ရှုပ်ထွေးတဲ့ အချက်အလက်တွေကို အသုံးပြုနည်း။
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf ၇၉၂kb)
ရှုပ်ထွေးတဲ့ (သို့) ကြည့်ဖို့ခက်တဲ့ သတင်းအချက်အလက်တွေကို အလွန် လိုအပ်နေသူတွေအတွက် တင်ပြချင်တဲ့အခါနဲ့ မျှဝေပေးချင်တဲ့ အခါတွေမှာ ဒီနည်းလမ်းဟာ အသုံးဝင်ပါတယ်။
ဗွီဒီယိုထဲက နမူနာများ
|
Farmsubsidy.org နဲ့ ဆွီဒင် အကျိုးဆောင်များ ဆွီဒင်အစိုးရက ထောက်ပံ့ပေးထားတဲ့ စိုက်ပျိုး မွေးမြူရေးခြံများအတွက် အမတော်ကြေး ရန်ပုံငွေနဲ့ ပတ်သက်တဲ့ သတင်းအချက်ကို Farmsubsidy.org က စတင်ပြုစုပြီးတဲ့နောက် ရရှိလာတဲ့ အချက်အလက်တွေများလွန်းတဲ့အတွက် နားလည်ရန် ခက်ခဲတာတွေ့ရပါတယ်။ ဒီအချက်အလက်တွေကို နားလည်နိုင်ဖို့နဲ့ သြဇာရှိတဲ့ နည်းလမ်းနဲ့ တင်ပြဖို့ဆိုရင် စိုက်ပျိုး မွေးမြူရေးခြံတွေအတွက် ထောက်ပံ့ပေးမှုတွေကို ဂူဂဲလ် (Google Map) ပေါ်မှာ နေရာချထားလိုက်နိုင်ပါတယ်။ ဒါဆိုရင် လူထုအနေနဲ့ ဘယ်လို ငွေမျိုးတွေ ဘယ်ကို သွားတယ်ဆိုတာ မြင်တွေ့ရပြီး ကိုယ်တိုင် စုံစမ်းစစ်ဆေး အပြီးသတ် ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။
သုံးစွဲခဲ့တဲ့ ကိရိယာများ - သတင်း လွတ်လပ်ခွင့် ဥပဒေ တောင်းဆိုချက် (FOIA)၊ Xapain database (အခမဲ့ လိုင်စင်မလို ဆော့ဖ်ဝဲအရင်းအမြစ်)၊ ဂူဂဲလ်မြေပုံများ၊ ၀က်ဆိုဒ်များ
ဆက်လက် လေ့လာရန် Links များ - |
|
အကျိုးဆောင်များ၊ နည်းပညာရှင်နဲ့ အမေရိကန် မျိုးတုံးသတ်ဖြတ်မှု အကျိုးဆောင်တွေနဲ့ နည်းပညာရှင်တွေ ပါဝင်တဲ့ အသင်းအဖွဲ့တဖွဲ့ဟာ ရွာပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးမှုကို ဖော်ပြတဲ့ ခက်ခဲတဲ့ သုံးဖက်မြင် မြေပုံတခုကို ပူပေါင်း ဖော်ဆောင်ခဲ့ကြတယ်။ အဲ့ဒီမြေပုံမှာ ၂.၅ သန်းရှိတဲ့ ပြည်တွင်း အခြေပျက်ဒုက္ခသည်တွေရဲ့ တည်နေရာကို ဖော်ပြထားသလို ဒါဖာက မရေတွက်နိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ သက်သေခံချက်တွေကို သွားကြည့်နိုင်တဲ့ နေရာတွေကိုပါ ထည့်သွင်းထားတယ်။
သုံးစွဲခဲ့တဲ့ ကိရိယာများ -ဂူဂဲလ်ကမ္ဘာ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အချက်အလက်များ၊ ဓာတ်ပုံများ၊ ဗွီဒီယိုများနဲ့ ၀က်ဆိုဒ်များ
ဆက်လက် လေ့လာရန် Links များ -: အမေရိကန် ပြည်ထောင်စု ဟိုလိုကော့စ် အမှတ်တရ ပြတိုက် ကွန်ရက်စာမျက်နှာ |
ရှုပ်ထွေးတဲ့ အချက်အလက်တွေကို ဘယ်လို အသုံးနည်း
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 792kb)
ပြဿနာ ဆန်းစစ်ချက်
ခေါင်းစဉ် - မည်သူ - နေရာ - ၀က်ဆိုဒ် - |
Fair Play Fair Play Alliance Bratislava, Slovakia Fair Play Alliance |
ရှင်းလင်းတင်ပြချက်
Fair Play Alliance အဖွဲ့က အစိုးရအနေနဲ့ တိုင်းပြည်ဘဏ္ဍာကို ဘယ်လိုအသုံးပြုနေတယ် ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းပြီး လူထုအနေနဲ့ အချက်အလက် သိုမှီးရာ ဒေတာဘေ့စ်ကနေ အလွယ်တကူ နားလည်နိုင် အသုံးပြုနိုင်အောင် လုပ်ထားပေးပါတယ်။ သတင်းလွတ်လပ်ခွင့် ဥပဒေကို အသုံးချပြီး Fair Play က မှတ်တမ်းမှတ်ရာ၊ ပေးချေရန်ရှိတဲ့ စာရင်းတွေကို စုစည်းပြီး ဒေတာဘေ့စ် ကတဆင့် သက်ဆိုင်ရာ ၀က်ဆိုဒ်တွေကို ချိတ်ဆက်ကာ လူတွေကို နိုင်ငံရေး အပြောင်းအလဲအတွက် သုံးဖို့ ဖိတ်ပါတယ်။ Fair Play က Zuzana Wienk ပြောတာတော့ “ဆလိုဗက်ကီးယားမှာ မကြာခင်က ဖြစ်သွားတဲ့ ဥရောပသမဂ္ဂ ရန်ပုံငွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ မကောင်းသတင်းတွေကို သုတေသနပြု ဆန်းစစ်ရာက ကျမတို့ စလိုက်တယ်။ အဲ့ဒီမှာ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတဲ့ ကုမ္ပဏီတွေကိုသာ ကန်ထရိုက် ချပေးတာ တွေ့ရပါတယ်။ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေကို အသုံးချပြီး အခြား အချက်အလက်တွေ၊ ပေးချေစရာရှိနေတဲ့ စာရင်းတွေနဲ့ ငွေကြေး စာရင်းဇယားတွေကို တောင်းဆိုလိုက်ပါတယ်။ ရလာတဲ့ အချက်အလက်တွေ သုံးပြီး ပုံဇယားတွေ ဆွဲကာ အင်တာနက်ပေါ် တင်ထားလိုက်ပါတယ်။ ပေးချေစရာရှိတဲ့ စာရင်းတွေကို ကူးဖတ်၊ ၀က်ဆိုဒ်ပေါ် လွှင့်တင်လိုက်ပြီး လူတိုင်း ကြည့်လို့ရအောင် လုပ်ထားပါတယ်။” ဒီနည်းနဲ့ Fair Play ဟာ ဆလိုဗက်ကီးယား သတင်းဌာနတွေ အာရုံစိုက်ခံလာရပါတယ်။ “အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ပညာရှင်တွေ ဒီသတင်း အချက်အလက်တွေကို ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီး အဲ့ဒီအကြောင်းတွေကို ဘလော့တွေ လုပ်လာကြတယ်။ ဒီလိုဆောင်းပါးတွေကို အခြေတည်ပြီး တက်ကြွတဲ့ ကွန်ရက်စကားဝိုင်း ဖိုရမ်တွေ ပေါ်လာတယ်။ ဒါက ကျမတို့ကို လူထု ပါဝင်ပူးပေါင်းမှုက ဘယ်လောက် အရေးကြီးတယ် ဆိုတာ သတိထားမှုမျိုး ဖြစ်ပေါ်စေတယ်။ လူထုအနေနဲ့လည်း အရည်အချင်းတွေ ပိုတိုးတက်လာတယ်။ သတင်းအချက်ကို ရယူသုံးစွဲနိုင်အောင် ပြုလုပ်ပေးရုံနဲ့ပဲ ပြဿနာ ငြင်းခုံဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို ဆောက်လုပ်ရေးဘက်က ၀န်ကြီးတစ်ဦးပါ နှုတ်ထွက်သွားတဲ့အထိ ပြည်သူလူထုက အစိုးရအပေါ် ဖိအားသက်ရောက်ခဲ့ပါတယ်။
အသုံးပြုပစ္စည်းများ - | သုံးစွဲသူ လွယ်ကူအောင် တည်ဆောက်ထားတဲ့ ဒေတာဘေ့စ်၊ အခမဲ့ လိုင်စင်ယူစရာ မလိုသော open source တွေ သုံးခြင်း (mySQL, Apache server, and PHP)။ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေကြောင့် တောင်းဆို ရရှိလာတဲ့ အချက်အလက်များ၊ Excel စာရင်းဇယား စာရွက်များ (တခါတရံ ပြန်ရိုက်ဖို့ သို့မဟုတ် ရုပ်ပုံအဖြစ် ကွန်ပျူတာမှာ ပြန်သိမ်းဖို့ Scan ဖတ်စရာ လိုပါတယ်)၊ အွန်လိုင်း အရင်းအမြစ်တွေက အချက်အလက်တွေ ရယူရာမှာ အသုံးပြုတဲ့ Web-scrapers |
အောင်မြင်မှု အတိုင်းအတာ - | ဒီစီမံကိန်းဟာ ဆလိုဗက်ကီယား အစိုးရရဲ့ ပြည်သူ့ဘဏ္ဍာ အသုံးပြုမှုကို ခြေရာခံရာမှာ သုံးတာ ဖြစ်ပါတယ်။ ယခုကာလမှာတော့ ဥရောပ ပါလီမန်ရဲ့ ဆလိုဗက် အဖွဲ့ဝင်များကို ခြေရာခံတာအထိ ကျယ်ပြန့်စွာ သုံးလာတယ်။ အီးယူနဲ့ ပတ်သက်တဲ့ ရန်ပုံငွေ မကောင်း သတင်းထွက်လာတော့ Fair Play ၀က်ဆိုဒ်ဟာ လာကြည့်သူဦးရေ အများဆုံး ၀က်ဆိုဒ် ၃ ခု စာရင်းထဲထိ ၀င်ခဲ့ပါတယ်။ |
အရင်းအမြစ်များ - | ဒေတာဘေ့စ်ကို အချိန်နဲ့ တပြေးညီ မွမ်းမံတဲ့ နေရာမှာ စေတနာ့ဝန်ထမ်း ကျောင်းသူကျောင်းသားတွေဆီကနေ အကူအညီ ရနိုင်မှာတယ်။ စီမံကိန်း အစီအစဉ် ရေးဆွဲဖို့ Fair Play က ဦးစီးတဲ့ Barcamp ကို စေတနာ့ဝန်ထမ်း developer တွေနဲ့ ပရိုဂရမ်ဆွဲသူတွေ တက်ခဲ့ကြပါတယ်။ “ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မီဒီယာတွေရဲ့ ညီညွှတ်စွာ ဆောင်ရွက်မှုသာ မရှိခဲ့ရင် ကျမတို့ အခုလို အောင်မြင်လာမှာ မဟုတ်ပါဘူး” ဟု Zuzana မှ ပြောဆိုသွားပါတယ်။ |
အချိန် - | ၂၀၀၃ မှာ ပထမဆုံး ဒေတာဘေ့စ် ရလာဖို့ အချိန် ကိုးလ ကြာခဲ့ပါတယ်။ FOIA (သတင်း အချက်အလက် လွတ်လပ်ခွင့်) တောင်းဆိုမှုကြောင့် ရလာတဲ့ အချက်အလက်တွေကို ဖြည့်စွက်ရင်း ၃ လမှ ၁၂ လတိုင်းမှာ အချိန်နဲ့ တပြေးညီ မွမ်းမံပေးရပါတယ်။ |
ခက်ခဲမှု အဆင့် - ၄.၅
ကုန်ကျစရိတ် - ၂၀၀၃ မှာ ပထမဆုံး ပရိုဂရမ်နဲ့ နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၄၀၀၀။ “ဒီစီမံကိန်းဟာ ဒီလောက် ငွေကြေးလေးနဲ့ စိတ်ပါလက်ပါ လုပ်ဆောင်ပေးတဲ့ သူငယ်ချင်းတယောက်ကြောင့် ပေါ်လာခဲ့တာပါ” လို့ Fair Play က Zuzana က ပြောပါတယ်။ ၂၀၀၄ က အချက်အလက် သိုမှီးရာ ဒေတာဘေ့စ်ကို အချိန်နဲ့ တပြေးညီ မွမ်းမံပြုပြင်ပေးမယ့် လုပ်ငန်း ညှိနှိုင်းပေးသူ အလုပ်သမား တဦးအတွက် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကုန်ကျခဲ့ပါတယ်။ ‘Web-scrapers’ ကို အသုံးပြုပြီး ကွန်ယက် စာမျက်နှာတွေမှ အချက်အလက်တွေကို အလိုအလျောက် စုဆောင်း သိမ်းဆည်းပေးတဲ့ ပရိုဂရမ်မျိုး လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ ပုံမှန်နည်းလမ်းနဲ့ အချက်အလက် ထည့်သွင်းတဲ့ ကုန်ကျစရိတ် လျှော့ချနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သတင်း အချက်အလက်တွေကို crowd-sourcing အသုံးပြုပြီး စုဆောင်းတာ ခွဲခြမ်းစိတ်ဖြာတာကို ဦးတည်လုပ်မယ် ဆိုရင်တော့ ကုန်ကျစရိတ်တွေ တိုးလာနိုင်သလို ဒီအတွက် တာဝန်ယူလမ်းပြ လုပ်ကိုင်နိုင်မယ့် စေတနာ့ဝန်ထမ်း ရှာဖို့လိုပါလိမ့်မယ်။”
ဆက်လေ့လာစရာလင့်ခ်များ -
Fair Play ဒေတာဘေ့စ် (slovak language)
ရှုပ်ထွေးတဲ့ အချက်အလက်တွေကို အသုံးပြုနည်း
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 792kb)
ဒါဖာ အရေးအခင်း/ဂိုဂဲလ် ကမ္ဘာ
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ အချိန်တိုအတွင်း အချက်အလက် ပုံဖော်ခြင်း Google Motion Chart ကို သုံးပြီး အချက်အလက်တွေအတွက် လှုပ်ရှားနေတဲ့ ဂရက်ဖ်ပုံတွေ ဖန်တီးပြီး ဒီကွဲပြားတဲ့ သတင်းအချက်အလက်တွေ တခုနဲ့တခု ဘယ်လို ဆက်စပ်နေတယ် ဆိုတာကို ပြနိုင်တယ်။ Motion Chart ဟာ Google Spreadsheet ပေါ်က အချက်အလက်တွေကို ကြိုက်တဲ့ဇယားနဲ့ ဆက်သွယ်လိုက်တာနဲ့ ပြလို့ရအောင် လုပ်နိုင်ပါတယ်။ ဒီပုံစံဇယားကွက်ကို သက်ဝင်လှုပ်ရှားနေအောင် (Flash အနေနဲ့) ကွန်ယက်စာမျက်မှာ မျှဝေပေးနိုင်ပါတယ်။ Google Motion Chart ဟာ Google Spreadsheet ပေါ်မှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို အားထားရတဲ့အတွက် update လုပ်ချင်ရင် အင်တာနက်နဲ့ ဆက်သွယ်ဖို့ လိုပါမယ်။ ဂူဂဲလ်ကို သုံးတဲ့အတွက် အချက်အလက်တွေ အားလုံးကို ဂူဂဲလ်ရဲ့ ဆာဗာတွေပေါ်မှာ သိမ်းထားပြီး ဖြစ်မှာပါ။ သိပ်အရေးကြီးပြီး ထိခိုက်မခံတဲ့ အချက်တွေနဲ့ ပတ်သက်ရင်တော့ ဒီ tool ကို မသုံးသင့်ပါဘူး။ အခု ဖော်ပြထားတဲ့ ဗွီဒီယို က ဒီဇယားတွေကို ဘယ်လိုထည့်သွင်း သုံးရမယ်ဆိုတာကို လမ်းညွှန်ထားပါတယ်။ |
သိကောင်းစရာများ air Play Alliance မှ ဇူဇန်နားဝင့် (Zuzana Wienk) မှ ဒေသန္တရအသုံး ပြောင်းလဲခြင်းအပေါ် - "ဘယ်လို tools မျိုးဟာ ကိုယ့်နိုင်ငံတွင်းနဲ့ ဒေသအတွက် အကောင်းဆုံး ဆိုတာ သတိချပ်ပါ။ ဆလိုဗက်ကီယားမှာ ဒေတာဘေ့စ် ဆောက်ခဲ့သလိုမျိုးကို ပိုလန်မှာ ဖန်တီးလို့ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ ဒီလို အချက်အလက်တွေကို သွားရောက်ကြည့်နိုင်တဲ့ အခြေအနေ မရှိလို့ပါပဲ။ ဥပမာ - ကျမတို့အနေနဲ့ နိုင်ငံရေးပါတီတွေကို လှူဒါန်းမှုတွေနဲ့ ပြည်သူကို ပံ့ပိုးပေးမှုတွေကို ဖော်ပြပေးတဲ့ ဒေတာဘေ့စ်တခု ဖန်တီးလို့ မရနိုင်ပါဘူး။ သတင်း အချက်အလက် လွတ်လပ်ခွင့်ဟာလည်း တဒေသနဲ့ တဒေသ မတူပါဘူး။"
လက်ခံကြည့်ရှုနိုင်မှုအပေါ် Farmsubsidy.org က ဂျက်ရဲ့ ပြောပြချက်က - "ဘာကို တောင်းဆိုနေတာကို အသေအချာ သိဖို့က အလွန် အရေးကြီးပါတယ်။ ဒီသတင်း အချက်အလက်တွေကို အစိုးရက ထိန်းသိမ်းထားတယ် ဆိုတာ သိဖို့လိုပြီး ထိန်းသိမ်းထားတဲ့ အချက်အလက်က ဘာလဲဆိုတာကို သုတေသနပြုဖို့ လိုအပ်ပါမယ်။ ဒီအကြောင်းတွေ ပြောနိုင်မယ့် အစိုးရ ၀န်ထမ်းတွေနဲ့ မိတ်ဖြစ်ဆွေဖြစ် ခင်မင်အောင် ကြိုးစားသင့်ပြီး ဒီလို အချက်အလက်ကို ထိန်းသိမ်းနိုင်အောင် ဘယ်လို ဥပဒေမျိုး လိုအပ်တယ် ဆိုတာကို သိအောင်ရှာဖွေပါ။"
အရင်းအမြစ် ပြည့်သိပ်ကျပ်ညပ်ခြင်း (crowd-sourcing) နဲ့ ပတ်သက်ပြီး Fair Play Alliance က ဇူဇန်နားဝင့် ပြောကြားချက် - "ကျမ အမြင်ကတော့ လူဘောင် အဖွဲ့အစည်းဟာ ပိုပြီး ရင်းနှီးဖော်ရွေတဲ့ ပူးပေါင်းမှုတွေနဲ့ တသီးတသန့် ဖွဲ့စည်းထားတဲ့ လှုပ်ရှားမှုတွေဆီ ဦးတည်ပြောင်းလဲလာနေပါပြီ။ လူတွေ ကျွမ်းကျင်မှုတွေ ပိုရှိလာပြီး အပြန်အလှန် ကူညီလာပါတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဒီအတွက် နေရာပေးဖို့ လိုအပ်သလို အဲဒီ နေရာလွတ်တွေဟာ ဆွဲဆောင်မှု ရှိပြီး ပြည်သူဆီက အသိအမှတ်ပြုပေးဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက် အသင့်တော်ဆုံးကတော့ ကွန်ယက် စာမျက်မှာများပေါ်က နေရာလွတ်များပါပဲ။" |