စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 804kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ အီးမေးကို စကားဝှက်နဲ့ ရေးခြင်း - ဆက်သွယ်ရေးကို လုံခြုံအောင် သိမ်းဆည်းထားခြင်းက အရင်းအမြစ်၊ မျက်မြင်သက်သေများကို ကာကွယ်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ အီးမေးလ်များကို စာဝှက်ဖြင့် ရေးခြင်းဟာ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ သုံးတဲ့အခါ Gmail, Yahoo Mail (သို့) SquirrelMail ကို သုံးမယ်ဆိုရင် FireGPG ဆိုတဲ့ web browser plugin ကို အသုံးပြုနိုင်ပါတယ်။ FireGTP ဟာ ဘရောက်ဇာ (Browser) ကို ထွက်စရာ မလိုပဲ အီးမေးလ်ကို စာဝှက်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကို ဘာသာစကား ၂၅ မျိုးနဲ့ ရနိုင်ပါတယ်။ FireGPG ကို သုံးဖို့ ပထမဆုံး GPG ကို ကွန်ပျူတာ (http://www.gnupg.org) ထဲ မဖြစ်မနေ ထည့်သွင်းရပါမယ်။ နောက် ဆက်သွယ်ရေးကို လုံခြုံစွာမျှဝေပေးပြီး စာဝှက်ရေးနိုင်တဲ့ သီးခြား ထူးခြားတဲ့ စာဝှက်ဖော်တဲ့ သော့ချက်တခု ဖန်တီးပါ။ နည်းဗျူဟာဆိုင်ရာ နည်းပညာ (Tactical Tech) ရဲ့ လုံခြုံရေး - သေတ္တာထဲမှာ ဒီအကြောင်းနဲ့ ဆိုင်တဲ့ ပိုအသေးစိတ်တဲ့ ညွှန်ကြားချက်တွေနဲ့ အခြား လုံခြုံရေး ဆော့ဖ်ဝဲတွေကို ပံ့ပိုးပေးပါတယ်။ |
သိကောင်းစရာများ APNSW က ဒေးလ် ရဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအပေါ် အမြင် - "မက်ဆေ့ခ်ျကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားဖို့ လူ့အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့တွေ၊ အခြားအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်တာ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ အဓိက ပုဂ္ဂိုလ်များက ကိုယ့်ကို သိပြီး အရေးတယူ ရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ၂၀၀၈ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ UN ၀ါရင့် ၀န်ထမ်းများ ကျနော်တို့ ဗွီဒီယိုတွေကို ကြည့်ဖြစ်အောင် စီစဉ်ခဲ့ကြတယ်။ လူတွေက ကျနော်တို့ ဗီဒီယိုကို မတွေ့ခင် အချိန်ထိ ရဲများ အခွင့်အရေးကို အလွဲသုံးစားပြု ညှဉ်းပမ်းနှိပ်စက်မှု ဘယ်လောက်ထိ ကြီးကျယ်နေတယ် ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး လို့ ပြောပါတယ်။ ဒီအချက်ကပဲ သူတို့ကို လှုပ်ရှားမှုဆီ အရောက် တွန်းပို့ပေးခဲ့တယ်။"
ကမ္ဘာ့ အသံများက (Global Voices) ဆမ်မီရဲ့ ဆက်ဆံရေးအပေါ် အမြင် - "အွန်လိုင်းက အချက်အလက် ရယူနိုင်ခြင်းမှာကို သူ့ကိုယ်ပိုင် စွမ်းအားတခု ရှိနေတယ်။ ဒါပေမဲ့ အွန်လိုင်းနဲ့ အော့ဖ်လိုင်း လှုပ်ရှားမှုကြားက ကွာဟချက်ကို ဖြည့်ပေးနိုင်ဖို့ လိုအပ်တယ်။ အင်တာနက် မရှိတဲ့ နေရာများဆီက ပရိသတ်ဆီကို လက်လှမ်းမမီနိုင်တော့ဘူး ဆိုရင် အချက်အလက်တွေ ချိတ်ဆက် ဖြန့်ဖြူးဖို့ အခြားနည်းလမ်းတွေ ရှာဖွေဖို့ လိုလာမယ်။ ဥပမာ - USB memory stick တွေ၊ ဒီဗွီဒီတွေ၊ စီဒီတွေ၊ ပိုစတာတွေ၊ လက်ကမ်း စာစောင်တွေနဲ့ အခြားအရာတွေ။ အွန်လိုင်းနဲ့ အော့ဖ်လိုင်း လှုပ်ရှားမှုကို ချိတ်ဆက်ပေးမယ့် နည်းလမ်းတွေ ရှာဖွေနိုင်ဖို့က အရေးကြီးတယ်။"
TotureInEgypt.net မှ နိုဟာ ရဲ့ ဘလော့များ အပေါ် အမြင် - "သုံးစွဲရလွယ်လို့ ဘလော့များဟာ အချက်အလက်-လှုပ်ရှားမှု့အတွက် ကောင်းမွန်တဲ့ Tool တခု ဖြစ်တယ်။ ဒါကို အသုံးပြုဖို့ နည်းပညာ အများကြီး နားလည်ဖို့ မလိုဘူး။ ဘလော့တွေဟာ အခမဲ့ရတဲ့ အပြင် လူသိများတယ်။ အထူးသဖြင့် အာရပ်ကမ္ဘာမှာ။ ဒီဘလော့တွေဟာ အပြောင်းအလဲ လုပ်တဲ့ နေရာမှာ အထူးသဖြင့် များပြားတဲ့ စာဖတ်သူများကြား (သို့) အလွန်သေးငယ်တဲ့ ပရိသတ် အကြားမှာတောင် အသိအမှတ်ပြုမှု လေးစားမှုရအောင် တည်ဆောက်တဲ့အခါ အလွန် ထိရောက်တယ်။" |