စုပေါင်း ဉာဏ်ပညာကို အသုံးပြုပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 540kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ တိုက်ရိုက် သတင်းတင်ဆက်ခြင်းနဲ့ အဆက်အသွယ်များ စီမံခန့်ခွဲခြင်း FrontlineSMS - က အင်တာနက် ကော်နက်ရှင် မရှိပဲနဲ့တောင် လူအများအပြားရဲ့ ဆက်သွယ်ရေးအတွက် အထောက်အကူ ဖြစ်စေတယ်။ တိုက်တွန်း လှုံ့ဆော်သူများက FrontlineSMS ကို အသုံးပြုပြီး သူတို့ရဲ့ လက်ဆွဲ ကွန်ပျူတာများမှ မိုဘိုင်းဖုန်း ကွန်ယက်များဆီသို့ စာသား မက်ဆေ့ခ်ျများ အဖြစ်ပို့ပေးပြီး လက်ခံရရှိသူများမှလည်း စာသားမက်ဆေ့ခ်ျ အနေနှင့်ပဲ ရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို တလမ်းသွား (သို့) အပြန်အလှန် ဆက်သွယ်ရေး နှစ်ခုလုံးအတွက် သုံးနိုင်ပါတယ်။ တိုက်တွန်း လှုံ့ဆော်သူများက လူ့အခွင့်အရေးစောင့်ကြည့်ခြင်း၊ ဆန္ဒပြပွဲများ စီစဉ်ခြင်း၊ လူထု ဆန္ဒများ လေ့လာခြင်းနဲ့ အရေးပေါ်အချက် သတိပေးချက်များအတွက် FrontlineSMS ကို အသုံးပြုခဲ့ကြတယ်။ လက်ကြွတဲ့ အွန်လိုင်း အသိုင်းအ၀ိုင်းတခုက ပထမအကြိမ် အသုံးပြုသူတွေအတွက် ထောက်ပံ့မှု အမျိုးမျိုးနဲ့ ပံ့ပိုးပေးခဲ့ကြတယ်။ |
သိကောင်းစရာများ ပူးပေါင်းဆောင်ရွက်ခြင်း အပေါ် FrontlineSMS မှ ကင်ဘဏ် (Ken Banks) ပြောကြားချက်ကတော့ - "နည်းပညာများကို အသုံးပြုပြီး လူထုရဲ့ စုပေါင်း အသံကို သင်ပေါင်းစုနိုင်တယ်။ ပင်မ စီးကြောင်းမှ ၀င်လာတဲ့ သတင်းများနဲ့ တိုက်ရိုက် အစီရင်ခံချက်များက သတင်း အချက်အလက်များ စုစည်းနိုင်တယ်။ ဒါတွေ အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်းကို ပိုကြီးမားတဲ့ ရုပ်ပုံလွှာ တခု ရရှိမယ်။"
လူမှုအသိုင်းအ၀ိုင်းရဲ့ စွမ်းပကားအပေါ် နည်းပညာ သုတေသီ ဒိုင်နာမာထာ (Dina Mehta) ရဲ့ ပြောကြားချက်ကတော့ - "ဘလော့ဂ်များ၊ Facebook ၊ Twitter စသည်ဖြင့် ကဏ္ဍမျိုးစုံနှင့် ကွန်ယက်ပေါ်မှာ ကျနိုပ်တို့ အချိန်ပေး တည်ဆောက်ခဲ့ရတဲ့ ကျနော်တို့ရဲ့ အသိုင်းအ၀ိုင်းတွေ ရှိတယ်။ ဒါတွေကို အသုံးပြုပြီး အွန်လိုင်း အသိုင်းအ၀ိုင်းများ အားလုံးနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှု ရှိပြီးသား လူများရဲ့ မဏ္ဍိုင် အဖြစ်လည်း တည်ရှိနိုင်ပါတယ်။ ဒါကြောင့် တခုခု ဖြစ်လာပြီ၊ တုံ့ပြန်ဖို့လည်း လိုအပ်လာပြီဆိုလျှင် ဖန်တီးပြီးသား အချိတ်အဆက်များမှတဆင့် ကွန်ယက်ပေါ်မှာ ခြေရာလက်ရာ ချန်ခဲ့ရုံနဲ့ အွန်လိုင်းပေါ် ရှိပြီးသား အသိုင်းအ၀န်းများကို အလိုအလျောက် စည်းရုံးပြီးသား ဖြစ်တယ်။"
ကမ္ဘာ့အသံများ (Global Voices) မှ ဆမ်မီဂါဘီယာ (Sami Gharbia) ရဲ့ ဖမ်းဆီးမှုများကို တိုက်ရိုက် သတင်းပို့ခြင်းအပေါ် ပြောကြားချက်ကတော့ - "တတ်ကြွ လှုပ်ရှားသူများဟာ Twitter ကို သုံးပြီး သူတို့မိတ်ဆွေ ဘလော့ဂါများ၊ တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးမှုတွေကို သတိပေးကြတယ်။ ဧပြီ ၆ ရက်နေ့ အီဂျစ်ပြည် မာဟလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ အတွင်း ရုန်းရင်းဆန်ခတ်မှုကို ကိုယ်တွေ့ မြင်လာခဲ့သူ သတင်းထောက် တယောက်အကြောင်း ကျနော်တို့ သိခဲ့ရပြီးပြီ။ သူ အဖမ်းခံလိုက်ရတာနဲ့ တပြိုင်နက် Twitter ပေါ်မှာ “ဖမ်းဆီးခံလိုက်ပြီ (arrested)” ဆိုတဲ့ စာတခု တင်ပို့လိုက်တာနဲ့ သူ့သူငယ်ချင်းများ၊ သူ့မိသားစု ဆွေမျိုးများကို တပ်လှန့်ပေးလိုက်သလို ဖြစ်သွားပြီး အမေရိကန် သံရုံးကတောင် သူ့ကို ဖမ်းဆီးရာက လွှတ်ပေးဖို့ ကြားဝင်လာတဲ့အထိ ဖြစ်ခဲ့တယ်။" |