English | Español | မြန်မာစာ | Беларуская
နည်းဗျူဟာ ၆။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
သိကျွမ်းသူများရဲ့ အချိတ်အဆက်တွေကို အသုံးပြုပါ
အဆက်အသွယ်များကို စီမံခန့်ခွဲပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 796kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
- ဆက်သွယ်ရန် လိပ်စာတွေအတွက် ဒေတာဘေ့စ်တခု တည်ဆောက်ရတာဟာ စိန်ခေါ်မှု တခုလို ခက်ခဲနိုင်ပါတယ်။ လူတွေက ဘယ်လို ဆက်ဆံရေးမျိုး ထားလိုတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ သူတို့က ဒီလှုပ်ရှားမှု သတင်း အချက်အလက်ကို ဒီတကြိမ်ပဲ လိုချင်တယ်လို့ သတ်သတ်မှတ်မှတ် ရှိသလား (သို့) ယေဘုယျ (သို့) ဖြစ်ပွားနေဆဲ စည်းရုံးလှုံ့ဆော်ရေးတွေအကြောင်း ပုံမှန် သတင်း အချက်အလက် လက်ခံရလိုသလား သိဖို့လိုပါတယ်။
- အဆက်အသွယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက ပိုမို တိကျလေလေ ပြုလုပ်ပေးနိုင်တဲ့ သူတို့ကြားက ဆက်ဆံရေး ပိုမိုခိုင်မာလေလေ ဖြစ်ပါတယ်။ အဆက်အသွယ်တွေရဲ့ အချက်အလက်တွေ သိုမှီးရာ ဒေတာဘေ့စ်ကို တတ်နိုင်သမျှ လက်ရှိကာလနဲ့ ကိုက်ညီအောင် ပြည့်စုံအောင် ဘယ်လိုထိန်းသိမ်းနိုင်မလဲ ဆိုတာ ပြန်လည်သုံးသပ်ပါ။
- လူတွေဆီက သတင်း အချက်အလက်ကို ဘယ်လို စုဆောင်းမယ်နဲ့ ဘာကြောင့် စုဆောင်းရတယ်၊ ဘယ်လို အသုံးချမယ် ဆိုတာကို ရှင်းလင်း ပြောပြတာမှာ ဂရုတစိုက် ကြိုတင်စီစဉ်ဖို့ အရေးကြီးပါတယ်။ လိပ်စာတွေကို စုစည်းရာတွင် အီးမေးလ် အသုံးပြု စုစည်းခြင်းက ၀က်ဆိုဒ်ပေါ်မှာ မှတ်ပုံတင် (Sign up) လုပ် စုစည်းရခြင်းထက် ပိုစိတ်ချရပါသလား။ လူမှုဆက်ဆံရေး ကွန်ယက်တွေပေါ်မှာ စည်းရုံးလှုံ့ဆော်ရေးအတွက် ပရိုဖိုင် တင်ထားဖို့ တောင်းဆိုခြင်းက ထောက်ခံသူများ ပူးပေါင်းလာစေတဲ့ နည်းလမ်းတခု ဖြစ်ပါသလား။
- လူတွေကို ပံ့ပိုးပေးတဲ့ သတင်း အချက်အလက်တွေကို တတ်နိုင်သမျှ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပေးပါ။ များပြားလှတဲ့ မက်ဆေ့ခ်ျတွေကို ထောက်ခံသူများ အားလုံးဆီ ပေးပို့တဲ့အခါ လက်ခံရရှိသူတွေ အနေနဲ့ မက်ဆေ့ခ်ျ လျစ်လျူရှုမှုများ ဖြစ်နိုင်ပြီး ရှိပြီးသား ဆက်ဆံရေးကို အဆုံးသတ်လိုက်နိုင်ပါတယ်။ လူတွေဆီကို လိုအပ်တာထက် ပိုပြီး မက်ဆေ့ခ်ျတွေ မပို့ပေးမိဖို့ အရေးကြီးပါတယ်။ ထောက်ခံသူတွေကို ဘယ်လိုပုံစံမျိုး (အီးမေးလ်၊ စာသားမက်ဆေ့ခ်ျ၊ ဗီဒီယို)၊ ဘယ်လို အမျိုးအစား (သတင်းလွှာ၊ သတ်သတ်မှတ်မှတ် ရှိတဲ့ စည်းရုံးလှုံ့ဆော်ရေး တစ်ခု၊ အခမ်းအနား ပွဲလမ်းသဘင်များ) နဲ့ ဘယ်လို အကြိမ်ရေ (နေ့စဉ်၊ အပတ်စဉ်၊ လစဉ်) စသဖြင့် ဘယ်လိုနည်းနဲ့ ဆက်သွယ်တာ သဘောကျလဲ မေးနိုင်ပါတယ်။
- အဆက်အသွယ်တွေဆီ သတင်း အချက်အလက်ပို့မှုများနဲ့ ဆက်စပ်ပြီး လူတွေကို တယောက်နဲ့ တယောက် ဆက်စပ်မိစေပြီး လက်တလော လှုပ်ရှားမှုများနဲ့ ပွဲလမ်းဘင်များအကြောင်း အသိပေးနိုင်ခြင်း (သို့) ဒေသတွင်း (သို့) ပိုမိုပြတ်သားတဲ့ လှုပ်ရှားမှုများ (သို့) စည်းရုံး လှုံ့ဆော်ရေးများ ပြုလုပ်ကြဖို့ ညှိနှိုင်းပေးနိုင်ပါတယ်။
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
- ဒေတာဘေ့စ်မှာ ထည့်သွင်းထားဖို့ အလုပ်အပ်ဆုံး လူတွေက ဘယ်သူတွေလဲ။ သူတို့ဆီကို ဘယ်လိုနည်းတွေနဲ့ ဆက်သွယ် ရောက်ရှိနိုင်မလဲ။ စုဆောင်းပြီးတာနဲ့ တပြိုင်နက် သူတို့ကို စည်းရုံး လှုံ့ဆော်ရေးထဲမှာ ဆက်လက် ပါဝင်နေအောင် ဘယ်လို လုပ်ဆောင်မလဲ။
- စည်းရုံး လှုံ့ဆော်ရေးကို လူတွေ ပိုမို အာရုံစိုက်လာအောင် လူတွေ ပိုပါလာအောင် မီဒီယာကို ဘယ်လိုသုံးမလဲ။
- အခြား လူတွေပါ ပါလာဖို့ စည်းရုံးလှုံ့ဆော်ရေးမှာ ပါဝင်ပြီး သူတွေကို ဘယ်လိုသုံးနိုင်မလဲ။ အီးမေးလ် အသိပေးချက်တွေကို ဆက်လက် ပေးပို့ခြင်းဖြင့်လား၊ ဗီဒီယိုတွေ ဝေမျှခြင်းဖြင့်လား၊ သူတို့ရဲ့ ဘလော့ဂ်တွေနဲ့ လူမှုဆက်ဆံရေး ကွန်ယက် စာမျက်နှာတွေမှာ ဓာတ်ပုံတွေ တင်ပို့တာလား။
- ဒေတာဘေ့စ်ကနေ လူတွေကို အလွယ်ကူဆုံး နည်းလမ်းနဲ့ ဖယ်ရှားပစ်နိုင်တဲ့ ဖြစ်စဉ်က ဘာဖြစ်မလဲ။
- အဖွဲ့ရဲ့ ဒေတာတွေကို လုံခြုံပြီး အတွင်းရေးအဖြစ် ထိန်းသိမ်းထားတယ် ဆိုတာ သေချာအောင် လုပ်နိုင်တဲ့ အဆင့်တွေက ဘာဖြစ်မလဲ။ ဒီဒေတာတွေကို ကိုယ်ပိုင် ဆာဗာပေါ်မှာ သိမ်းထားနိုင်မလား။ သိမ်းဆည်းခံရတာတွေ၊ ပျောက်ဆုံးသွားတာတွေ ဖြစ်နိုင်တဲ့အတွက် ဘယ်လိုနည်းနဲ့ Back Up လုပ်ထားနိုင်မလဲ။
- ဘယ်လို လှုပ်ရှားမှုမျိုးက အရေးကြီးတဲ့ လမ်းကြောင်း ဖြစ်တယ်လို့ လူတွေကို မြင်စေချင်တာလဲ။ အခမ်းအနားတွေ စီစဉ်ခြင်းလား၊ အဆက်အသွယ်သစ်တွေ ရှာဖွေ စုဆောင်းဖို့လား၊ တောင်းခံလွှာတွေမှာ လက်မှတ် ရေးထိုးဖို့လား၊ အီးမေးလ်တွေ ပေးပို့ရန်လား။
- လူတွေနဲ့ ဆက်သွယ်ရေးမှာ ဘယ်တခုက အလုပ်ဖြစ်ပြီး ဘယ်တခုက အလုပ်မဖြစ်ဘူးလဲဆိုတာကို သိဖို့ လူတွေရဲ့ တုံ့ပြန်မှုနှုန်းထားကို ဘယ်လိုနည်းနှင့် ခြေရာကောက်နိုင်မလဲ။ အကြောင်းပြန်တဲ့ လူတွေရဲ့ ထောက်ခံမှုတွေကို အနာဂတ်မှာ ဘယ်လို အရင်းအနှီးပြုမလဲ။
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
- ထောက်ခံသူတွေကို ခြေရာခံတာမှာ သင်လိုချင်သော အပြောင်းအလဲကို လုပ်ဆောင်နိုင်သူများ (ဆန့်ကျင်သူဖြစ်အုံးတော့) ရဲ့ အဆက်အသွယ် သတင်းအချက်လက်တွေကို စုစည်းခြင်းများ ထည့်သွင်းပါ။ ဤနည်းဖြင့် ပစ်မှတ်ထားတဲ့ စည်းရုံးလှုံ့ဆော်ရေး အီးမေးလ်တွေကို ကိုယ်တိုင် (သို့မဟုတ် ထောက်ခံသူများမှ) ပို့ဖို့ လိုလာတဲ့အခါ ဒီအချက်အလက်တွေ လက်ထဲမှာ အသင့်ရှိနေပြီး သူတို့ရဲ့ တုံ့ပြန်ချက်များကို ခြေရာခံဖို့ နည်းလမ်းတွေ ရှာဖွေနိုင်ပါတယ်။
- လူတွေကို စာသား မက်ဆေ့ခ်ျများကတဆင့် အကြောင်းပြန်နိုင်တဲ့ စစ်တမ်းနမူနာ ကောက်ယူမှုတွေ လုပ်ပြီး စည်းရုံးလှုံ့ဆော်ရေးက မိုဘိုင်းဖုန်းနဲ့ အသိပေးချက်များအတွက် စာရင်းပေးခြင်းများ ရလာအောင် လူစုပါ။
- ထောက်ခံသူများက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ထောက်ခံသူတွေ အာရုံစူးစိုက်မှု အများဆုံးက ဘာဆိုတာ ဖော်ပြတဲ့ ထောက်ခံမှု-အခြေပြု မြေပုံတခုကို သူတို့ ခွင့်ပြုချက်နဲ့ ဖန်တီးပါ။
- ထောက်ခံ အားပေးသူတွေကို သူတို့ရဲ့ နီးစပ်ရာမှာ ရှိနေတဲ့ စည်းရုံးလှုံ့ဆော်ရေးက လူတွေနဲ့ ဆက်စပ်မိစေပြီး ကိုယ်ပိုင် စည်းရုံးလှုံ့ဆော်ရေးပွဲများ စီစဉ်နိုင်အောင် ကူညီပေးပါ။ အဆက်အသွယ်များကို စီမံခန့်ခွဲတဲ့ Tool များကို သုံးပြီး တယောက်နဲ့ တယောက် အဆက်အသွယ်များကို ဖော်ပြစရာ မလိုပဲ လုပ်နိုင်ပါတယ်။
- စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့ အခမ်းအနားတွေမှာ တက်ရောက်သူတွေကို ပစ်မှတ်ထား ရေးသားတဲ့ စာသား မက်ဆေ့ခ်ျများ (သို့) တိုက်ရိုက် အစီအစဉ်ခံချက်များ ဖြစ်ပွားနေမှုကို အသိပေးတဲ့ အီးမေးလ် သတိပေးချက်များ (သို့) ပြင်ဆင်ထားပြီးသား သတင်း အချက်အလက်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးမှုများ လက်ခံရရှိအောင် စာရင်းပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုပါ။
ပါဝင်သော Tool များ ထောက်ခံ အားပေးသူများနဲ့ အဆက်မပြတ်ရှိပါစေ Organizers' Database ဟာ အားပေးသူများ၊ စည်းရုံးလှုံ့ဆော်ရေး သမားများနဲ့ အခြား အဆက်အသွယ်များကြားက ဆက်သွယ်ရေး လမ်းကြောင်းကို ခြေရာကောက်ရာမှာ ပိုလွယ်အောင် လုပ်ပေးတဲ့ အခမဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ အဆက်အသွယ်များရဲ့ အမည်များနဲ့ လိပ်စာများ စုဆောင်းခြင်းနဲ့ ပတ်သက်ပြီးလည်း Organizer’s Database အဆက်အသွယ်များရဲ့ သတင်း အချက်အလက်များကို အီးမေးလ်များ၊ စာများ ပေးပို့ရန် လိပ်မူခြင်းများစသဖြင့် ပုံစံပြောင်းခြင်းအတွက် အသုံးဝင်ပါတယ်။ ဒီဆော့ဖ်ဝဲကို သုံးပြီးလည်း လှူဒါန်းမှုများ ခြေရာကောက်ရန်နဲ့ နောက်ဆက်တွဲ ဆက်သွယ် လုပ်ဆောင်မှုများအကြောင်း သိအောင် လုပ်ရာမှာလည်း သုံးနိုင်ပါတယ်။ ဒီပရိုဂရမ်က ၀င်းဒိုး (Windows) အသုံးပြု ကွန်ပျူတာများပေါ်မှာပဲ အလုပ်လုပ်ပါတယ်။ CiviCRM ကို Windows operating system အားလုံးမှာ အသုံးပြုနိုင်တယ်။ |
သိကောင်းစရာများ Kleercut နဲ့ အစိမ်းရောင် ငြိမ်းချမ်းရေးက ရစ်ချတ်ဘရွတ်က စွမ်းဆောင်နိုင်ရည်နဲ့ ပါတ်သက်ပြီး - "အွန်လိုင်းပေါ်မှာ လူစုခြင်းက စည်းရုံးလှုံ့ဆော်ရေးအတွက် အရေးကြီးတဲ့ Tool ဖြစ်နေမယ်ဆိုရင် ဆက်လက် လှုပ်ရှားနိုင်ရန် စွမ်းရည် ရှိရဲ့လားဆိုတာ သေချာအောင် လုပ်ပါ။ ကျနော်တို့အနေနဲ့ စည်းရုံးလှုံ့ဆော်ရေးကို သူပြီးသင့်တဲ့ အချိန်ထက် ပိုစောစော ပြီးဖို့ မျှော်လင့်ပါတယ်။ အခြား နည်းဗျူဟာတွေ ထည့်သွင်းဖို့အတွက် ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုကို ရွှေ့ဖို့ လိုလာတဲ့အခါမှာ စခဲ့တဲ့ချိန်က ရှိခဲ့တဲ့ အွန်လိုင်းပေါ် စည်းရုံးရေး စွမ်းရည်ကို ထိန်းမထားနိုင်ခဲ့ပါဘူး။"
မက်ဆေ့ခ်ျများအပေါ် ပစ်မှတ်ထားခြင်းအပေါ် FrontlineSMS က ကင်ဘန့်က - "လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ချိန်မှာ သူတို့ တကယ် မလိုချင်တဲ့ မက်ဆေ့ခ်ျများ ပို့ပြီး လူတွေကို စိတ်မထိခိုက်စေရန်၊ ဒေါသ မနှိုးဆွမိစေရန် (သို့) ဒေါသဖြစ်အောင် မလုပ်မိစေခြင်းက အရေးကြီးဆုံး ဆိုတာ မြင်သာပါတယ်။ လုပ်ငန်း လည်ပတ်မှုဘက်ကလည်း ဒီလိုအဖြစ်မျိုး မဖြစ်စေဖို့ လူတွေကို အဖွဲ့တွေ ခွဲဖွဲ့ထားဖို့ အလွန် အရေးကြီးပါတယ်။ ဘယ်လို ဆော့ဖ်ဝဲမျိုး၊ စနစ်မျိုး သုံးနေတာအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ကာ ပစ်မှတ်ထားတဲ့ လူများဆီ သတ်သတ်မှတ်မှတ်ထားတဲ့ မက်ဆေ့ခ်ျများ ပို့ပေးခြင်းက လွယ်ကူနိုင်ပါတယ်။"
Open source Tool များ သုံးပြီး ထောက်ခံ အားပေးမှုများ ရရှိခြင်းအပေါ် CiciCRM ရဲ့ မိုက်ခယ်မာ့ခ်ျ က - "အွန်လိုင်းပေါ် ရှိနေတဲ့ လူမှု အသိုင်းအ၀န်းတွေဟာ များပြားလှတဲ့ Tool တွေ၊ အထူးသဖြင့် Open Source ဆော့ဖ်ဝဲလ် Tool တွေအကြား တည်ရှိနေတာပါ။ ဒီအသိုင်းအ၀န်းများဟာ လူတွေ ဆော့ဖ်ဝဲလ်တွေ သုံးရာမှာ သူတို့ လိုအပ်ချက်နဲ့ လိုလားမှုများအပေါ် မူတည်ပြီး စိတ်ကြိုက်ပြုပြင်နိုင်အောင် ကူညီပေးခြင်းများအတွက် အရေးကြီးတဲ့ နေရာ တနေရာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကျတော် အကြံပေးလိုတာက အဆက်အသွယ်များကို စီမံခန့်ခွဲဖို့ ထူးထူးခြားခြား Tool တခုကို သုံးရင် အတွေ့အကြုံများကို မျှဝေပါ။ အတွေ့အကြုံများကဆင့် အခြားလူများ အကျိုးအမြတ် ရနိုင်ပါတယ်။" |