နည်းဗျူဟာ ၂: ၄။ ပြဿနာ ဆန်းစစ်ချက


တစုံတယောက်က စောင့်ကြည့်နေခြင်း - မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း

download this tactic card (pdf 1mb)

Remembering Neda image
ABCNT WWW.ABCNT.INFO

၄။ ပြဿနာ ဆန်းစစ်ချက

ခေါင်းစဉ် -
ဘယ်သူလဲ -

ဘယ်မှာလဲ -
ကွန်ရက် စာမျက်နှာ -                          

နီဒါး (Neda) အမှတ်တရ

 အီရန်မှ ထောက်ခံ အားပေးသူများ
တီဟီရန
http://bit.ly/Kpcsu

 

 

 

 

 

 

 

 

ဖော်ပြချက် -
၂၀၀၉ ခုနှစ်၊ ဇွန်လအတွင်းမှာ အီရန်ရဲ့ ရွေးကောက်ပွဲအပြီး ဆန္ဒပြပွဲအတွင်း နီဒါး အက်ဟာ ဆိုတန် (Neda Agha-Soltan) သေးဆုံးရမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို အပိုင်းအစလေး ၂ ခုက တကမ္ဘာလုံးက လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဗီဒီယို တခု (http://bit.ly/10FpwN) ဟာ အမည်မသိသူ တဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါကို ထောက်ခံသူတွေဆီ အီးမေးလ်ကနေ ပေးပို့ခဲ့ပြီး Facebook ​ကနေ အလျင်အမြန် ပြန့်နှံ့သွားပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ နီဒါးရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆရာဝန်တဦးကိုပါ ရိုက်ပြထားပြီး သူက ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာနေရာနဲ့ သူရဲ့ အခန်းကဏ္ဍကို ပြောပြပေးခဲ့ပါတယ်။ ဒီ​ဗီဒီယိုကို ကွန်ရက်ပေါ်မှာ လွှင့်တင်တာထက် အီးမေးလ်နဲ့ ပေးပို့ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းက ဗီဒီယိုကို ဘယ်သူ ရိုက်ကူးခဲ့တယ် ဆိုတာကို မသိနိုင်အောင် အကာအကွယ် ပေးဖို့နဲ့ ရွေးကောက်ပွဲပြီးနောက် အီရန်အစိုးရက အင်တာနက်ကို စီစစ်တည်းဖြတ်တဲ့ အနေအထားတွေကြောင့် ဖြစ်တယ်။ ဂျာနယ်လစ်တွေဟာ ဒီဗီဒီယိုကို အီးမေးလ် အဆက်အသွယ်တွေနဲ့ လူမှုရေး ကွန်ရက်စာမျက်နှာတွေကတဆင့် သတိထားမိလာခဲ့တယ်။ နီဒါး သေဆုံးခဲ့ရတဲ့ ဒုတိယသက်သေဖြစ်တဲ့ ​ဗီဒီယို (http://bit.ly/yyvoM) ဟာ စီအဲန်အဲန်ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး၊ နာရီပိုင်းအတွင်းမှာပဲ ဒါကို YouTube မှာ မိတ္တူကူး လွှင့်တင်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို Twitter မှာ လွှင့်တင်ပေးလိုက်တဲ့အခါမှာလည်း လူအမြောက်အမြားက လာကြည့်ကြပြီး ​အီရန် ဖြစ်ပျက်နေတဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း တင်ပေးနိုင်ခဲ့တယ်။ ဒီဗီဒီယိုဟာ လွှင့်တင်ပြီးတဲ့နောက် အလျင်အမြန်ကိုပဲ ပြန်နှံ့ခဲ့လို့ ဒီလို မတည်းဖြတ်ရသေးတဲ့ ဗီဒီယို ရိုက်ကူးထားမှုအတိုင်း ဖြန့်ချိလို့ ဖြစ်ပေါ်လာနိုင်တဲ့ ဂယက်ရိုက်ခတ်​မှုကို စဉ်းစားသုံးသပ်ဖို့လည်း အချိန် နည်းနည်းလေးပဲ ရခဲ့ပါတယ်။ WITNESS မှာ ပရစ်စီလား နရီ (Priscila Néri) ရေးထားတာကို ပြန်လည် ဖော်ပြရရင်၊ "ပြည်သူတွေ၊ လှုပ်ရှားသူ​တွေနဲ့ လူ့အသိုင်းအဝိုင်းမှ အသက်ရှင်နေသူ သက်ဆိုင်ပြီး တကမ္ဘာလုံးကို ပြန်နှံ့မယ့် အီရန်မှာ ဘာ​တွေဖြစ်ပျက်နေတယ်ဆိုတာကို ထုတ်ဖော်ပြတဲ့နေရာမှာ ကျနော်တို့ အနေနဲ့ ဘယ်လို မျှတမှုရှိဖို့ လိုအပ်မယ်မလဲ။ သေဆုံးသွားတဲ့ နီဒါးရဲ့ ဂုဏ်အသရေကို လေးစားဖို့ လိုအပ်သလို၊ ဒီလို အဖြစ်ဆိုးကြီးကို ​တွေ့ကြုံခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုရဲ့ ပူဆွေးသောကကိုလည်း စာနာမှုပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ဗီဒီယိုကို လက်ခံရရှိ ကြည့်ရှု့ပြီးနောက် ကျနော်တို့ရဲ့ တာဝန် ဝတ္တရားက ဘာလဲ။ ဆက်လက် ဖြန့်ဖို့လား။ ကျနော်တို့ သိတဲ့သူဆီတိုင်းကို ဆက်လက်ပေးပို့ပြီး သူတို့ကို ဒါကို ကြည့်ကြဖို့ အားပေးအားမြှောက်ပြုတာလား"။ လူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေနဲ့ ဒီဂျစ်တယ် ကင်မရာ​တွေကို အသုံးပြုပြီး မျက်မြင် သတင်းပေးပို့ချက်​​တွေနဲ့ လှုပ်ရှား​မှု လုပ်ဆောင်နေတဲ့ နေရာကနေ ဖြစ်ပျက်နေတာနဲ့ တချိန်တည်း မှတ်တမ်းတင် ရိုက်ကူး သတင်းပို့နိုင်မှု စွမ်းရည်​​တွေ ပိုပိုပြီး တိုးတက်လာ နေတဲ့အခါသမယမှာ၊ အထူးသဖြင့် အငွေ့ပြန်လွယ်ပြီး ဖိအား မြင့်မားလာနိုင်တဲ့ အခိုက်အတန့်မှာ အထိခိုက်မခံပြီး  နည်းဗျူဟာ ကျလှတဲ့ ထုတ်ပြန်မှု​​​တွေကို ကျနော်တို့အနေနဲ့ ဘယ်လို ဆုံးဖြတ် ဆောင်ရွက်ကြမလဲ ဆိုတာကို  နီဒါးရဲ့ ဗီဒီယို အပိုင်းအစလေးက စိန်ခေါ်နေပါတယ်။ ကွန်ရက်မှာ ဗီဒီယို အပိုင်းအစ​ လွှင့်တင်သူတွေနဲ့ ပြန်လည်တင်ပြသူတွေမှာလည်း အန္တရာယ်တွေ ကျရောက်နိုင်တာကိုလည်း သက်သေ သာဓကနဲ့ ပုံဆောင်နိုင်ပါတယ်။ အီရန်မှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ထောက်ခံတွေနဲ့ ဆန့်ကျင် ဆန္ဒပြသူတွေ ရှိနေပြီး၊ Twitter နဲ့ Facebook မှာ တရားရုံးမှာ အမှုဆိုင်နေရသူ​တွေရဲ့ အမည်တွေ ရှိပါတယ်။

 

သုံးစွဲခဲ့တဲ့ ကိရိယာများ -                   မိုဘိုင်းဖုန်း ကင်မရာများ၊ အီးမေးလ်၊ YouTube, Twitter, Facebook, ဘလော့များ။
လက်လှမ်းမှီခြင်း - သန်းထောင်ချီတဲ့ ကမ္ဘာတဝန်းက ပြည်သူများ
အရင်းအမြစ်များ -                         ကွန်ရက်က အချက်အလက်ကို မိုဘိုင်းဖုန်းနဲ့ အင်တာနက်တို့ကနေ ဝင်ရှာကြည့်နိုင်မှု။ ​ဗီဒီယိုတွေကို ထုတ်ဖော်ပေးတဲ့၊ ပြန်လည် လွှင့်တင်ပေးတဲ့ အီရန်ပြင်ပမှ ထောက်ခံသူများ။ ဒီ​ဗီဒီယိုကို သတင်းအဖြစ် ထုတ်လုပ်ပေးတဲ့ ထောက်ခံသူ သတင်းမီဒီယာ။ ​ဘလော့တွေနဲ့ လူမှုရေး ကွန်ရက် စာမျက်နှာတွေမှာ ​ဗီဒီယိုရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ အကြောင်းရာတွေကို ပေးပေးတဲ့ ဘလော့ဂါတွေနဲ့ ထောက်ခံသူတွေ။
အချိန်   ဗီဒီယို အပိုင်းကို ရိုက်ကူး​တာမှ လွှင့်တင်တဲ့ အချိန်အထိ နာရီအနည်းငယ်။ နိုင်ငံတကာ အသံလွှင့် မီဒီယာတွေဆီ ရောက်ရှိရန် နာရီအနည်းငယ် ထပ်လိုအပ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ခက်ခဲမှုအဆင့် - ၅ ဆင့်မှ နံပါတ် ၂ အဆင်

 

ကုန်ကျစရိတ် - မရ

 


ပိုမိုလေ့လာရန် အချိတ်အဆက်များ -

New York Times blog: http://bit.ly/TqGnG

Global Voices: http://bit.ly/FK51f, http://bit.ly/LLAbx

Witness: http://bit.ly/gtyPz