နည်းဗျူဟာ ၈ - ဗွီဒီယို


တိုက်ရိုက် အစီရင်ခံပါ

စုပေါင်း ဉာဏ်ပညာကို အသုံးပြုပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf ၅၄၀kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ရွေးကောက်ပွဲများ၊ ဘေးဒုက္ခများ သို့မဟုတ် အဓိကရုဏ်းများလို လူထု အခမ်းအနားများအကြောင်း အစီရင်ခံခြင်းနဲ့ လူအုပ်ကြီးနဲ့အတူ ပျံကျလိုက်လုပ်တာတွေအတွက် ဒီနည်းဗျူဟာ အသုံးဝင်ပါတယ်။

 

ဗွီဒီယိုထဲက နမူနာများ

Field Reporting the 2008 Mumbai Terror Attacks image


  • ၂၀၀၈ မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှုများကို ကွင်းဆင်း သတင်းပို့ခြင်း

မွန်ဘိုင်း မြို့ခံများ

တိုက်ခိုက်မှု ဖြစ်နေချိန်မှာ မီဒီယာပေါ် မရောက်သေးသော သတင်း အချက်အလက်များကို ရှာဖွေဝေမျှရန် ဒေသခံတွေက မိုဘိုင်းမက်ဆေ့ခ်ျများနဲ့ လက်ကိုင်ဖုန်း ဓာတ်ပုံများ သုံးပြီး ကိုယ့်အားကိုယ်ကိုး စီစဉ်ခဲ့ကြပါတယ်။ ဒီလိုစဉ် ဆက်မပြတ်အစီရင်ခံချက်များက ဒဏ်ရာရသူများနဲ့ သေဆုံးမှုများကို ဖော်ထုတ်ပေးခဲ့ပြီး သွေးလှူဒါန်းမှုများနဲ့ အခြားကယ်ဆယ်ရေးအတွက် အားထုတ်မှုများကို ထောက်ပံ့ပေးခဲ့ပါတယ်။ 

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - Twitter, Flikr, MySpace, ဘလော့ရေးခြင်းနဲ့ လက်ကိုင်ဖုန်းများ

 

ဆက်လက် လေ့လာရန် Links များ -

Flickr ပေါ်က ဓါတ်ပုံများ

Twitter သတင်းများ


Reports of violence in Madagascar highlighted on map


  • အကြမ်းဖက်မှုအကြောင်း လူထု သတင်းပေးချက်များ စုဆောင်းခြင်း

ဖိုကို(Foko) နဲ့ မဒတ်ဂါစကာ(Madagscar) နိုင်ငံသားများ

အစိုးရ လွှဲပြောင်းမှုတခုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများအတွင်း စစ်တပ်နဲ့ ရဲများရဲ့ အကြမ်းဖက်မှုများအကြောင်းကို မဒတ်ဂါစကာ နိုင်င်ငံသားများက ဖိုကိုမဒတ်ဂါစကာအဖွဲ့ဆီ SMS နဲ့ သတင်းစကားများ ပေးပို့ခဲ့ပါတယ်။ ဒီအစီရင်ခံချက်များကို အွန်လိုင်း မြေပုံတခုလုပ် ထုတ်ပြန်ခဲ့ကြပြီး ဒေသခံဘလော့ဂါများအဖွဲ့က တိကျ မှန်ကန်မှု ရှိမရှိ စစ်ဆေးပေးခဲ့ကြပါတယ်။ အဲ့ဒီကာလအတွင်းမှာ ထုံးတမ်းစဉ်လာ မီဒီယာများဟာ သြဇာလျော့နည်းလာနေပြီး ဖိုကိုရဲ့ ၀က်ဆိုဒ်က ပြည်သူတွေကို အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သတိပေးခြင်းနဲ့ ထုံးတမ်းစဉ်လာ မီဒီယာများက သတင်းပေးခြင်းထက် ပိုမိုပြည့်စုံတဲ့ မြင်ကွင်းတခုကို ပေးခဲ့တယ်။ 

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - InteliSMS, FrontlineSMS, Ushahidi, Twitter, လက်ကိုင်ဖုန်းများ နဲ့ ဘလော့ဂ်ရေးခြင်း

 

ဆက်လက် လေ့လာရန် Links များ -

FOKO ကွန်ရက် စာမျက်နှာ

FOKO နဲ့ တွေ့ဆုံဆွေးနွေခြင်း

‹ နည်းဗျူဟာ ၇ - ပြဿနာ ဆန်းစစ်ချက်

နည်းဗျူဟာ ၈ - ပြဿနာ ဆန်းစစ်ချက်


တိုက်ရိုက် အစီရင်ခံပါ

စုပေါင်း ညဏ်ပညာကို အသုံးပြုပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၇၄ဝkb)

Unsung Peace Heroes Google map screenshot
 

ပြဿနာ ဆန်းစစ်ချက်

ခေါင်းစဉ် -
စီစဉ်သူ
-
နေရာ -
ဝဘ်ဆိုဒ် -
မပေါ်ထွက်ဖူးသေးတဲ့ ငြိမ်းချမ်းရေး သူရဲကောင်းများ
လိပ်ပြာလုပ်ငန်းများ (Butterfly Works) နဲ့ မီဒီယာဗဟိုပြု အာဖရိက ဖောင်ဒေးရှင်း
ကင်ညာ
Peace Heroes website

ရှင်းလင်းဖော်ပြချက်
မဖော်ကျူးရသေးတဲ့ ငြိမ်းချမ်းရေး သူရဲကောင်းများအဖွဲ့က ၂၀၀၇ ဒီဇင်ဘာမှာ ကင်ညာမှာ ရွေးကောက်ပွဲ နှောင်းပွဲအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပြီး ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့တဲ့ သူများကို ဂုဏ်ပြုခဲ့ပါတယ်။ ကင်ညာလူမျိုးများက သူတို့ သဘောကျသော သူများနဲ့ အဖွဲ့အစည်းတွေကို text မက်ဆေ့ခ်ျများ၊ အီးမေးလ်များနဲ့ ငြိမ်းချမ်းရေး အခမ်းအနားများတွင် ပုံစံများဖြည့်ခြင်းဖြင့် အဆိုပြုနိုင်ပါတယ်။ လိပ်ပြာလုပ်ငန်းများနဲ့ အာဖရိကက မီဒီယာ ဗဟိုပြုအဖွဲ့များက ဒီအဆိုပြုချက်များကို စုဆောင်းခဲ့ကြပါတယ်။ နိုင်ရိုဘီ အဆိုပြုချက်များကို ဘာသာပြန်ခြင်း၊ စိစစ်ခြင်းနဲ့ ပြည်သူကြားက သတင်းပို့ Tool ဖြစ်တဲ့ Usahhidi ကို သုံးပြီး မြေပုံပေါ်မှာ ထည့်သွင်းခြင်းများ ဒေသခံ ဒီဇိုင်းကျောင်းနဲ့ အတူလုပ်ကြပါတယ်။

အွန်လိုင်း ထိုးဖောက်ဝင်ရောက်မှု နောက်ဆက်တွဲအနေနဲ့ ငြိမ်းချမ်းရေး သူရဲကောင်းများက သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ကြော်ငြာခဲ့ကြပြီး နိုင်ရိုဘီ (Nairobits) ကျောင်းသားများက လက်ကမ်းစာစောင်များ ဖြန့်ဖြူးခဲ့ကြပါတယ်။ ၂၀၀၉ မှာ ငြိမ်းချမ်းရေး သူရဲကောင်း ဆုရရှိသူ ၈ ဦးဟာ အမျိုးသား ရုပ်မြင်သံကြားမှာ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ ဆုရသူတဦး ဖြစ်တဲ့ ဂျိုဝဲလ်က (Joel) လူ ၁၈ ဦးကို အကြမ်းဖက်မှုက ကာကွယ်ပေးဖို့ သူ့ရဲ့ ခြံဝင်းထဲမှာ ၂ပ တ်ကြာ ၀ှက်ထားပေးခဲ့ပါတယ်။ သူရဲ့ ပြောပြချက်ကတော့ ‘ရပ်နီးရပ်ဝေးမှ ကွဲပြားတဲ့ အသိုင်းအ၀ိုင်းများဆီက ဂုဏ်ပြုစကားများ ဖုန်း၊ တယ်လီဖုန်း မက်ဆေ့ခ်ျများ မှတဆင့် ရရှိခဲ့တယ်။ မိသားစုတခုအနေနဲ့ ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ ရှိတဲ့ ဒီလူတွေ၊ ဒေသခံကောင်စီဝင်တစ်ဦးနှင့် စီမံခန့်ခွဲ့မှု အဖွဲ့ကိုပါ ဖိတ်ကြားပြီး ပါတီပွဲတခု ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပါတီပွဲအတွင်းမှာ ငြိမ်းချမ်းရေး အစပျိုးမှုတခု ထွက်ပေါ်လာဖို့ သူတို့ဖွဲ့စည်းဖို့ လိုအပ်တယ် ဆိုပြီး ငြိမ်းချမ်းရေး အဖွဲ့တခုကို မှတ်ပုံတင်ပြီး အကြမ်းဖက်မှုကို ထုတ်ဖော်ဖို့ အဖွဲ့ဝင် စုဆောင်းဖို့ ကျနော့ကို တာဝန်ပေးခဲ့ကြတယ်။’ ဆိုတာ ဖြစ်ပါတယ်။ မီဒီယာဗဟိုပြု အာဖရိက(Media Focus on Africa) က မာတင်စကူးမင်း ရဲ့ ပြောပြချက်ကတော့ ‘ရည်ရွယ်ချက်ကတော့ မျှော်လင့်ချက်ထားကြပါ ဆိုတဲ့ သတင်းစကားကို ပျံ့နှံ့အောင်လုပ်ဖို့ ဖြစ်ပြီး အခက်အခဲ ကာလအတွင်း ဒီလိုအချိန်မျိုးမှာ အကောင်းဘက်ကို ဗဟိုပြုဖို့ ဖြစ်တယ်။ ယနေ့အချိန်ထိ အငြင်းပွားမှုများဟာ ဖြေရှင်းဖို့၊ အဖြေရဖို့ အလှမ်းဝေးနေသေးတယ်။ လိပ်ပြာသက်ရောက်မှု (Butterfly Effect) လိုပဲ သေးငယ်တယ်လို့ ဆိုရလောက်တဲ့ အစပြုမှုတခုကနေ ယခုလို ဘေးပန်းရလဒ်တွေနဲ့ မမျှော်လင့်တဲ့ အကျိုးရလဒ်တွေ ရလာနိုင်ခြေရှိတယ်။’

 

အသုံးပြုခဲ့တဲ့ Tool များ -

Ushahidi, လက်ကိုင်ဖုန်းများ၊ Facebook, ၀က်ဆိုဒ်
ပေါက်ရောက်မှု အတိုင်းအတာ - နိုင်ငံနဲ့အ၀ှမ်း၊ တလအတွင်း အဆိုပြုသူပေါင်း ၅၀၀ ကျော်အပြင် ကင်ညာ သတင်း ထုတ်ပြန်ချက်အပြီး တရက်ကို လူ ၈၀ နှုန်း မြင့်တက်လာပါတယ်။
အရင်းအမြစ်များ - စည်းရုံးလှုံ့ဆော်ရေးကို ထုတ်ပြန်ကြေညာရန်အတွက် ဒေသခံဝန်ထမ်းများ၊ စေတနာ့ ၀န်ထမ်းများနဲ့ တွဲဖက်အဖွဲ့အစည်းများ၊ Facebook စာမျက်နှာအတွက် ဒီဇိုင်းရေးဆွဲခြင်း။
အချိန် - အဆိုပြုချက်များကို စုဆောင်းရန် အချိန် တလ၊ သုံးလအကြာတွင် ငြိမ်းချမ်းရေး သူရဲကောင်းများကို အခမ်းအနားနဲ့ ဆုများ ပေးအပ် အသိအမှတ်ပြုနိုင်ခဲ့။

ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့်ထဲမှ အဆင့် ၃

 

ကုန်ကျစရိတ် - ယူအက်စ်ဒေါ်လာ ၁၈ ၀၀၀ (SMS စနစ်အတွက် ယူအက်စ်ဒေါ်လာ ၃၀၀၀၊ ကျန်ရှိငွေအားလုံးက ကြော်ငြာနဲ့ ပါဝင်သူတွေအတွက် ဆု ကုန်ကျငွေ)

 

ဆက်လေ့လာစရာ Links များ -

သူရဲကောင်းများရဲ့ စီမံကိန်းများ (Heroes’ Projects)

ဆောင်းပါး - မဖော်ကျူးရသေးတဲ့ ငြိမ်းချမ်းရေး သူရဲကောင်းများ - အောင်ပွဲခံသူများ

နည်းဗျူဟာ ၈။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


တိုက်ရိုက် အစီရင်ခံပါ

စုပေါင်း ဉာဏ်ပညာကို အသုံးပြုပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 540kb)

Unsung Peace Heroes image
မပေါ်ထွက်ဖူးသေးတဲ့ ငြိမ်းချမ်းရေး သူရဲကောင်းများ

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • နည်းပညာနဲ့ လူမှုပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သေချာတဲ့ Tool အသုံးပြုမှု စသည်တို့အပေါ် မူတည်ပြီး ကွဲပြားချက်များ ရှိနိုင်ပေမယ့်လည်း ပြည်သူက ပူးပေါင်း သတင်းပို့ခြင်း (Citizen reporting) ဟာ နယ်ပယ်တော်တော်များများမှာ အလုပ်ဖြစ်နိုင်ပါတယ်။ အိန္ဒိယမှာ Twitter အင်မတန် အသုံးဝင်နေရခြင်းရဲ့ အကြောင်းရင်းကလဲ ဒါပဲဖြစ်တယ်။ အိန္ဒိယမှာ ရှိတဲ့ Twitter အသုံးပြုသူတွေဟာ သူတို့ လက်ကိုင်ဖုန်းများက တဆင့် ကမ္ဘာနဲ့တ၀ှမ်း အခြား Twitter သုံးသူများ မရနိုင်တဲ့ ကုဒ်တို(short code) ကို သုံးပြီး နောက်ဆုံး ဖြစ်ရပ်တွေကို တင်ပို့နိုင်ခဲ့ကြတယ်။
  • အရေးကိစ္စတိုင်းအတွက် Tool တခုကို သက်သက် ဖန်တီးနေစရာ မလိုပါဘူး။ မဒတ်ဂါစကာ အကြမ်းဖက်မှုကို ခြေရာခံမှာ သုံးခဲ့တဲ့ ယူရှဟိဒိ (Ushahidi) ဟာ ဆင်တူ စီမံကိန်းအတွက် ကင်ညာမှာ ပထမအကြိမ် သုံးပြီးသား ဖြစ်တယ်။ ဖိုကိုအဖွဲ့ဟာလည်း အဆင်ပြေမယ့် ဆော့ဖ်ဝဲလ် တခု ဖန်တီးနေစရာ မလိုဘူး။ ဒါပေမဲ့ သူတို့ စည်းရုံးလှုံ့ဆော်ရေးနဲ့ ကိုက်ညီအောင် လုပ်ဖို့တော့ လိုအပ်ခဲ့တယ်။
  • တိုက်ရိုက် အစီရင်ခံခြင်း ပုံစံတမျိုးကတော့ လက်ရှိ အဖြစ်အပျက်များရဲ့ စဉ်ဆက်မပြတ် အစီအရင်ခံချက်များကို မွန်ဘိုင်း အကြမ်းဖက်မှုမှာ လုပ်ခဲ့တဲ့အတိုင်း စုစည်းခြင်း ဖြစ်တယ်။ ဒီလိုပုံစံမျိုး သတင်းပို့ခြင်းမျိုး ဆောင်ရွက်နိုင်ဖို့အတွက် ဘလော့ဂ်များ အတွက် ကွန်ယက် တနေရာ ရှိဖို့နဲ့ ပြည်သူကြားက သတင်းထောက်များက သတင်းများ ထုတ်ပြန်ကြေညာရန် တိုက်ရိုက် သတင်းထောက်များရဲ့ နောက်ဆုံး ပေးပို့ချက်များကို တုံ့ပြန်ဖို့ အဆင်သင့်ရှိနေရပါမယ်။
  • တိုက်ရိုက် အစီရင်ခံခြင်းရဲ့ တခြား နည်းလမ်းကတော့ မဒတ်ဂါစကာ စည်းရုံးလှုံ့ဆော်ရေးမှာ လုပ်ခဲ့သလိုပဲ ချက်ချင်း သတင်းပေးပို့ခြင်းကို လမ်းညွှန်ပေးဖို့ ဖြစ်တယ်။ ဒီလို သတင်းပေးခြင်းက အလားအလာရှိတဲ့ ပြည်သူကြားက သတင်းထောက်များနဲ့ အဆင်ပြေစေဖို့အတွက် ခိုင်မာ ပြည့်မီတဲ့ စီမံကိန်း တခုရှိဖို့ လိုအပ်တယ်။ ထုံးတမ်းစဉ်လာ မီဒီယာကိုတော့ အစပျိုးခြင်းကို သတိထားမိစေဖို့ အသုံးပြုနိုင်တယ်။
  • လူမှု ပတ်ဝန်းကျင်အတွင်း အစီရင်ခံခြင်းရဲ့ အင်အားဟာ ကြီးထွားလာနေတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သတင်းဖန်တီးပုံဟာ တော်တော်လေး ပြောင်းလဲခဲ့ပါပြီ။ လူမှု အသိုင်းအ၀ိုင်းတခုက သူတို့ကိုယ်တိုင် သတင်း ဖန်တီးလာရုံ သာမကပဲ ထုံးတမ်းစဉ်လာ မီဒီယာက ရေဒီယို ရုပ်မြင်သံကြားအထိ ပြည်သူများ ကိုယ်တိုင် သတင်းပို့ခြင်းတွေ ပါဝင်လာပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • ကွင်းဆင်း သတင်းထောက်များဟာ တစ်ဦးနှင့် တစ်ဦး သတင်း အချက်အလက် ဘယ်လို ဖလှယ်ကြမလဲ။ လက်ကိုင်ဖုန်း သို့မဟုတ် အင်တာနက်ကို အားထား၍ သတင်း အချက်အလက် မျှဝေကြမလား။
  • စီစဉ်ထားခြင်း မရှိပဲ အလိုအလျောက် အစီရင်ခံ/သတင်း တင်ဆက်ခြင်းကို လုပ်ဆောင်ဖို့ ကြိုးစားမလား။ သို့မဟုတ် လူထု သတင်းထောက်တွေနဲ့ ကြိုတင်ပြီး အစီအစဉ် တခုရေးဆွဲ ပြုလုပ်သွားမလား။
  • အစီရင်ခံချက်များကို ပြုစုဖို့ရန် အသင့်သုံးနိုင်တဲ့ Tool တခု ရှိသလား သို့မဟုတ် ကိုယ်တိုင် ဖန်တီးဖို့ လိုမလား။
  • မီဒီယာ အစီအစဉ်၊ ထိုးဖောက် ၀င်ရောက်ဖို့ အစီအစဉ်က ဘာလဲ။
  • တိုက်ရိုက် သတင်း တင်ဆက်ခြင်းအတွက် ခိုင်မာတဲ့ အဖြစ်အပျက် တခုက သက်ရောက်မှု ရှိဖို့ လိုအပ်တယ်။ ထိုသက်ရောက်မှုက အချိန် တပြေးညီဖြစ်တဲ့ သို့မဟုတ် လတ်တလော နာမည်ကြီးနေတဲ့ ကိစ္စတခုနဲ့ ဆက်နွယ်နေရမယ်။ ပရိသတ်ကို အကောင်းဆုံး ဆွဲဆောင်ဖို့ သုံးစွဲနိုင်တဲ့ အချိန်နဲ့ တပြေးညီ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်က ဘာဖြစ်မလဲ။
  • တိုက်ရိုက် သတင်းတင်ဆက် အစီရင်ခံတဲ့ စည်းရုံး လှုံ့ဆော်ရေးများဟာ သူတို့ တင်ပြတဲ့ အရေးကိစ္စများအပေါ် အရေးတယူ ပြုခံရသလိုပဲ သူတို့သုံးတဲ့ နည်းပညာအပေါ် အရေးထားမှု ရလိုတယ်။ ဒီလို မီဒီယာတွေရဲ့ အာရုံစိုက်မှုနဲ့ ဒါကြောင့် အစီရင်ခံချက် တိုးပွားလိုမှုများကို ဘယ်လို စီမံခန့်ခွဲမလဲ။
  • တိုက်ရိုက် သတင်းပို့ရန် သုံးစွဲဖို့ သင့်တော်တဲ့ Tool တွေအကြောင်း ထည့်စဉ်းစားပါ။ ဘယ်လို အချက်အလက် ကောက်နှုတ်ချက်မျိုးက Ushahidi လုပ်ငန်းလိုမျိုး အကောင်းဆုံး အလုပ် ဖြစ်နိုင်မလဲ စဉ်းစားပါ။ စည်းရုံးလှုံ့ဆော်ရေးအတွက် ဘယ်လို ကန့်သတ်ချက်တွေ ရှိနိုင်မလဲ။
  • ပါဝင်ပတ်သက်သူ လူဦးရေများမှ အလုပ်ဖြစ်မယ့် အချို့ စနစ်တွေရဲ့ ပြဿနာတွေကို ဘယ်လို ရှောင်ရှားမလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. အရေးကိစ္စ တခုမှာ စုပေါင်း အာရုံစိုက်မှုကို ရယူဖို့ လက်ကိုင်ဖုန်းဖြင့် သတင်းပေးပို့ခြင်းကို သုံးစွဲနိုင်တယ်။ လက်ကိုင်ဖုန်းများကို အသုံးပြု၍ သင်ရဲ့စည်းရုံးလှုံ့ဆော်ရေးနှင့် ပတ်သတ်တဲ့ မေးခွန်းများကို text မက်ဆေ့ခ်ျများ သို့မဟုတ် ဓာတ်ပုံများဖြင့် သူတို့ လက်ကိုင်ဖုန်းများဆီ ပို့ပေးပြီး ဖြေကြားပေးရန် လူတွေကို တိုက်တွန်းပါ။ ဒီသတင်း ပေးပို့ချက်များကို ၀က်ဆိုဒ်များ သို့မဟုတ် ၀က်ဆိုဒ်ကြည့်ရှုနိုင်တဲ့ တယ်လီဖုန်းများ သုံးပြီး ဝေမျှနိုင်ပါတယ်။
  2. တိုက်ရိုက် သတင်းပေးပို့ခြင်းက ဆန္ဒပြပွဲ (သို့) လှုပ်ရှားမှုတခု အတွင်းထောက်ခံမှုများကို လုံခြုံစွာ ထိန်းထားနိုင်တယ်။ ဒီအတွက် လူတွေ သုံးစွဲတဲ့ Tool နှစ်မျိုးကတော့ Twitter နဲ့ Qik.com လို့ခေါ်တဲ့ လက်ကိုင်ဖုန်း ဗွီဒီယို ပရိုဂရမ်တခု ဖြစ်တယ်။ ဒါတွေကို သုံးပြီး တိုက်တွန်း လှုံ့ဆော်သူတွေက ဘယ်သူတော့ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံသွားနိုင်ပြီ စသဖြင့် နောက်ဆုံး သတင်းများကို စာသားတွေ ဗွီဒီယိုတွေနဲ့ မျှဝေနိုင်ကြပြီး ကမ္ဘာအနှံ့က ထောက်ခံသူတွေ ဒီသတင်းဆီ အာရုံစိုက်လာအောင် လုပ်နိုင်တယ်။
  3. မီဒီယာက အရေးတယူ နားထောင် မနေဘူးဆိုရင် (သို့) စည်းရုံးလှုံ့ဆော်ရေးက စိစစ်ဖြတ်တောက်မှုတွေနဲ့ ကြုံနေရရင် တိုက်တွန်း လှုံ့ဆော်သူများက Twitter (သို့) Ushahidi လိုမျိုး Tool တွေ သုံးပြီး တိုက်ရိုက် လှုပ်ရှားမှုများကို အစီရင်ခံနိုင်ပါတယ်။ တိုက်တွန်းလှုံ့ဆော်သူ တဦးအနေနဲ့ လူသိခံရတာ အန္တရာယ်များမယ် ထင်ရင် လှုပ်ရှားမှု ပြင်ပက တယောက်ယောက်ဆီ စာသား မက်ဆေ့ခ်ျ ပို့ပြီး အွန်လိုင်းမှာ လူသိရှင်ကြား ထုတ်ပြန်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ လှုပ်ရှားမှု (သို့) အန္တရာယ်ရဲ့ အချက်အချာ တခု ပြင်ပက လူတွေက ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို blip.tv သို့မဟုတ် WITNESS HUB လို လူအခွင့်အရေးအတွက် ဗီဒီယိုတွေ တင်ပို့တဲ့ ၀က်ဆိုဒ်တွေ ဘလော့စတာတွေနဲ့ အွန်လိုင်းပေါ် တင်သူတွေ ဖြစ်နိုင်တယ်။
  4. မြန်ဆန်တဲ့ အင်တာနက် ကော်နက်ရှင် ရှိမယ် ဆိုရင်တော့ ကွန်ပျူတာ၊ ဗွီဒီယို ကင်မရာ (တခါတရံ သင့် ကွန်ပျူတာမှာ ထည့်သွင်းပါရှိပြီးသား) ကို သုံးပြီး စည်းရုံးလှုံ့ဆော်ရေး တိုက်ရိုက် ဗွီဒီယိုတခုကို Ustream.tv (သို့) Livestream.com ကဲ့သို တိုက်ရိုက် ထုတ်လွှင့်တဲ့ ဗီဒီယို ပရိုဂရမ်များဖြင့် အင်တာနက်ပေါ် တိုက်ရိုက် လွှင့်တင်နိုင်ပါတယ်။
  5. ယုံကြည် စိတ်ရတဲ့ ထောက်ခံသူများရဲ့ ကွန်ယက် တလျှောက် ဝေမျှပြီး အချက်အလက်တွေကို အသိမ်းခံရတဲ့ ဘေးမှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေအနေနဲ့ ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးထားတဲ့ ကင်မရာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်ရရင် အခြားသူတွေနဲ့ ဖုန်းအချင်းချင်း ဖိုင်တွေ လွှဲထားခြင်း၊ MMS (မာလ်တီမီဒီယာ မက်ဆေ့ခ်ျများ)၊ (သို့) အီးမေးလ်များမှ တဆင့် ဝေမျှထားနိုင်ပြီး ပြီးတာနဲ့ တပြိုင်နက် သူတို့ ဖုန်းတွေထဲက ဖျက်ပစ်နိုင်ပါတယ်။