နည်းဗျူဟာ ၃ - ဗွီဒီယို


ပုံဖော်ပါ

သတင်းကို ပုံဖော်ပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၈၃၆kb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုပါ


ဒီနည်းဗျူဟာ ဟာ ကွဲပြားတဲ့ ဘာသာစကားများနဲ့ စာပေများကို တီထွင်ကြံဆပြီး အဆက်အသွယ် ပြုလုပ်ဖို့နဲ့ လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ရာမှာ အသုံးဝင်တယ်။

 

ဗွီဒီယိုမှ ဥပမာအားလုံး

Women & Memory Forum image


  • မိန်းမဆန်သော လှည့်စားမှုတခုနဲ့ ရှေးရိုးစဉ်လာကို အသက်သွင်းခြင်း

အမျိုးသမီးများနဲ့ အမှတ်တရ စကားဝိုင်း၊ ကိုင်ရို၊ အီဂျစ်နိုင်ငံ
အမျိုးသမီးများနဲ့ အောက်မေ့ဖွယ် စကားဝိုင်း၊ ကိုင်ရို၊ အီဂျစ်
အနုပညာရှင်တွေ အကျိုးဆောင်တွေက အမျိုးသမီးရှုထောင့်က ပြန်ပြောတဲ့ အာရပ် ပုံပြင်တွေပေါ် အခြေခံပြီး ကာတွန်းဗီဒီယို ဇာတ်လမ်းတို ဖန်တီးခဲ့ကြတယ်။ ဗွီဒီယိုမှာ တိရိစ္ဆာန်တွေ၊ အရာဝတ္ထုတွေ သုံးပြီး စိတ်ကူး ကွန့်မြူးကာ အထိမခံတဲ့ ကျားမ မညီမျှမှုကို တင်ပြဖို့ ကြိုးစားထားတယ်။  

 

အသုံးပြုခဲ့တဲ့ Tools များ- ကွန်ပျူတာထဲ စကန်ဖတ် ထည့်သွင်းထားတဲ့ လက်နဲ့ ရေးသော ပုံတွေ အသက်သွင်းဖို့ Adobe software (Photoshop, After Effects and Premiere) 

 

ဆက်လက် လေ့လာရန် LINK များ -
အမျိုးသမီးများနဲ့ အောက်မေ့ဖွယ် စကားဝိုင်း


Samidoun map image 

  • လက်ရှိ ပြဿနာတရပ်ကို ပုံဖော်ခြင်း

ဆာမိဒေါင်း၊ လက်ဘနွန်
၂၀၀၆ အစ္စရေး ကျူးကျော်မှုအတွင်း အကျိုးဆောင်တွေက လက်ဘနွန် အခြေခံ အဆောက်အဦတွေကို ဗုန်းကြဲမှုနဲ့ အပျက်အစီးပြ မြေပုံများ ဖန်တီးရေး၊ အချိန်နဲ့ တပြေးညီ ထပ်မံဖြည့်စွက်ရေးအတွက် လုပ်ဆောင်ခဲ့ကြတယ်။ ဒီမြေပုံတွေကို နာလန်ထူရေးနဲ့ အားပေးထောက်ပံ့ရေးအတွက် စီစဉ်ဆောင်ရွက်ရာမှာ အသုံးပြုခဲ့ကြတယ်။ 

 

အသုံးပြုခဲ့တဲ့ Tools များ - Adobe Illustrator, Blogspot, Wordpress.

 

ဆက်လေ့လာဖို့ Links များ -
ဆာမီဒေါင် ကွန်ရက် စာမျက်နှာ


Tunisian Advocates map image  

  • အစိုးရမြေပုံကို ဒုက္ခရောက်စေခြင်း

Nawaat.org နဲ့တူနီးရှား အကျိုးဆောင်များ
တူနီးရှား အစိုးရက အစိုးရ လူ့အခွင့်အရေး ချိုးဖောက်တွေနဲ့ ပတ်သက်တဲ့ လူတွေဆီက ဗွီဒီယို သက်သေခံချက်တွေ ကြည့်တာကို ပိတ်ပစ်ဖို့ ဗွီဒီယိုဝက်ဆိုဒ် Youtube နဲ့ Dailymotion တို့ကို ပိတ်ဆို့ခဲ့ပါတယ်။ ဒါကို အကျိုးဆောင်တွေက ဂူဂဲလ်မြေပုံပေါင်းစပ်မှု (Google Earth Mashup) ထဲ သမ္မတအိမ်တော်လို တနေရာထဲမှာ လူ့အခွင့်အရေး သုံးဖက်မြင် ဗွီဒီယိုမြေပုံတွေ လုပ်ပြီး နေရာချတာနဲ့ တုံ့ပြန်ခဲ့တယ်။ Youtube တိုက်ရိုက်ကြည့်ခွင့် မရတဲ့ နေရာတွေမှာတောင် ဒီဗွီဒီယိုကို ကြည့်လို့ရအောင် လုပ်ခဲ့ကြတယ်။ 

 

အသုံးပြုခဲ့တဲ့ Tools များ Google Earth, Google Maps, YouTube.

 

ဆက်လေ့လာရန် Links များ -
Nawaat.org ကွန်ရက် စာမျက်နှာမှ ဗွီဒီယို မြေပုံ

‹ နည်းဗျူဟာ ၂ - ပြဿနာ ဆန်းစစ်ချက်

နည်းဗျူဟာ ၃ - ပြဿနာ ဆန်းစစ်ချက်


ပုံဖော်ပါ

သတင်းကို ပုံဖော်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 836kb)

 

350.org logo

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
ဦးဆောင်သူ
-
နေရာ -
ဝဘ်ဆိုဒ် -
၃၅၀၊ ရာသီဥတု လှုပ်ရှားမှုအတွက် နိုင်ငံတကာနေ့
350.org
နိုင်ငံပေါင်း ၁၀၀ နီးပါးက လှုပ်ရှားမှုများ
350.org

ရှင်းလင်းတင်ပြချက်
ကမ္ဘာအနှံ့ လှုပ်ရှားမှုတခု စီစဉ်ပြီး လူတွေကို နှိုးဆွဖို့ 350.org က ရာသီဥတု ပြောင်းလဲမှုအကြောင်း ကာတွန်း ဗွီဒီယိုတစ်ကား ဖန်တီးခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အားကောင်းတဲ့ ပုံဖော်ချက်တွေ သုံးပြီး ဘာသာစကား အတားအဆီးမရှိပဲ လူတိုင်းနားလည်အောင် လုပ်ထားပါတယ်။ ကနဦး ကောက်နှုတ်ချက်ကတော့ “သိပ္ပံပညာရှင်တွေ တင်ပြတဲ့ လေထုထဲ အန္တရာယ် အကင်းဆုံး ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ နံပါတ် ၃၅၀ ဖြစ်တယ်” လို့ 350.org က ဖီးလ် အာရိုနတ်နူး က ဆိုပါတယ်။

“အကယ်၍ ဒီစည်းရုံးလှုံ့ဆော်ရေးကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်တော့မယ် ဆိုရင် ဒီနံပါတ်ကို လူအများကြား ပြောဆိုလာအောင် ဒီနံပါတ်ကို သုံးလို့ ရတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ကြတယ်။” 350.org က မိုက်ခရိုဆော့ဖ် ပုံဆွဲဆော့ဖ်ဝဲကို သုံးပြီး Free Range Studios က ဒီဇိုင်းဆွဲ၊ ကာတွန်း ဗွီဒီယို နမူနာတခုကို Flash သုံးပြီး ထုတ်ဝေခဲ့တယ်။ ဒီကာတွန်း ဗွီဒီယိုကို 350.org ပေါ်တွင် သာမက Youtube နဲ့ Facbook မှာပါ လွှင့်တင်ခဲ့တယ်။ ဖီးလ်က “ကျနော်တို့ ဘလော့ 350.org ပေါ်မှာထက် Facebook ပေါ်က ဗွီဒီယိုမှာ မှတ်ချက် ပိုရရှိပြီး လူတွေအနေနဲ့ ဘယ်လိုရှာဖွေပြီး သူတို့ကိုယ်ပိုင် ဗွီဒီယိုတွေ ဘယ်လို လုပ်နိုင်မယ် ဆိုတဲ့ မေးခွန်းတွေလည်း ရလာတယ်။”

ဗွီဒီယိုတွေကို ဒေါင်းလုဒ် လုပ်ရန်ခက်ခဲတဲ့ အင်တာနက် ကော်နက်ရှင် ရှိတဲ့ ဒေသတွေဆီ ဒီဗွီဒီတွေကို ဒေသခံ အဖွဲ့တွေနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ရုံတွေဆီ ပို့ပေးခဲ့ကြတယ်။ ဒီကာတွန်း ဗွီဒီယိုများ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ဖီးလ်ရဲ့ ပြောကြားချက်

“ဒါကို စည်းရုံးရေး ကိရိယာအဖြစ် သုံးလို့ရတယ် လို့တော့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒါဟာလူတွေကို ချိတ်ဆက်နိုင်တဲ့ နည်းလမ်းတခု ဖြစ်နိုင်တဲ့အပြင် ၀က်ဆိုဒ်များဆီ လမ်းကြောင်းပေးပြီး သူတို့ ဘာလုပ်ချင်တယ် ဆိုတာ စဉ်းစားမိစေတဲ့ အကြောင်းတခုလည်း ဖြစ်တယ်။ ဒီနည်းနဲ့ လူတွေကို တခုခု လုပ်နေပါလားဆိုတဲ့ ခံစားချက်မျိုး ဖြစ်စေတယ်။ ဒါပေမဲ့ အခြားဘက်မှာ ကျတော့လည်း အရမ်း မြန်ဆန်တဲ့အတွက် ကျတော် ဖြစ်စေချင်သလောက် ၃၅၀ အကြောင်း လူတွေကို နားလည်သွားအောင် လုပ်မပေးနိုင်ဘူး။ မကြာခဏ အကြားရဆုံးက ဒီဗွီဒီယိုက ကောင်းပါတယ် ဒါပေမဲ့ ၃၅၀ ဆိုတာ ဘာလဲ ပြန်ပြောပြပါအုံး ဆိုတာပါပဲ။ ဒီကာတွန်း ဗွီဒီယိုအတွက် ၃၅၀ ဟာ ငွေကြေး တော်တော်များများ ကုန်ကျခံထားတယ်။ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့အနေနဲ့လည်း တော်တော် တန်ဖိုးကြီးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဗွီဒီယိုမှာ အရမ်း အားကောင်းတဲ့ ဂရပ်ဖစ် အထောက်အထားတွေနဲ့ ထုတ်လုပ်ထားပြီး သူတို့ ပစ္စည်းတွေမှာ ဒီစိတ်ကူးကိုပဲ တသမတ်ထဲ သုံးနိုင်တယ်။”

 

အသုံးပြုခဲ့တဲ့ Tools တွေ -

အဖွဲ့ဝင် ၁၀,၀၀၀ နဲ့အတူ Facebook စာမျက်နှာ ၊ Orkut၊ MySpace၊ Twitter၊ Zandy၊ “Facebook Events လိုမျိုး ပွဲစီစဉ်နိုင်တဲ့ Tool တွေ၊ အခြား ဘာသာစကားပြန်ဆိုချက်တွေ
အောင်မြင်မှု အတိုင်းအတာ - ဗွီဒီယိုဟာ Youtube ပေါ်မှာ တနှစ်အတွင်း ကြည့်ရှုသူပေါင်း ၁၀၀, ၀၀၀ ရှိခဲ့တယ်။ စည်းရုံးလှုံ့ဆော်မှုက တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြစ်ပြီး ၀န်ထမ်း ၃၀ နီးပါး၊ လက်တွေ့ သင်တန်းများနှင့် ကမ္ဘာအနှံ့ စီမံထားတဲ့ လှုပ်ရှားမှုပေါင်း ၁၀၀ နီးပါးရှိတယ်။
အရင်းအမြစ်များ - ထိုးဖောက် စည်းရုံးရေးကို အမေရိကမှ တက်ကြွလှုပ်ရှားသူများက ကွန်ယက်တွေ ဆောက်ထားပြီး ရာသီဥတု ဆိုးရွားပြောင်းလဲမှု ညီလာခံတွေကတဆင့် နိုင်ငံတကာထိ ချဲ့ထွင်ခဲ့တယ်။ “ပူးပေါင်း လုပ်တာဟာ ဘက်ဂျက် သေသေချာချာ မရှိတောင် အလုပ်ဖြစ်နိုင်တယ်” လို့ ဖီးလ်က ပြောတယ်။ “ကျနော်တို့ဟာ ကွန်ယက်တခုကို သုံးနေရုံ မဟုတ်ဘူး ဖန်တီးသူတွေလည်း ဖြစ်တယ်။”
အချိန် - ဗီဒီယို ဖန်တီးရန် အချိန်သုံးလ။ စည်းရုံးလှုံ့ဆော်ရေး အချိန် စုစုပေါင်းမှာ ၂၀၀၈ အဆုံးပိုင်းကစပြီး ၂၀၁၀ နှစ်ဦးပိုင်းထိ

ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့်အနက် အဆင့် ၃

 

ကုန်ကျစရိတ် - ဗွီဒီယိုအတွက် ယူအက်စ် ဒေါ်လာ ၁၀ ၀၀၀။ စီမံကိန်းကို စီမံခန့်ခွဲပြီး အသုံးချဖို့ လုပ်နေဆဲကာလတွင်း ၀န်ထမ်းစရိတ်များ

 

ဆက်လေ့လာဖို့ Links များ -:
350 ကာတွန်းဗီဒီယို -
350 Youtube ချယ်နယ် -

နည်းဗျူဟာ ၃။ လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ


ပုံဖော်ပါ

သတင်းကို ပုံဖော်ပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 836kb)

Women & Memory Forum image
အမျိုးသမီးများရဲ့ အမှတ်တရ ဖိုရမ်

လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ

  • ကိုင်ရိုက ရှေးပုံပြင် ကာတွန်းကားတွေမှာတော့ လူအစား တိရိစ္ဆာန်တွေကို သုံးထားပါတယ်။ သရုပ်ဖော် သို့မဟုတ် စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ဖန်တီးတာဟာ မတည်ငြိမ်တဲ့ ကိစ္စတခုကို လက်ခံရခက်နေတဲ့ ပရိသတ်ဆီ တင်ပြဖို့ လွယ်သွားပါတယ်။
  • ဖန်တီးတဲ့ ပုံဖော်ချက်တွေ အရာဝတ္ထုတွေကို လက်တွေ့ကျအောင် ဖန်တီးနိုင်တယ်။ ဥပမာ - လက်ဘနွန်က မြေပုံဆိုရင် ရာဇ၀င် မှတ်တမ်းအနေနဲ့ အရေးအခင်း အစီရင်ခံချက်နဲ့ ကယ်ဆယ်ရေး အကူအညီ ပေးရေးအတွက် စသည်ဖြင့် ကဏ္ဍစုံ အသုံးတည့်တယ်။
  • အပြန်အလှန် တုံ့ပြန်မှုရှိတဲ့ ပုံဖော်ချက်တွေအတွက် မတူညီတဲ့ လူအများကြီးက ပို့ပေးတဲ့ ဓာတ်ပုံတွေ၊ ပုံဖော်ချက်တွေ၊ ဗွီဒီယိုတွေနဲ့ အခြား တင်ပို့ချက်တွေကို သုံးနိုင်တယ်။ တူနီးရှား ဂူဂဲလ် ကမ္ဘာငယ်နဲ့ Youtube ပေါင်းစပ်မှုကြောင့် ဗွီဒီယိုအသစ်တွေ လူတွေ အွန်လိုင်းမှာ တင်လိုက်တိုင်း၊ geo-tagged လုပ်လိုက်တိုင်း အလိုအလျောက် ပေါင်းစုပြီးသား ဖြစ်သွားတယ်။
  • ရှုပ်ထွေးတဲ့ ပုံဖော်ချက်များအတွက် မြန်ဆန်တဲ့ အင်တာနက် မရှိတဲ့ လူတွေဆီထိ လက်လှမ်းမီဖို့၊ ဒေါင်းလုဒ် လုပ်နိုင်တဲ့ ဗွီဒီယို၊ ဗွီစီဒီ၊ဒီဗွီဒီတွေ၊ ပိုစတာ အကြီးစားတွေ၊ ပုံနှိပ်ကြော်ငြာစာရွက်တွေ သို့မဟုတ် လူထုကြား ပြပွဲတွေ သို့မဟုတ် USB တွေနဲ့ အင်တာနက် ကော်နက်ရှင် မလိုပဲ မျှဝေနိုင်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • ပုံဖော်စည်းရုံးရေးအတွက် အရေးအကြီးဆုံးက ဘာလဲ - ဘာသာစကား ပေါင်းစုံနဲ့ ဆက်ဆံရန်၊ သိပ်သည်းတဲ့ အချက်အလက်တွေကို ရိုးရှင်းတဲ့ ရုပ်ပုံများနဲ့ တင်ပြရန်၊ သို့မဟုတ် ဆွဲဆောင်မှု ရှိတဲ့ ပုံတွေနဲ့ တီထွင် ဉာဏ်ကောင်းတာကို အသုံးချပြီး လူတွေကို အံ့အားသင့် ဆွဲဆောင်စေဖို့။
  • စည်းရုံးလှုံ့ဆော်ရေးဟာ ရှုထောင့် သို့မဟုတ် ကြွေးကြော်ချက် တခုထဲအပေါ် ဗဟိုပြုနေသလား။ ဒါကို ဦးတည်လိုတဲ့ လူထု သဘောပေါက်လွယ်အောင် ဘယ်လို ဒီဇိုင်းဆွဲမလဲ။
  • စည်းရုံးလှုံ့ဆော်မှုထဲ လူတွေ ပါလာအောင် ဘယ်လိုကြံမလဲ - ဓာတ်ပုံ၊ ဗွီဒီယိုတွေ ဖြန့်ပြီး အဝေးက သို့မဟုတ် လူကိုယ်တိုင် ပူးပေါင်းတာ သို့မဟုတ် အခြားသူတွေနဲ့ ကိုယ့်ဗွီဒီယိုတွေ၊ မြေပုံ ကာတွန်း ဗွီဒီယိုတွေ ဝေပြီး နှိုးဆော်မလား။
  • လူထုထောက်ခံမှုရဖို့ သို့မဟုတ် စည်းရုံး လှုံ့ဆော်ရေးကို အခြေပြုပြီး လူတွေကို တောင်းဆိုဖို့ ဘယ်လို လှုပ်ရှားမှုမျိုးတွေ လုပ်မလဲ။ မီဒီယာ ဝေမျှခြင်းဟာ လှုပ်ရှားမှု တခုလား။ မီဒီယာကို ဘယ်သူတွေဆီ လက်ဆင့်ကမ်းပါလို့ တောင်းဆိုမလဲ။ အစိုးရအဖွဲ့က အဓိက ပုဂ္ဂိုလ်တွေကိုလား၊ ဒေသခံတွေ သို့မဟုတ် လူမှုအဖွဲ့အစည်းတွေကိုလား၊ မီဒီယာ လောကကိုလား။
  • စည်းရုံးလှုံ့ဆော်ရေးရဲ့ ရုပ်မြင် မီဒီယာကို အင်တာနက် သို့မဟုတ် ကွန်ပျူတာ ချိတ်ဆက်မထားတဲ့သူတွေ အတွက် ဘယ်လိုကြော်ငြာမလဲ။

ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး

  1. အထင်ကရ ပြည်နယ် အမှတ်အသားများ သာမက တိကျသေချာတဲ့ စည်းရုံးလှုံ့ဆော်ရေး အကြောင်း အချက်အလက်ပါတဲ့ ကမ္ဘာလှည့် ဧည့်သည်တဦး သို့မဟုတ် မြို့မြေပုံတခုကို မူပိုင်ပုံစံနဲ့ ဖန်တီးပါ။ ဒါကို မြို့ကို အလည်လာသူတွေ၊ ကျောင်းသားတွေ သို့မဟုတ် လှုပ်ရှားမှုထဲ ပါဝင်စည်းရုံးနိုင်တဲ့ အခြားသူတွေဆီ လက်ဆင့်ကမ်းပါ။
  2. ကာတွန်း ဗွီဒီယို မလုပ်တတ်ရင်၊ ဓာတ်ပုံတွေ အစီအရီနဲ့ ဗွီဒီယို ဖန်တီးနိုင်တယ်။ အကြောင်းတခု ဇာတ်ရေလည်ဖို့ ရုပ်ပုံတွေ ပေါင်းစပ်ပြီး တေးဂီတ၊ စာတန်းထိုးနဲ့ နောက်ခံအသံတွေ ထည့်သွင်းနိုင်တယ်။
  3. ကော်ပိုရေးရှင်းတွေမှာ မရနိုင်တဲ့ ထုတ်ကုန်တွေကို တံဆိပ် ပြန်ကပ်နိုင်တဲ့ ဒီဇိုင်း စတစ်ကာများ - ဥပမာ ကုမ္ပဏီတွင်း ရာဇ၀တ်မှု စုံစမ်းခြင်းများ သို့မဟုတ် ကုန်ထုတ်သူက လက်နက်ကိုင် အရေးအခင်းများကို ဘယ်လိုထောက်ခံပုံ
  4. အဖြစ်အပျက်တွေ ကိုယ်တိုင် မှတ်တမ်းတင်ဖို့ လူတွေကို ဈေးချိုတဲ့ ကင်မရာတွေ ပေးပြီး ဒီဗွီဒီယိုတွေနဲ့ ခြားနားတဲ့ လူတွေကို တူညီတဲ့ ကိစ္စက ထိခိုက်နိုင်တာကို ပြတဲ့ သင်ကြားရေး မြေပုံ တည်ဆောက်ရာမှာ သုံးပါ။
  5. ဂရပ်ဖစ် ရုပ်မြင် ပုံဖော်တာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်အဆင့် ရှိဖို့ မလိုပါဘူး။ Tag cloud ဆိုတဲ့ ကျယ်ပြန်တဲ့ စာကိုယ် တခုကို ကိုယ်စားပြုတဲ့ စကားလုံး အစုအဝေးတွေဟာ အရေးကြီးတဲ့ မှတ်တမ်း သို့မဟုတ် ၀က်ဆိုဒ်တခုက သော့ချက် စကားလုံးတွေကို ထင်ရှားအောင် လုပ်ပြီး ရှင်းလင်းမြင်သာစေပါတယ်။