နည်းဗျူဟာ ၆ - ဗွီဒီယို


သိကျွမ်းသူများရဲ့ အချိတ်အဆက်တွေကို အသုံးပြုပါ

အဆက်အသွယ်များကို စီမံခန့်ခွဲပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို download ဆွဲယူပါ(pdf 796kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ကွန်ယက်နဲ့ ပတ်သက်ပြီး လုပ်နိုင်သမျှ များများလုပ်နိုင်ရန် အဆက်အသွယ်များနဲ့ ဆက်ဆံရေးကို နားလည်စေဖို့ နည်းဗျူဟာကောင်း ဖြစ်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

CiviCRM logo

 

  • အဆက်သွယ်များကို သေသေသပ်သပ် ဖွဲ့ပြီး စည်းရုံးပါ။

Open source software advocates and programmers

CiviCRM ဟာ ဆက်ဆံရေးများကို စီမံခန့်ခွဲရန် အသုံးပြုတဲ့ အခမဲ့ open source ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲက အုံလိုက်ကျင်းလိုက် များပြားတဲ့ အီးမေးလ်တွေကို ပေးပို့ရန်နှင့် တုံ့ပြန်ချက်တွေကို ခြေရာကောက်ရာမှာ သုံးနိုင်ရုံသာမက ရံပုံငွေကောက်ခံခြင်းနှင့် ပွဲလမ်းသဘင်တွေ စီစဉ်ခြင်းအတွက်လဲ အသုံးပြုနိုင်ပါတယ်။ လိပ်စာ စာအုပ်လို CiviCRM ဟာ ဟိုတစ ဒီတစဖြစ်နေတဲ့ အဆက်အသွယ် အချက်အလက်တွေ အားလုံးကို ဒေတာဘေ့စ်ထဲမှာ စုစည်းထားတယ်။ ဒါ့ပြင် ဘယ်သူတွေက ဘယ်သူတွေနဲ့ အဆက်အသွယ် ရှိနေတယ် ဆိုတာ (အီးမေးပို့ခြင်းများ၊ အီးမေးပြန်ခြင်းများ၊ လက်တလော တက်ရောက်ထားတဲ့ ပွဲများ) အပြင် သူတို့ အချင်းချင်းကြားရှိတဲ့ ဆက်ဆံရေးကိုပါ ခြေရာခံနိုင်ပါတယ်။ CiviCRM က ဒီဒေတာတွေကို ကိုယ်ပိုင် ၀က်ဆာဗာပေါ်မှာပဲ သိုမှီးပါတယ်။ ဆိုလိုတာက လုံခြုံရေးအတွက် ဆော့ဖ်ဝဲတွေ ထည့်သွင်းပြီး အချက်အလက်တွေ လုံခြုံစွာ ရှိနေတယ် ဆိုတာ သေချာသထက် သေချာအောင် လုပ်နိုင်ပါတယ်။ ဒါ့ပြင် အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ၀င်သုံးနိုင်ပါတယ်။ 

 

သုံးစွဲခဲ့တဲ့ Tool များ - CiviCRM ကို အသုံးပြုရန် PHP နှင့် MySQL ပါဝင်တဲ့ ၀က်ဆာဗာ တခု လိုပါတယ်။ ဒါ့ပြင် Drupal (သို့) Joomla (သို့) ကိုယ့်ဘာသာ လည်ပတ်နိုင်တဲ့ Content Management System (CMS) တခု သုံးနိုင်ဖို့လည်း လိုနိုင်ပါတယ်။ 

 

ဆက်လေ့လာရန် Links များ -

CiviCRM website

Free CiviCRM manual


FrontlineSMS logo


  • Providing targeted reconstruction information

ကရုဏာ ကော်ပိုရေးရှင်းနဲ့ FrontlineSMS

အာရှမှာ ဆူနာမီဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေး တပိုင်းတဒေသ အနေနဲ့ ကရုဏာ ကော်ပိုရေးရှင်းက FrontlineSMS ကို သုံးပြီး မိုဘိုင်းဖုန်းများ အသုံပြုကာ လူတွေကို ပစ်မှတ်မြင့်မားစွာ ထားတဲ့ ကယ်ဆယ်ရေး သတင်းအချက်အလက်တွေနဲ့ ပံ့ပိုးခဲ့ကြတယ်။ FrontlineSMS ဟာ အခမဲ့ open source ဆော့ဖ်ဝဲ Tool ဖြစ်ပြီး စိတ်ကြိုက်အဖွဲ့များ ခွဲထားတဲ့ အဆက်အသွယ်များဆီ စာသားမက်ဆေ့ခ်ျများ ပို့နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဒီနည်းနဲ့ ကရုဏာ ကော်ပိုရေးရှင်းက မတူတဲ့ လူတွေဆီ ကွဲပြားတဲ့ သတင်းအချက်အလက်များကို သူတို့ မိုဘိုင်းဖုန်းများ သုံးပြီး ပေးပို့နိုင်ခဲ့ပါတယ်။ ဆူနာမီကြောင့် ထိခိုက်ရသူများဟာလည်း နောက်ဆုံးပေါ် သတင်း အချက်အလက်များ ရရှိနိုင်ခဲ့ပါတယ်။  

 

သုံးစွဲခဲ့တဲ့ Tool များ - FrontlineSMS၊ မိုဘိုင်းဖုန်းများ  

 

ဆက်လေ့လာရန် Links များ :

ကရုဏာ ကော်ပိုရေးရှင်းနဲ့ FrontlineSMS

Mercy Corps & FrontlineSMS article

‹ နည်းဗျူဟာ - ၅ ပြဿနာဆန်းစစ်ချက်

နည်းဗျူဟာ ၆ - ပြဿနာ ဆန်းစစ်ချက်


သိကျွမ်းသူများရဲ့ အချိတ်အဆက်တွေကို အသုံးပြုပါ

အဆက်အသွယ်များကို စီမံခန့်ခွဲပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 796kb)

Kleercut website screenshot

 ပြဿနာ ဆန်းစစ်ချက်

ခေါင်းစဉ် -
ပါဝင်သူများ
-
နေရာ -
ဝက်ဆိုဒ် -
Kleercut
အစိမ်းရောင် ငြိမ်းချမ်းရေး (Greenpeace)
မြောက်အမေရိက
Kleercut campaign website

ရှင်းလင်းဖော်ပြချက်
Kleercut ဟာ ကင်ဘာလေ-ကလာ့ခ် က သူတို့ ထုတ်ကုန်တွေအတွက် သဘာဝသစ် အသားမျှင်များ အသုံးပြုမှုကို အဆုံးသတ်သွားအောင် အသုံးပြုခဲ့တဲ့ အစိမ်းရောင်ငြိမ်းချမ်းရေးက အထမြောက်စေခဲ့တဲ့ စည်းရုံးလှုံ့ဆော်ရေး တခု ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ တိုက်တွန်း လှုံ့ဆော်သူလူသစ်များကို အခကြေးငွေ ကုန်စရာမလိုတဲ့ open source ဆော့ဖ်ဝဲနဲ့ ကွန်ယက်အခြေပြု စုစည်းသုံးပြီး စုဆောင်းဖို့နဲ့ ဒီလူတွေ တယောက်နဲ့ တယောက် ဆက်စပ်မှု ရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ Kleercut က ၀က်ဆိုဒ်ကို လာလည်ပတ်သူများဆီက ဆက်သွယ်ရန် လိပ်စာ သတင်းအချက်အလက်များ စုဆောင်းရန်နဲ့ သူတို့ဆီ အီးမေးလ် သတိပေးချက်များ တလ တကြိမ် (သို့) နှစ်ကြိမ် ပေးပို့ရန် CiviCRM ကို အသုံးခဲ့ပါတယ်။

အသိပေးချက်တွေထဲမှာ လူတွေကို လှုပ်ရှားမှုထဲ ပါဝင်ရန် လှုံ့ဆော်ထားပါတယ်။ ဥပမာ - ကင်ဘာလေ-ကလာ့ခ် ရှယ်ယာရှင်များဆီ ပစ်မှတ်ထားတဲ့ အီးမေးလ်များ ပေးပို့ရန် Kleercut ၀က်ဆိုဒ်ဆီ ပြန်သွားစေခြင်းမျိုး၊ (သို့) သူတို့ အနီးအနား လှုပ်ရှားမှုများကို တက်ရောက်စေခြင်းမျိုး၊ Kleercut စည်းရုံးလှုံ့ဆော်ရေးနဲ့ အစိမ်းရောင် ငြိမ်းချမ်းရေး ကနေဒါက ရစ်ချက်ဘရွတ် ပြောတာကတော့ ‘ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းကို ဘယ်လို ပုံဖော်တယ် ဆိုတာက ပေါက်ရောက်ဖို့အတွက် အလွန်အရေးပါတဲ့ အချက် ဖြစ်တယ်။ တခါတရံ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေမှာတောင်မှ သူတို့ အဖွဲ့အစည်းရဲ့ ဆိုလိုရင်းကို မြင်သာအောင် မပြနိုင်တာမျိုး ရှိတတ်ပါတယ်။ သူတို့ အသုံးပြုတဲ့ ဘာသာစကားများက ပြင်းထန်မှု ရှိသင့်သလောက် မရှိပဲ အလယ်လမ်း လိုက်သလို ဖြစ်နေတတ်လို့ပါ။ Kleercut ကတော့ ဒါကို အလှည့်အပြောင်းလေး အနည်းငယ် လုပ်လိုက်ပါတယ်။ ကျနော်တို့ လှုပ်ရှားမှု ဦးစားပေး ဘာသာစကား သုံးပါတယ်။ ဒါ့ပြင် ကျနော်တို့ ဆက်သွယ် လုပ်ကိုင်ပုံက အလွန်သေချာပြီး စည်းရုံးရေးသမားများ ကိုယ်တိုင်က အီးမေးလ်တွေမှာ သူတို့ ကိုယ်ပိုင်နာမည်တွေနဲ့ လက်မှတ်ထိုးတာတွေနဲ့ စိတ်ကြိုက် ပြင်ဆင်ထားပါတယ်။ ၂၀၀၄ ကျနော်တို့ စည်းရုံးလှုံ့ဆော်ရေး ပြန်စချိန်ထိတောင် ဒီလိုလုပ်တာမျိုးက အသစ်အဆန်းဖြစ်တုန်း ရှိပါသေးတယ်။ ရလဒ်အနေနဲ့ကတော့ ငယ်ရွယ်တဲ့ တက်ကြွလှုပ်ရှားသူများ Sign up လုပ် စာရင်းသွင်းတာ ပိုမိုများပြားလာတာပါပဲ။’ လူတွေကြား ဆက်ဆံရေးများကို ခြေရာခံဖို့ရန် CiciCRM ကို အသုံးပြုခဲ့ပြီး Kleercut ကတော့ သူ အီးမေးပို့ခဲ့တဲ့ လူတွေရဲ့ ၁၅-၂၀ ရာခိုင်နှုန်းက နောက်ဆက်တွဲ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ‘သာမန်အစိမ်းရောင် ငြိမ်းချမ်းရေးမှာ ရရှိခဲ့တဲ့ တုံ့ပြန်မှု့များထက် ရာခိုင်နှုန်း ပိုများခဲ့ပါတယ်’ လို့ ရစ်ချတ်က ဆိုပါတယ်။ Kleercut က တိုက်တွန်း လှုံ့ဆော်သူများကို ပြည်နယ်နဲ့ မြို့တော်များပေါ် မူတည်ပြီး အီးမေးလ် စာရင်းများကို သူတို့ ကိုယ်တိုင် စီမံခန့်ခွဲစေပြီး တဦးနဲ့ တဦး ဆက်သွယ်မှု ရှိအောင်လည်း ဆောင်ရွက်ပေးပါတယ်။ ဘရွတ်က ပြောတာကတော့ ‘ကျနော်တို့ အနေနဲ့ ပြောဆိုဆွေးနွေးနိုင်တဲ့ သတင်းလေးတွေကို မတူတဲ့နေရာ အမျိုးမျိုးမှာ ထုတ်ပေးရပါတယ်။ မြို့နယ်တိုင်း၊ မြို့ကြီးတိုင်းတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ဖို့ လိုက် မစီစဉ်နိုင်ပါဘူး။ ဒါကြောင့် လူတွေဆီ သူတို့ ကိုယ်တိုင် စီစဉ်နိုင်တဲ့ Tool တွေ ရောက်အောင် ပို့ပေးဖို့က အရေးကြီးပါတယ်။ ကျနော်တို့ ဖြန့်ဝေပေးတဲ့ Tool များကြောင့် စည်းရုံးလှုံ့ဆော်ရေးသမား ၅ ဦးအစား တကယ့် လက်တွေ့လောကထဲမှာ ဒါတွေ လုပ်နိုင်တဲ့ လူ ၁၀ ၀၀၀ လောက်ကို ရရှိခဲ့ပါတယ်။ Tool တခု ဖြစ်တဲ့ Kleercut ထဲမှာ Toolbook၊ ပိုစတာနဲ့ မီဒီယာ ထုတ်လွှင့်မှုတွေ ပါပါတယ်။’ ၂၀၀၉ သြဂုတ်လထဲမှာ ကင်ဘာလေ-ကလာ့ခ်က သူတို့ ထုတ်ကုန်တွေထဲမှာ ပါတဲ့ အသားမျှင် အဆင့်အတန်းများကို စတင် မိတ်ဆက်ရန် သဘောတူညီလိုက်ချိန်မှာတော့ Kleercut စည်းရုံးလှုံ့ဆော်ရေးဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒေသတွင်း တက်ကြွလှုပ်ရှားမှု အဖွဲ့များကနေတဆင့် နိုင်ငံတွင်း အတိုင်းအတာနဲ့ စေတနာ့ဝန်ထမ်း ကွန်ယက်တွေ ဆင့်ပွား ပေါ်ပေါက်လာတဲ့ အထိ ကနေဒါမှာ စည်းရုံးလှုံ့ဆော်ရေး ဆက်လက်တည်တံ့နေခဲ့တယ်။

 

အသုံးပြုခဲ့တဲ့ Tool များ -

Drupal နဲ့ CiciCRM။ ရစ်ချက်ဘရွတ် ပြောတာကတော့ ‘ပြီးခဲ့တဲ့ နှစ်အတွင်းကတော့ ကျတော်တို့ စည်းရုံးလှုံ့ဆော်ရေးကို ကျွန်တော်တို့ ၀က်ဆိုဒ်ပေါ်မှာ သာမကပဲ Facebook Groups ထိ ချဲ့ထွင်ခဲ့ပါတယ်။ လူပေါင်းမြောက်များစွာက စည်းရုံးလှုံ့ဆော်ရေးနှင့် ပတ်သက်တဲ့ သူတို့ရဲ့ ဗီဒီယိုတွေကို Youtube ပေါ်မှာ တင်ပို့ထားခဲ့ပြီး သူတို့ ဖန်တီးထားတဲ့ ဗွီဒီယိုတွေကိုလည်း မိတ်ဆွေတွေဆီ လက်ဆင့်ကမ်းခဲ့ပါတယ်။ MySpace နဲ့ Twitter လို ပိုများပြားတဲ့ Tool တွေကို ရလာနိုင်တာနဲ့အမျှ ဒါတွေကိုပါ ကျနော်တို့ စသုံးနေပါပြီ။’
လက်လှမ်းမီမှု အတိုင်းအတာ - စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်နေသည့် ၅ နှစ်အတွင်းမှာ လူပေါင်း ၃၀ ၀၀၀ စာရင်းသွင်းခဲ့ပြီး မြောက်အမေရိကက လူတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၀၅ တကမ္ဘာလုံး လှုပ်ရှားမှုနေ့အတွက်တော့ အခမ်းအနား တော်တော်များများ မြောက်အမေရိကမှာ လုပ်ခဲ့ပြီး ဥရောပမှာတော့ နည်းနည်းပဲ ရှိခဲ့ပါတယ်။ ဝက်ဆိုဒ်ပေါ်မှာ အင်္ဂလိပ် ပြင်သစ်ဘာသာ စကား ၂ မျိုးလုံး ထည့်သွင်းထားပါတယ်။
အရင်းအမြစ်များ - လူတွေ သိအောင်လုပ်ပြီး အဆက်အသွယ်တွေကို စီမံခန်ခွဲတဲ့ Tool တွေကို ထုတ်ပြန်ပြီးရင်တော့ စည်းရုံးလှုံ့ဆော်ရေးရဲ့ နောက်ကွယ်က နည်းပညာတွေကို ပံ့ပိုးပေးဖို့ ထပ်မံ ကုန်ကျစရိတ်တော့ မရှိပါဘူး။ ‘ဆောင်းပါးတွေ၊ ဘလော့ဂ်တွေနဲ့ လှုပ်ရှားဆောင်ရွက်မှု အကြောင်းအရာ စတဲ့ ၀က်ဆိုဒ်မှာ ပါတဲ့ အကြောင်းအရာ တော်တော်များများရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စည်းရုံးရေးသမားများက ပြုလုပ်သွားတာပါပဲ။’ ဟု ရစ်ချက်ဘရွတ်ခ် က ပြောပြပါတယ်။ ‘စည်းရုံး လှုံ့ဆော်ရေးသမားတွေ ကိုယ်တိုင်က ပါဝင်တဲ့ အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ ဖြည့်စွက်ပေးသွားနိုင်တယ် ဆိုတာ အစိမ်းရောင် ငြိမ်းချမ်းရေးအတွက် တော်လှန်ရေး တရပ်လိုပါပဲ။ အဆက်အသွယ်တွေကို စီမံခန့်ခွဲမှုစနစ်ရဲ့ သုံးစွဲရလွယ်ကူမှုကြောင့် ဒီလိုလုပ်ဖို့က ဖြစ်နိုင်ချေရှိခဲ့တာပါ။’
ကြာချိန် - ၀က်ဆိုဒ်ကို စိတ်ကြိုက် ပြင်ဆင်ရန်၊ လက်တွေ့ဖော်ဆောင်ရန်၊ အကြောင်းအရာများ ထည့်သွင်းရန်နဲ့ ပါဝင်သူတွေ စီမံခန့်ခွဲနိုင်တဲ့ စနစ်တွေ အတွက် ၄ လ မှ ၅ လ။ စည်းရုံး လှုံ့ဆော်ရေးကို နိုဝင်ဘာ ၂၀၀၄ မှာ စတင်ခဲ့ပြီး ၂၀၀၉ သြဂုတ်မှာ ပြီးဆုံးခဲ့ပါတယ်။

ခက်ခဲမှုအဆင့် - အဆင့် ၅ ခု အနက်မှ ၃

 

ကုန်ကျစရိတ် - ၀က်ဆိုဒ် ဖန်တီးရန်၊ Drupal နှင့် ViviCRM ကို Integrate လုပ်ရန်နဲ့ အမှတ်တံဆိပ် ဒီဇိုင်းအတွက် အပြင်က လုပ်သူများအတွက် အမေရိကန်ဒေါ်လာ ထောင်ချီကုန်ခဲ့ပါတယ်။ ၀က်ဆိုဒ်နေရာအတွက် (Web Hosting) က တလ အမေရိကန်ဒေါ်လာ ၅၀ မှ ၆၀ ထိ။ စီမံကိန်း ဖော်ဆောင်ဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် ၀န်ထမ်းလစာများကတော့ လက်ရှိအချိန်ထိ ကုန်ကျဆဲ။

 

ဆက်လေ့လာရန် Links များ -

Kleercut ရဲ့ open source စည်းရုံးလှုံ့ဆော်ရေး

နည်းဗျူဟာ ၆။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


သိကျွမ်းသူများရဲ့ အချိတ်အဆက်တွေကို အသုံးပြုပါ

အဆက်အသွယ်များကို စီမံခန့်ခွဲပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 796kb)

Greenpeace USA Kleercut poster
ယူအက်စ်အေမှ မြစိမ်းရောင် ငြိမ်းချမ်းရေး

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • ဆက်သွယ်ရန် လိပ်စာတွေအတွက် ဒေတာဘေ့စ်တခု တည်ဆောက်ရတာဟာ စိန်ခေါ်မှု တခုလို ခက်ခဲနိုင်ပါတယ်။ လူတွေက ဘယ်လို ဆက်ဆံရေးမျိုး ထားလိုတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ သူတို့က ဒီလှုပ်ရှားမှု သတင်း အချက်အလက်ကို ဒီတကြိမ်ပဲ လိုချင်တယ်လို့ သတ်သတ်မှတ်မှတ် ရှိသလား (သို့) ယေဘုယျ (သို့) ဖြစ်ပွားနေဆဲ စည်းရုံးလှုံ့ဆော်ရေးတွေအကြောင်း ပုံမှန် သတင်း အချက်အလက် လက်ခံရလိုသလား သိဖို့လိုပါတယ်။
  • အဆက်အသွယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက ပိုမို တိကျလေလေ ပြုလုပ်ပေးနိုင်တဲ့ သူတို့ကြားက ဆက်ဆံရေး ပိုမိုခိုင်မာလေလေ ဖြစ်ပါတယ်။ အဆက်အသွယ်တွေရဲ့ အချက်အလက်တွေ သိုမှီးရာ ဒေတာဘေ့စ်ကို တတ်နိုင်သမျှ လက်ရှိကာလနဲ့ ကိုက်ညီအောင် ပြည့်စုံအောင် ဘယ်လိုထိန်းသိမ်းနိုင်မလဲ ဆိုတာ ပြန်လည်သုံးသပ်ပါ။
  • လူတွေဆီက သတင်း အချက်အလက်ကို ဘယ်လို စုဆောင်းမယ်နဲ့ ဘာကြောင့် စုဆောင်းရတယ်၊ ဘယ်လို အသုံးချမယ် ဆိုတာကို ရှင်းလင်း ပြောပြတာမှာ ဂရုတစိုက် ကြိုတင်စီစဉ်ဖို့ အရေးကြီးပါတယ်။ လိပ်စာတွေကို စုစည်းရာတွင် အီးမေးလ် အသုံးပြု စုစည်းခြင်းက ၀က်ဆိုဒ်ပေါ်မှာ မှတ်ပုံတင် (Sign up) လုပ် စုစည်းရခြင်းထက် ပိုစိတ်ချရပါသလား။ လူမှုဆက်ဆံရေး ကွန်ယက်တွေပေါ်မှာ စည်းရုံးလှုံ့ဆော်ရေးအတွက် ပရိုဖိုင် တင်ထားဖို့ တောင်းဆိုခြင်းက ထောက်ခံသူများ ပူးပေါင်းလာစေတဲ့ နည်းလမ်းတခု ဖြစ်ပါသလား။
  • လူတွေကို ပံ့ပိုးပေးတဲ့ သတင်း အချက်အလက်တွေကို တတ်နိုင်သမျှ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပေးပါ။ များပြားလှတဲ့ မက်ဆေ့ခ်ျတွေကို ထောက်ခံသူများ အားလုံးဆီ ပေးပို့တဲ့အခါ လက်ခံရရှိသူတွေ အနေနဲ့ မက်ဆေ့ခ်ျ လျစ်လျူရှုမှုများ ဖြစ်နိုင်ပြီး ရှိပြီးသား ဆက်ဆံရေးကို အဆုံးသတ်လိုက်နိုင်ပါတယ်။ လူတွေဆီကို လိုအပ်တာထက် ပိုပြီး မက်ဆေ့ခ်ျတွေ မပို့ပေးမိဖို့ အရေးကြီးပါတယ်။ ထောက်ခံသူတွေကို ဘယ်လိုပုံစံမျိုး (အီးမေးလ်၊ စာသားမက်ဆေ့ခ်ျ၊ ဗီဒီယို)၊ ဘယ်လို အမျိုးအစား (သတင်းလွှာ၊ သတ်သတ်မှတ်မှတ် ရှိတဲ့ စည်းရုံးလှုံ့ဆော်ရေး တစ်ခု၊ အခမ်းအနား ပွဲလမ်းသဘင်များ) နဲ့ ဘယ်လို အကြိမ်ရေ (နေ့စဉ်၊ အပတ်စဉ်၊ လစဉ်) စသဖြင့် ဘယ်လိုနည်းနဲ့ ဆက်သွယ်တာ သဘောကျလဲ မေးနိုင်ပါတယ်။
  • အဆက်အသွယ်တွေဆီ သတင်း အချက်အလက်ပို့မှုများနဲ့ ဆက်စပ်ပြီး လူတွေကို တယောက်နဲ့ တယောက် ဆက်စပ်မိစေပြီး လက်တလော လှုပ်ရှားမှုများနဲ့ ပွဲလမ်းဘင်များအကြောင်း အသိပေးနိုင်ခြင်း (သို့) ဒေသတွင်း (သို့) ပိုမိုပြတ်သားတဲ့ လှုပ်ရှားမှုများ (သို့) စည်းရုံး လှုံ့ဆော်ရေးများ ပြုလုပ်ကြဖို့ ညှိနှိုင်းပေးနိုင်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • ဒေတာဘေ့စ်မှာ ထည့်သွင်းထားဖို့ အလုပ်အပ်ဆုံး လူတွေက ဘယ်သူတွေလဲ။ သူတို့ဆီကို ဘယ်လိုနည်းတွေနဲ့ ဆက်သွယ် ရောက်ရှိနိုင်မလဲ။ စုဆောင်းပြီးတာနဲ့ တပြိုင်နက် သူတို့ကို စည်းရုံး လှုံ့ဆော်ရေးထဲမှာ ဆက်လက် ပါဝင်နေအောင် ဘယ်လို လုပ်ဆောင်မလဲ။
  • စည်းရုံး လှုံ့ဆော်ရေးကို လူတွေ ပိုမို အာရုံစိုက်လာအောင် လူတွေ ပိုပါလာအောင် မီဒီယာကို ဘယ်လိုသုံးမလဲ။
  • အခြား လူတွေပါ ပါလာဖို့ စည်းရုံးလှုံ့ဆော်ရေးမှာ ပါဝင်ပြီး သူတွေကို ဘယ်လိုသုံးနိုင်မလဲ။ အီးမေးလ် အသိပေးချက်တွေကို ဆက်လက် ပေးပို့ခြင်းဖြင့်လား၊ ဗီဒီယိုတွေ ဝေမျှခြင်းဖြင့်လား၊ သူတို့ရဲ့ ဘလော့ဂ်တွေနဲ့ လူမှုဆက်ဆံရေး ကွန်ယက် စာမျက်နှာတွေမှာ ဓာတ်ပုံတွေ တင်ပို့တာလား။
  • ဒေတာဘေ့စ်ကနေ လူတွေကို အလွယ်ကူဆုံး နည်းလမ်းနဲ့ ဖယ်ရှားပစ်နိုင်တဲ့ ဖြစ်စဉ်က ဘာဖြစ်မလဲ။
  • အဖွဲ့ရဲ့ ဒေတာတွေကို လုံခြုံပြီး အတွင်းရေးအဖြစ် ထိန်းသိမ်းထားတယ် ဆိုတာ သေချာအောင် လုပ်နိုင်တဲ့ အဆင့်တွေက ဘာဖြစ်မလဲ။ ဒီဒေတာတွေကို ကိုယ်ပိုင် ဆာဗာပေါ်မှာ သိမ်းထားနိုင်မလား။ သိမ်းဆည်းခံရတာတွေ၊ ပျောက်ဆုံးသွားတာတွေ ဖြစ်နိုင်တဲ့အတွက် ဘယ်လိုနည်းနဲ့ Back Up လုပ်ထားနိုင်မလဲ။
  • ဘယ်လို လှုပ်ရှားမှုမျိုးက အရေးကြီးတဲ့ လမ်းကြောင်း ဖြစ်တယ်လို့ လူတွေကို မြင်စေချင်တာလဲ။ အခမ်းအနားတွေ စီစဉ်ခြင်းလား၊ အဆက်အသွယ်သစ်တွေ ရှာဖွေ စုဆောင်းဖို့လား၊ တောင်းခံလွှာတွေမှာ လက်မှတ် ရေးထိုးဖို့လား၊ အီးမေးလ်တွေ ပေးပို့ရန်လား။
  • လူတွေနဲ့ ဆက်သွယ်ရေးမှာ ဘယ်တခုက အလုပ်ဖြစ်ပြီး ဘယ်တခုက အလုပ်မဖြစ်ဘူးလဲဆိုတာကို သိဖို့ လူတွေရဲ့ တုံ့ပြန်မှုနှုန်းထားကို ဘယ်လိုနည်းနှင့် ခြေရာကောက်နိုင်မလဲ။ အကြောင်းပြန်တဲ့ လူတွေရဲ့ ထောက်ခံမှုတွေကို အနာဂတ်မှာ ဘယ်လို အရင်းအနှီးပြုမလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. ထောက်ခံသူတွေကို ခြေရာခံတာမှာ သင်လိုချင်သော အပြောင်းအလဲကို လုပ်ဆောင်နိုင်သူများ (ဆန့်ကျင်သူဖြစ်အုံးတော့) ရဲ့ အဆက်အသွယ် သတင်းအချက်လက်တွေကို စုစည်းခြင်းများ ထည့်သွင်းပါ။ ဤနည်းဖြင့် ပစ်မှတ်ထားတဲ့ စည်းရုံးလှုံ့ဆော်ရေး အီးမေးလ်တွေကို ကိုယ်တိုင် (သို့မဟုတ် ထောက်ခံသူများမှ) ပို့ဖို့ လိုလာတဲ့အခါ ဒီအချက်အလက်တွေ လက်ထဲမှာ အသင့်ရှိနေပြီး သူတို့ရဲ့ တုံ့ပြန်ချက်များကို ခြေရာခံဖို့ နည်းလမ်းတွေ ရှာဖွေနိုင်ပါတယ်။
  2. လူတွေကို စာသား မက်ဆေ့ခ်ျများကတဆင့် အကြောင်းပြန်နိုင်တဲ့ စစ်တမ်းနမူနာ ကောက်ယူမှုတွေ လုပ်ပြီး စည်းရုံးလှုံ့ဆော်ရေးက မိုဘိုင်းဖုန်းနဲ့ အသိပေးချက်များအတွက် စာရင်းပေးခြင်းများ ရလာအောင် လူစုပါ။
  3. ထောက်ခံသူများက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ထောက်ခံသူတွေ အာရုံစူးစိုက်မှု အများဆုံးက ဘာဆိုတာ ဖော်ပြတဲ့ ထောက်ခံမှု-အခြေပြု မြေပုံတခုကို သူတို့ ခွင့်ပြုချက်နဲ့ ဖန်တီးပါ။
  4. ထောက်ခံ အားပေးသူတွေကို သူတို့ရဲ့ နီးစပ်ရာမှာ ရှိနေတဲ့ စည်းရုံးလှုံ့ဆော်ရေးက လူတွေနဲ့ ဆက်စပ်မိစေပြီး ကိုယ်ပိုင် စည်းရုံးလှုံ့ဆော်ရေးပွဲများ စီစဉ်နိုင်အောင် ကူညီပေးပါ။ အဆက်အသွယ်များကို စီမံခန့်ခွဲတဲ့ Tool များကို သုံးပြီး တယောက်နဲ့ တယောက် အဆက်အသွယ်များကို ဖော်ပြစရာ မလိုပဲ လုပ်နိုင်ပါတယ်။
  5. စည်းရုံးလှုံ့ဆော်ရေးနဲ့ ပတ်သက်ပြီး လုပ်တဲ့ အခမ်းအနားတွေမှာ တက်ရောက်သူတွေကို ပစ်မှတ်ထား ရေးသားတဲ့ စာသား မက်ဆေ့ခ်ျများ (သို့) တိုက်ရိုက် အစီအစဉ်ခံချက်များ ဖြစ်ပွားနေမှုကို အသိပေးတဲ့ အီးမေးလ် သတိပေးချက်များ (သို့) ပြင်ဆင်ထားပြီးသား သတင်း အချက်အလက်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးမှုများ လက်ခံရရှိအောင် စာရင်းပေးခြင်းများ ပြုလုပ်ရန် တောင်းဆိုပါ။