မျက်မြင်တွေ့ခြင်းနှင့် မှတ်တမ်းတင်ခြင်း
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 1mb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်များ
လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်းများ
ပါဝင်သော Tool များ လူ့အခွင့်အရေး ကာကွယ်ရန် လှုံ့ဆော်သူများရဲ့ ယုံကြည်စိတ်ချရတဲ့ ဗွီဒီယိုကို လူမှုအဖွဲ့အစည်းမှာ မျှဝေခြင်း |
သိကောင်းစရာများ WITNESS က ဗွိုင်အိုလက်တာ ကရစ်နစ် (Violeta Krasnic) ရဲ့ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အထောက်အထား ဖုံးကွယ်မှုနဲ့ပတ်သက်ပြီး ပြောကြားချက် - "ရိုက်ကူးရေးမှာ တွေ့ဆုံမေးမြန်းသူဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို ပယ်ဖျက်ထားတာဟာ လူပုဂ္ဂိုလ်များနဲ့ နည်းပညာများအတွင်း ယုံကြည်မှုရရန် အကြောင်းအရာ တခု ဖြစ်ပါတယ်။ ကျမတို့ ပူးတွဲ ထုတ်လုပ်တင်ဆက်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ပါဝင်ခဲ့တဲ့ လိင်လုပ်သားတယောက်ရဲ့ စိတ်ချသဘောတူညီချက် ရဖို့ ပထမဆုံး လုပ်ရတာကတော့ ယုံကြည်ရပါတယ်လို့ အသိပေးတာပါ။ ကျမတို့ သဘောတူညီချက်ထဲမှာ ဒီဗွီဒီယိုရဲ့ ရည်ရွယ်ရင်းနဲ့ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့အစည်းက ဘယ်လို အသုံးပြုမယ် ဆိုတာကို သိစေတယ်။ လုံခြုံရေးအတွက် ဘယ်လို လုပ်ထားတယ် ဆိုတာ နားလည်အောင်၊ ဘယ်သူဘယ်ဝါ ဆိုတာ မသိအောင် ဘယ်လို ဖုံးကွယ်ထားတယ် (ဥပမာ - အသံပြောင်းထားခြင်း) ဆိုတာနဲ့ ဘယ်အချိန်မဆို ဒီရိုက်ကူးမှုထဲမှာ ပါဝင်မှု သို့မဟုတ် ဖော်ပြခံတာအတွက် ခွင့်ပြုချက် ပေးထားတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနိုင်ကြောင်းတွေကို ရှင်းပြပေးခဲ့တယ်။"
မြန်မာအရေး လှုံ့ဆော်သူ အောင်က သတင်းအချက်အလက် ရယူမှုအပေါ် ပြောကြားချက် - "ရွှေဝါရောင် တော်လှန်ရေးက ကျတော်တို့ နိုင်ငံအတွက် ပြည်သူ့ သတင်းသမားတွေ ဘယ်လောက် အရေးပါတယ် ဆိုတာ ပြသလိုက်တာပါပဲ။ တခါတလေ Recording Device တွေကို အသုံးပြုပြီး နယ်စပ်တွေကို ဖြတ်ကျော်ကာ သတင်း အချက်အလက်တွေကို ရအောင် ထုတ်ပါတယ်။ တခါတရံမှာတော့ အီးမေးလ် သို့မဟုတ် FTP လို နည်းလမ်းမျိုးက လတ်တလောမှာ အသုံးနိုင်ဆုံး နည်းလမ်းတွေပါပဲ။ စစ်အစိုးရက အရာအားလုံးကို ပိတ်ဆို့ဖို့ ကြိုးစားနေပေမယ့်လဲ ဘလော့ဂါတွေ ပြည်သူ့ သတင်းသမားတွေကတော့ သတင်းအချက် အလက်တွေကို ပြင်ပမီဒီယာတွေဆီ ရောက်အောင် ထုတ်ပေးနိုင်တုန်းပါပဲ။"
WITNESS မှ ပရစ်စီလာ ရဲ့ ကျင့်ဝတ်နဲ့ ထုတ်ပြန်ချက်တွေအပေါ် ပြောကြားချက် - "နီဒါရဲ့ ဗွီဒီယိုနဲ့ ပတ်သက်ပြီး အဖြေမပေးနိုင်တဲ့ မေးခွန်းတွေနှင့်အတူ ကျမကိုယ်တိုင်လဲ ဒီကိစ္စအပေါ် သင့်တော်တဲ့ အဖြေ မတွေ့သေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီဗွီဒီယိုဟာ လူသိများရပါမယ်။ ပြီးတော့ ဒီမိန်းမငယ်ရဲ့ ဂုဏ်သိက္ခာကိုလည်း လေးစားရပါမယ်။ နူးညံ့ပြီး ရှုပ်ထွေးတဲ့ မျှတမှု တခုရရမယ် ဆိုရင်တော့ ဗီဒီယိုထဲက သူ့ရုပ်ပုံကို မှိန်ပစ်နိုင်ပါတယ်။ ဒါမှမဟုတ် Facebook အသစ်ရဲ့ Status မှာ သွေးပေတဲ့ သူ့မျက်နှာပါတဲ့ ပုံကို ရွေးသင့် မရွေးသင့် နှစ်ခါ သေချာစဉ်းစားပါ။" |