေါ်လာ ၅၀၀၀)

 

ဆက်လေ့လာစရာ Links များ -

စည်းရုံးလှုံ့ဆော်ရေး ဗွီဒီယို