စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၈၀၄kb)
ဒီနည်းက လူထုဆီက (သို့) တာဝန်ရှိသူတွေက အရေးယူရန် လျစ်လျူရှုခံရတဲ့၊ ဖုံးကွယ်ထားတဲ့ အထောက်အထားတွေကို ထုတ်ဖော်မျှဝေရန်နဲ့ အရေးယူ ဆောင်ရွက်ရန် အခြားသူများနဲ့ ပူးပေါင်းလုပ်တဲ့အခါမှာ အသုံးဝင်တယ်။
ဗွီဒီယိုထဲက နမူနာများ
|
အီဂျစ် နိုင်ငံသားများနဲ့ သတင်းထောက်များ သတင်းထောက် နိုဟာအာတက်ဖ် (Noha Atef) ဟာ စာဖတ်သူတွေ တင်ပို့တဲ့ ဓာတ်ပုံများ ဗီဒီယိုများကို သုံးပြီး အီဂျစ်နိုင်ငံသားတွေအပေါ် ရဲတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေကို မှတ်တမ်းတင်ရန် TotureInEgypt.net ဆိုတဲ့ ၀က်ဆိုဒ်တခု ဖန်တီးခဲ့ကြပါတယ်။ တချို့ကိစ္စတွေမှာ ဗီဒီယိုတွေဟာ ရဲတွေကိုယ်တိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နိုဟာဟာ စာဖတ်ပရိသတ်တွေ ပို့ပေးတဲ့ တရားမ၀င်ထောင်သွင်း အကျဉ်းချမှုနှင့် ရဲများ အကျင့်ပျက် လာဘ်စားမှု အကြောင်းတွေကိုလည်း ဆက်လက်တင်ပြပေးသွားတယ်။ သူတင်ပြတဲ့ အကြောင်းအရာများအပေါ် ဒေသခံမီဒီယာရဲ့ အာရုံကို ရရှိပြီးချိန်မှာတော့ ၁၄နှစ်ကြာ မတရား ထောင်သွင်း အကျဉ်းချခံထားရတဲ့ အပြစ်မရှိတဲ့ လူတယောက် ထောင်က လွတ်လာပါတယ်။
သုံးစွဲခဲ့တဲ့ ကိရိယာများ - ၀က်ဆိုဒ် ဖန်တီးဖို့အတွက် Drupal (အရင်ကတော့ Blogspot)၊ အများအားဖြင့် လက်ကိုင်ဖုန်းများနဲ့ ရိုက်ယူပြီး ပို့ပေးခဲ့တဲ့ ဓာတ်ပုံများနဲ့ ဗွီဒီယိုများ
ဆက်လက် လေ့လာရန် Links များ - အီဂျစ်နိုင်ငံမှ ညှင်းဆဲနှိုပ်စက်မှုကို ဖေါ်ပြတဲ့ ကွန်ရက်စာမျက်နှာ |
|
တူနီးရှား တိုက်တွန်းလှုံ့ဆော်သူများ တူနီးရှား ဘလော့ဂါများက သမ္မတလေယာဉ်ကို ပုဂ္ဂိုလ်ရေး ခရီးစဉ်အတွက် တိုးချဲ့ သုံးစွဲနေမှုကို ဖွင့်ချခဲ့တဲ့ မြေပုံထုတ်ခြင်း စီမံကိန်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ ဒီစည်းရုံးလှုံ့ဆော်မှုဟာ ဘလော့ဂါ အာစထရူဘာ (Astrubal) က လေကြောင်း သွားလာမှု ခြေရာကောက်တဲ့ ၀က်ဆိုဒ်များပေါ်မှာ တူနီးရှားသမ္မတရဲ့ လေယာဉ် ဓာတ်ပုံများကို တွေ့ရှိတဲ့အခါက စတင်ခဲ့တယ်။ ဒီအချက်အလက်တွေကို သုံးပြီး အာစထရူဘာက ဂူဂဲလ်ကမ္ဘာကို အသုံးပြုပြီး စိတ်ကူး ဖန်တီးချက်နဲ့အတူ လေယာဉ်တွေ တွေ့ရှိခဲ့တဲ့ လေယာဉ်ကွင်းများကို အချိန်နဲ့တကွ ပြသဖို့ လေယာဉ်ပုံများကို ပေါင်းစပ်လိုက်တယ်။ ဒီဗီဒီယိုဟာ YouTube ပေါ်မှာ ပျံ့နှံ့သွားပြီး ဘလော့ဂါများပြသတဲ့ အထောက်အထားများကို အတည်ပြုဖို့ နောက်ဆက်တွဲ စုံစမ်းမှု့တွေ ပြုလုပ်ဖို့ ပင်မမီဒီယာကို တွန်းအားပေးသလို ဖြစ်ခဲ့တယ်။ ရလဒ်အနေနဲ့ အစိုးရရဲ့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှုအပေါ် အာရုံစိုက်မှု အများကြီးရရှိခဲ့တယ်။ ဒါပေမဲ့ အခြား အကျိုးဆက်အနေနဲ့ Youtube နဲ့ အခြား ဗီဒီယိုမျှဝေတဲ့ ကွန်ရက် DailyMotion ကို တူနီးရှား အစိုးရက ပိတ်ဆို့ခဲ့တယ်။
သုံးစွဲခဲ့တဲ့ ကိရိယာများ - လေယာဉ် ရှာဖွေသူများရဲ့ (Airliners.net လို) ၀က်ဆိုဒ်များ၊ ဂူဂဲလ်ကမ္ဘာ၊ Youtube၊ Flickr
ဆက်လက် လေ့လာရန် Links များ - |
စုံစမ်းစစ်ဆေးပါ။ ထုတ်ဖော်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 804kb)
ပြဿနာ ဆန်းစစ်ချက်များ
ခေါင်းစဉ် - ပါဝင်သူများ - နေရာ - ၀က်ဆိုဒ် - |
ကျားနှင့် မိကျောင်းကြား ကြားညပ်မှု အာရှ ပစိဖိတ်ဆိုင်ရာ လိင်လုပ်သားများ ကွန်ယက် (APNSW) & စည်းရုံးသော အမျိုးသမီးများ ကွန်ယက် (WNU) အာရှ ပစိဖိတ် နယ်ပယ်၊ ကမ္ဘောဒီယား ဗဟိုပြု APNSW |
ရှင်းလင်းဖော်ပြချက်
အာရှ ပစိဖိတ်ဆိုင်ရာ လိင်လုပ်သားများ ကွန်ယက် (APNSW) ကမ္ဘောဒီးယားမှာ တည်ရှိတဲ့ အမည်ခံလောက်သာရှိတဲ့ “ပြန်လည်ထူထောင်ရေး” စခန်းများမှာ ထိန်းသိမ်းထားတဲ့ လိင်လုပ်သားများဆီမှ တင်ပို့ပေးလိုက်တဲ့ ညှင်းပန်းနှိပ်စက်ထားတဲ့ အခြေအနေများနှင့် လူ့အခွင့်အရေးကို ထိပါးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် ဒစ်ဂျစ်တယ် ဗွီဒီယိုကို အသုံးပြုခဲ့ပါတယ်။ ဒေသခံ မီဒီယာများနဲ့ နိုင်ငံရေးသမားများက ဒီစခန်းတွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိအောင် သင်တန်းပေးဖို့အတွက်လို့ ဆိုနေချိန်မှာ လွတ်မြောက်လာတဲ့ လိင်လုပ်သားများကို တွေ့ဆုံမေးမြန်းချက်များမှ ပြောကြားချက်များက ၄င်းတို့ တိုက်ခိုက်ခံရပုံတွေ၊ မုဒိမ်းမှုတွေနဲ့ သန့်ရှင်းတဲ့ အစာရေစာနှင့် ဆေးဝါးလစ်ဟာမှုတွေပဲ ဖြစ်နေခဲ့တယ်။
“ကျနော်တို့ ဒေသခံ APNSW အဖွဲ့ဝင်တစု၊ စည်းရုံးသော အမျိုးသမီး ကွန်ယက် (WNU) နှင့် အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။” လို့ APNSW ရဲ့ အဖွဲ့ဝင် တဖြစ်လဲ ဗီဒီယို ထုတ်လုပ်သူ ဒေးလ်ကွန်မွန့် (Dale Kongmont) က ဆိုပါတယ်။ “ကျနော်တို့ တွေ့ဆုံမေးမြန်းခဲ့သူတွေဟာ WNU အဖွဲ့ဝင်များ ဖြစ်ကြပြီး နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာသူတွေပါ။ သူတို့ကို ဗွီဒီယိုရဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ကြပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကို တိုက်ခိုက်ရန် ကူညီပေးလိုသူများက ကင်မရာရှေ့ တွေ့ဆုံဆွေးနွေးဖို့ နေရာမှာတင် ချက်ချင်း သဘောတူခဲ့ကြတယ်။”
APNSW က ယူကျူ နဲ့ blip.tv ပေါ်မှာ ဗွီဒီယို တင်ပို့ခဲ့ကြပြီး ဖနွမ်းပင်က လိင်လုပ်သား၅၀၀ အတွက် လှုပ်ရှားတဲ့ နေ့မှာ ဗွီဒီယိုကို တင်ဆက်ခဲ့ကြတယ်။ ဒေးလ်က “စခန်းနှစ်ခုအနက် တခုက APNSW, WNU နဲ့ ဒေသခံ လူ့အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့များရဲ့ အတူတကွ လုပ်ဆောင်ခဲ့တဲ့ စုပေါင်း အားထုတ်မှုများနဲ့ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက် အထောက်အထားများကို ပံ့ပိုးနိုင်မှုကြောင့် ပိတ်လိုက်ရပါတယ်။”
သုံးစွဲခဲ့တဲ့ Tool များ - | Flip ဗွီဒီယို ကင်မရာများ၊ ဒစ်ဂျစ်တယ် ဗီဒီယို တည်းဖြတ်ရေး ဆော့ဖ်ဝဲ (Final Cut Pro)၊ blip.tv ၊ Youtube နဲ့ ၀ဘ်ဆိုဒ်များ |
လက်လှမ်းမီမှု အတိုင်းအတာ - | ဗွီဒီယိုကို ၂၀၀၈ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ စတင်ပြသခဲ့ပါတယ်။ အေအိုင်ဒီအက်စ် ညီလာခံက ရည်ရွယ်တဲ့ ပရိသတ်ကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ သို့သော် ဗီဒီယိုကို အခမ်းအနား ကာလအတွင်း ထောင်ချီတဲ့ လူတွေကို ပြသနိုင်ခဲ့ပါတယ်။ Youtube နဲ့ blip.tv ပေါ်မှာ ဗွီဒီယိုကို ကြည့်ရှုသူ ၃၀၀၀ ကျော်ခဲ့ပါတယ်။ |
အရင်းအမြစ်များ - | ဒေသခံ လုပ်ဖော်ကိုင်ဖက်တွေက လှုပ်ရှားမှုအတွက် နေ့တနေ့ ကျင်းပပေးပြီး မီဒီယာ စည်းရုံးလှုံ့ဆော်ရေးတခု ဖော်ဆောင်ခြင်း၊ မူဝါဒရေးဆွဲသူတွေကို ဗီဒီယိုပြဖို့ ညီလာခံတွေကို တက်ရောက်မှုများ၊ WITNESS က ဗွီဒီယို သင်တန်းပေးခြင်းများ။ |
ကြာချိန် - | ခြေရာလက်ရာတွေကို စုဆောင်းဖို့နှင့် တည်းဖြတ်ဖို့ ကြာချိန် တနှစ်အတွင်း WITNESS မှ သင်တန်းအတွက် ကြာချိန် ၂ ပတ်။ |
ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့် အနက် အဆင့်၂
ကုန်ကျစရိတ် - ယူအက်စ်ဒေါ်လာ ၁၅ ,၀၀၀ (၀န်ထမ်းအတွက် ယူအက်စ်ဒေါ်လာ ၇၀၀၀၊ ထုတ်လုပ်ရေးအတွက် ယူအက်စ်ဒေါ်လာ ၅၀၀၀)
ဆက်လေ့လာစရာ Links များ -
စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 804kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ အီးမေးကို စကားဝှက်နဲ့ ရေးခြင်း - ဆက်သွယ်ရေးကို လုံခြုံအောင် သိမ်းဆည်းထားခြင်းက အရင်းအမြစ်၊ မျက်မြင်သက်သေများကို ကာကွယ်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ အီးမေးလ်များကို စာဝှက်ဖြင့် ရေးခြင်းဟာ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ သုံးတဲ့အခါ Gmail, Yahoo Mail (သို့) SquirrelMail ကို သုံးမယ်ဆိုရင် FireGPG ဆိုတဲ့ web browser plugin ကို အသုံးပြုနိုင်ပါတယ်။ FireGTP ဟာ ဘရောက်ဇာ (Browser) ကို ထွက်စရာ မလိုပဲ အီးမေးလ်ကို စာဝှက်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကို ဘာသာစကား ၂၅ မျိုးနဲ့ ရနိုင်ပါတယ်။ FireGPG ကို သုံးဖို့ ပထမဆုံး GPG ကို ကွန်ပျူတာ (http://www.gnupg.org) ထဲ မဖြစ်မနေ ထည့်သွင်းရပါမယ်။ နောက် ဆက်သွယ်ရေးကို လုံခြုံစွာမျှဝေပေးပြီး စာဝှက်ရေးနိုင်တဲ့ သီးခြား ထူးခြားတဲ့ စာဝှက်ဖော်တဲ့ သော့ချက်တခု ဖန်တီးပါ။ နည်းဗျူဟာဆိုင်ရာ နည်းပညာ (Tactical Tech) ရဲ့ လုံခြုံရေး - သေတ္တာထဲမှာ ဒီအကြောင်းနဲ့ ဆိုင်တဲ့ ပိုအသေးစိတ်တဲ့ ညွှန်ကြားချက်တွေနဲ့ အခြား လုံခြုံရေး ဆော့ဖ်ဝဲတွေကို ပံ့ပိုးပေးပါတယ်။ |
သိကောင်းစရာများ APNSW က ဒေးလ် ရဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအပေါ် အမြင် - "မက်ဆေ့ခ်ျကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားဖို့ လူ့အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့တွေ၊ အခြားအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်တာ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ အဓိက ပုဂ္ဂိုလ်များက ကိုယ့်ကို သိပြီး အရေးတယူ ရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ၂၀၀၈ အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံမှာ UN ၀ါရင့် ၀န်ထမ်းများ ကျနော်တို့ ဗွီဒီယိုတွေကို ကြည့်ဖြစ်အောင် စီစဉ်ခဲ့ကြတယ်။ လူတွေက ကျနော်တို့ ဗီဒီယိုကို မတွေ့ခင် အချိန်ထိ ရဲများ အခွင့်အရေးကို အလွဲသုံးစားပြု ညှဉ်းပမ်းနှိပ်စက်မှု ဘယ်လောက်ထိ ကြီးကျယ်နေတယ် ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး လို့ ပြောပါတယ်။ ဒီအချက်ကပဲ သူတို့ကို လှုပ်ရှားမှုဆီ အရောက် တွန်းပို့ပေးခဲ့တယ်။"
ကမ္ဘာ့ အသံများက (Global Voices) ဆမ်မီရဲ့ ဆက်ဆံရေးအပေါ် အမြင် - "အွန်လိုင်းက အချက်အလက် ရယူနိုင်ခြင်းမှာကို သူ့ကိုယ်ပိုင် စွမ်းအားတခု ရှိနေတယ်။ ဒါပေမဲ့ အွန်လိုင်းနဲ့ အော့ဖ်လိုင်း လှုပ်ရှားမှုကြားက ကွာဟချက်ကို ဖြည့်ပေးနိုင်ဖို့ လိုအပ်တယ်။ အင်တာနက် မရှိတဲ့ နေရာများဆီက ပရိသတ်ဆီကို လက်လှမ်းမမီနိုင်တော့ဘူး ဆိုရင် အချက်အလက်တွေ ချိတ်ဆက် ဖြန့်ဖြူးဖို့ အခြားနည်းလမ်းတွေ ရှာဖွေဖို့ လိုလာမယ်။ ဥပမာ - USB memory stick တွေ၊ ဒီဗွီဒီတွေ၊ စီဒီတွေ၊ ပိုစတာတွေ၊ လက်ကမ်း စာစောင်တွေနဲ့ အခြားအရာတွေ။ အွန်လိုင်းနဲ့ အော့ဖ်လိုင်း လှုပ်ရှားမှုကို ချိတ်ဆက်ပေးမယ့် နည်းလမ်းတွေ ရှာဖွေနိုင်ဖို့က အရေးကြီးတယ်။"
TotureInEgypt.net မှ နိုဟာ ရဲ့ ဘလော့များ အပေါ် အမြင် - "သုံးစွဲရလွယ်လို့ ဘလော့များဟာ အချက်အလက်-လှုပ်ရှားမှု့အတွက် ကောင်းမွန်တဲ့ Tool တခု ဖြစ်တယ်။ ဒါကို အသုံးပြုဖို့ နည်းပညာ အများကြီး နားလည်ဖို့ မလိုဘူး။ ဘလော့တွေဟာ အခမဲ့ရတဲ့ အပြင် လူသိများတယ်။ အထူးသဖြင့် အာရပ်ကမ္ဘာမှာ။ ဒီဘလော့တွေဟာ အပြောင်းအလဲ လုပ်တဲ့ နေရာမှာ အထူးသဖြင့် များပြားတဲ့ စာဖတ်သူများကြား (သို့) အလွန်သေးငယ်တဲ့ ပရိသတ် အကြားမှာတောင် အသိအမှတ်ပြုမှု လေးစားမှုရအောင် တည်ဆောက်တဲ့အခါ အလွန် ထိရောက်တယ်။" |