သတင်းကို ပုံဖော်ပါ
ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 836kb)
လှုပ်ရှားမှုအတွက် ကြိုတင်စီစဉ်ပါ
ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်
ပြုလုပ်နိုင်တဲ့ အခြားနည်းအမျိုးမျိုး
ပါဝင်သော Tool များ သာလွန်ကောင်းမွန်တဲ့ tag cloud တခု ဖန်တီးပါ |
သိကောင်းစရာများ 350.org က ဖီးလ်အာရိုနဲက ရိုးရိုးရှင်းရှင်း လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး - "‘အထင်ကရ ပုံရိပ်များ အသုံးပြုခြင်းက အင်မတန်ကောင်းပါတယ်။ 'ဒါကျတော့် အနာဂတ်ပါ' ဆိုတဲ့ ဗွီဒီယိုကို ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကျောင်းသားတွေ ကင်မရာတလုံးထဲ သုံးပြီး ရိုးရှင်းတဲ့ တည်းဖြတ်ရေး ဆော့ဖ်ဝဲများ သုံး ရိုက်ကူးထားတာပါ။ံ ‘ဒါကျွန်တော့် အနာဂတ်ပါ’ ဆိုတဲ့ ထင်ရှားတဲ့ ကြွေးကြော်သံကို သုံးထားပြီး ဒီကြွေးကြော်သံက အကြောင်းအချက် အမျိုးမျိုး၊ ဘာသာစကား အမျိုးမျိုးနဲ့ ပေါ်ထွက်ခဲ့ပါတယ်။ ဒါက အထင်ကရ ဖြစ်လာခဲ့ပြီး လှုံ့ဆော်ရေးအကြောင်း ဘာမှမသိတဲ့ သူတွေအတွက်တောင်မှ ပညာရစရာ ဖြစ်ခဲ့ပါတယ်။"
အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေး လမ်းကြောင်းများက တက်ဆာလီဝင်က တည်းဖြတ်တာနဲ့ ပတ်သက်ပြီး - "‘ကာတွန်းကားတွေ၊ ဗွီဒီယိုတွေကို တည်းဖြတ်တာအတွက် ဈေးချိုတဲ့ ဖြေရှင်းနည်း တချို့ရှိပါတယ်။ ဒါပေမဲ့ အခမဲ့ရနိုင်တာတော့ သိပ်မရှိပါဘူး။ ကျမ ကိုယ်တိုင်လုပ်တာ အများစုက ဖရိန်ဆွဲတာနဲ့ စကင်ဖတ်၊ Adobe ဆော့ဖ်ဝဲ လုပ်ပြီး လှုပ်ရှားလာအောင် လုပ်တာပဲ ဖြစ်တယ်။ ဒါတွေအားလုံးကို အခမဲ့ open source software တွေဖြစ်တဲ့ Gimp (သို့) Kino သုံးပြီး လုပ်နိုင်တယ်။"
350.org က ဖီးလ်က အမှတ်တံဆိပ် သတ်မှတ်ခြင်း၊ အမှတ်အသားတွေနဲ့ ပတ်သက်ပြီး - "ကျနော်တို့ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှာ တည်ငြိမ်တဲ့ ဂရပ်ဖစ် အထောက်အထား တခုရှိတာ အရေးပါတယ်လို့ ယူဆခဲ့ကြတယ်။ ပညာရှင် ဒီဇိုင်နာတွေသုံးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကျနော်တို့ စည်းရုံးလှုံ့ဆော်ရေး ဗွီဒီယိုအတွက်သာ တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗွီဒီယိုထဲမှာ သုံးခဲ့တဲ့ ဂရပ်ဖစ်ပုံတွေ ပို့ခိုင်းပြီး ဒီပုံတွေကို လိုဂိုများ၊ ဘလော့ပို့စ်များနဲ့ ပုံနှိပ်ခြင်းစတာတွေအတွက် သုံးနိုင်ပါတယ်။ ကျနော်တို့အတွက်ကတော့ ဒီနည်းက ပိုက်ဆံ ချွေတာစေတဲ့ နည်းလမ်းတခုပဲ။" |