နည်းဗျူဟာ ၇ - ပြဿနာ ဆန်းစစ်ချက်


လွယ်ကူ ရှင်းလင်းအောင် လုပ်ပါ။

ရှုပ်ထွေးတဲ့ အချက်အလက်တွေကို ဘယ်လို အသုံးနည်း

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 792kb)

Fair Play Alliance logo
 

ပြဿနာ ဆန်းစစ်ချက်

ခေါင်းစဉ် -
မည်သူ
-
နေရာ -
ဝက်ဆိုဒ် -
Fair Play
Fair Play Alliance
Bratislava, Slovakia
Fair Play Alliance

ရှင်းလင်းတင်ပြချက်
Fair Play Alliance အဖွဲ့က အစိုးရအနေနဲ့ တိုင်းပြည်ဘဏ္ဍာကို ဘယ်လိုအသုံးပြုနေတယ် ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းပြီး လူထုအနေနဲ့ အချက်အလက် သိုမှီးရာ ဒေတာဘေ့စ်ကနေ အလွယ်တကူ နားလည်နိုင် အသုံးပြုနိုင်အောင် လုပ်ထားပေးပါတယ်။ သတင်းလွတ်လပ်ခွင့် ဥပဒေကို အသုံးချပြီး Fair Play က မှတ်တမ်းမှတ်ရာ၊ ပေးချေရန်ရှိတဲ့ စာရင်းတွေကို စုစည်းပြီး ဒေတာဘေ့စ် ကတဆင့် သက်ဆိုင်ရာ ၀က်ဆိုဒ်တွေကို ချိတ်ဆက်ကာ လူတွေကို နိုင်ငံရေး အပြောင်းအလဲအတွက် သုံးဖို့ ဖိတ်ပါတယ်။ Fair Play က Zuzana Wienk ပြောတာတော့ “ဆလိုဗက်ကီးယားမှာ မကြာခင်က ဖြစ်သွားတဲ့ ဥရောပသမဂ္ဂ ရန်ပုံငွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ မကောင်းသတင်းတွေကို သုတေသနပြု ဆန်းစစ်ရာက ကျမတို့ စလိုက်တယ်။ အဲ့ဒီမှာ အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတဲ့ ကုမ္ပဏီတွေကိုသာ ကန်ထရိုက် ချပေးတာ တွေ့ရပါတယ်။ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေကို အသုံးချပြီး အခြား အချက်အလက်တွေ၊ ပေးချေစရာရှိနေတဲ့ စာရင်းတွေနဲ့ ငွေကြေး စာရင်းဇယားတွေကို တောင်းဆိုလိုက်ပါတယ်။ ရလာတဲ့ အချက်အလက်တွေ သုံးပြီး ပုံဇယားတွေ ဆွဲကာ အင်တာနက်ပေါ် တင်ထားလိုက်ပါတယ်။ ပေးချေစရာရှိတဲ့ စာရင်းတွေကို ကူးဖတ်၊ ၀က်ဆိုဒ်ပေါ် လွှင့်တင်လိုက်ပြီး လူတိုင်း ကြည့်လို့ရအောင် လုပ်ထားပါတယ်။” ဒီနည်းနဲ့ Fair Play ဟာ ဆလိုဗက်ကီးယား သတင်းဌာနတွေ အာရုံစိုက်ခံလာရပါတယ်။ “အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ပညာရှင်တွေ ဒီသတင်း အချက်အလက်တွေကို ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီး အဲ့ဒီအကြောင်းတွေကို ဘလော့တွေ လုပ်လာကြတယ်။ ဒီလိုဆောင်းပါးတွေကို အခြေတည်ပြီး တက်ကြွတဲ့ ကွန်ရက်စကားဝိုင်း ဖိုရမ်တွေ ပေါ်လာတယ်။ ဒါက ကျမတို့ကို လူထု ပါဝင်ပူးပေါင်းမှုက ဘယ်လောက် အရေးကြီးတယ် ဆိုတာ သတိထားမှုမျိုး ဖြစ်ပေါ်စေတယ်။ လူထုအနေနဲ့လည်း အရည်အချင်းတွေ ပိုတိုးတက်လာတယ်။ သတင်းအချက်ကို ရယူသုံးစွဲနိုင်အောင် ပြုလုပ်ပေးရုံနဲ့ပဲ ပြဿနာ ငြင်းခုံဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို ဆောက်လုပ်ရေးဘက်က ၀န်ကြီးတစ်ဦးပါ နှုတ်ထွက်သွားတဲ့အထိ ပြည်သူလူထုက အစိုးရအပေါ် ဖိအားသက်ရောက်ခဲ့ပါတယ်။

 

အသုံးပြုပစ္စည်းများ -

သုံးစွဲသူ လွယ်ကူအောင် တည်ဆောက်ထားတဲ့ ဒေတာဘေ့စ်၊ အခမဲ့ လိုင်စင်ယူစရာ မလိုသော open source တွေ သုံးခြင်း (mySQL, Apache server, and PHP)။ သတင်းအချက်အလက် လွတ်လပ်ခွင့် ဥပဒေကြောင့် တောင်းဆို ရရှိလာတဲ့ အချက်အလက်များ၊ Excel စာရင်းဇယား စာရွက်များ (တခါတရံ ပြန်ရိုက်ဖို့ သို့မဟုတ် ရုပ်ပုံအဖြစ် ကွန်ပျူတာမှာ ပြန်သိမ်းဖို့ Scan ဖတ်စရာ လိုပါတယ်)၊ အွန်လိုင်း အရင်းအမြစ်တွေက အချက်အလက်တွေ ရယူရာမှာ အသုံးပြုတဲ့ Web-scrapers
အောင်မြင်မှု အတိုင်းအတာ - ဒီစီမံကိန်းဟာ ဆလိုဗက်ကီယား အစိုးရရဲ့ ပြည်သူ့ဘဏ္ဍာ အသုံးပြုမှုကို ခြေရာခံရာမှာ သုံးတာ ဖြစ်ပါတယ်။ ယခုကာလမှာတော့ ဥရောပ ပါလီမန်ရဲ့ ဆလိုဗက် အဖွဲ့ဝင်များကို ခြေရာခံတာအထိ ကျယ်ပြန့်စွာ သုံးလာတယ်။ အီးယူနဲ့ ပတ်သက်တဲ့ ရန်ပုံငွေ မကောင်း သတင်းထွက်လာတော့ Fair Play ၀က်ဆိုဒ်ဟာ လာကြည့်သူဦးရေ အများဆုံး ၀က်ဆိုဒ် ၃ ခု စာရင်းထဲထိ ၀င်ခဲ့ပါတယ်။
အရင်းအမြစ်များ - ဒေတာဘေ့စ်ကို အချိန်နဲ့ တပြေးညီ မွမ်းမံတဲ့ နေရာမှာ စေတနာ့ဝန်ထမ်း ကျောင်းသူကျောင်းသားတွေဆီကနေ အကူအညီ ရနိုင်မှာတယ်။ စီမံကိန်း အစီအစဉ် ရေးဆွဲဖို့ Fair Play က ဦးစီးတဲ့ Barcamp ကို စေတနာ့ဝန်ထမ်း developer တွေနဲ့ ပရိုဂရမ်ဆွဲသူတွေ တက်ခဲ့ကြပါတယ်။ “ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ မီဒီယာတွေရဲ့ ညီညွှတ်စွာ ဆောင်ရွက်မှုသာ မရှိခဲ့ရင် ကျမတို့ အခုလို အောင်မြင်လာမှာ မဟုတ်ပါဘူး” ဟု Zuzana မှ ပြောဆိုသွားပါတယ်။
အချိန် - ၂၀၀၃ မှာ ပထမဆုံး ဒေတာဘေ့စ် ရလာဖို့ အချိန် ကိုးလ ကြာခဲ့ပါတယ်။ FOIA (သတင်း အချက်အလက် လွတ်လပ်ခွင့်) တောင်းဆိုမှုကြောင့် ရလာတဲ့ အချက်အလက်တွေကို ဖြည့်စွက်ရင်း ၃ လမှ ၁၂ လတိုင်းမှာ အချိန်နဲ့ တပြေးညီ မွမ်းမံပေးရပါတယ်။

ခက်ခဲမှု အဆင့် - ၄.၅

 

ကုန်ကျစရိတ် - ၂၀၀၃ မှာ ပထမဆုံး ပရိုဂရမ်နဲ့ နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၄၀၀၀။ “ဒီစီမံကိန်းဟာ ဒီလောက် ငွေကြေးလေးနဲ့ စိတ်ပါလက်ပါ လုပ်ဆောင်ပေးတဲ့ သူငယ်ချင်းတယောက်ကြောင့် ပေါ်လာခဲ့တာပါ” လို့ Fair Play က Zuzana က ပြောပါတယ်။ ၂၀၀၄ က အချက်အလက် သိုမှီးရာ ဒေတာဘေ့စ်ကို အချိန်နဲ့ တပြေးညီ မွမ်းမံပြုပြင်ပေးမယ့် လုပ်ငန်း ညှိနှိုင်းပေးသူ အလုပ်သမား တဦးအတွက် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကုန်ကျခဲ့ပါတယ်။ ‘Web-scrapers’ ကို အသုံးပြုပြီး ကွန်ယက် စာမျက်နှာတွေမှ အချက်အလက်တွေကို အလိုအလျောက် စုဆောင်း သိမ်းဆည်းပေးတဲ့ ပရိုဂရမ်မျိုး လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ ပုံမှန်နည်းလမ်းနဲ့ အချက်အလက် ထည့်သွင်းတဲ့ ကုန်ကျစရိတ် လျှော့ချနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သတင်း အချက်အလက်တွေကို crowd-sourcing အသုံးပြုပြီး စုဆောင်းတာ ခွဲခြမ်းစိတ်ဖြာတာကို ဦးတည်လုပ်မယ် ဆိုရင်တော့ ကုန်ကျစရိတ်တွေ တိုးလာနိုင်သလို ဒီအတွက် တာဝန်ယူလမ်းပြ လုပ်ကိုင်နိုင်မယ့် စေတနာ့ဝန်ထမ်း ရှာဖို့လိုပါလိမ့်မယ်။”

 

ဆက်လေ့လာစရာလင့်ခ်များ -

စလိုဗက်သတင်းက အဖြစ်အပျက်များ

Fair Play ဒေတာဘေ့စ် (slovak language)