နည်းဗျူဟာ ၄ - ပြဿနာ ဆန်းစစ်ချက်


ဘယ်သူမှ ဂရုမပြုဘူးလား

လူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းတွေအကြောင်း ဇောင်းပေးပြောဆိုပါ။

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 832kb)

We The Women image
HTTP://WWW.N7NUDRIVE.COM/

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
မည်သူ
-
နေရာ -
ဝက်ဆိုဒ် -
ကျမတို့ အမျိုးသမီးများ
Arerej Kan, စီမံကိန်း ညွှန်ကြားရေးမှူး
ဆော်ဒီအာရေးဗျ အမျိုးသမီးများနဲ့ နယ်ခြားက ဆော်ဒီအမျိုးသမီးများ
N7nuDrive - ကျမတို့ အမျိုးသမီးများ

ရှင်းလင်းဖော်ပြချက်
ဆော်ဒီက အမျိုးသမီးတွေကို ယာဉ်မောင်းခွင့် ပိတ်တဲ့ ဥပဒေတွေကို အာရုံစိုက်ဖို့ ယူအက်စ်က ဆော်ဒီ ပန်းချီဆရာ ဂရပ်ဖစ်ဒီဇိုင်နာ အာရစ်ခန်းက “ကျမတို့ အမျိုးသမီးများ” ဆိုတဲ့ စည်းရုံးလှုံ့ဆော်မှုကို ဖန်တီးခဲ့တယ်။ စီမံကိန်းက အမျိုးသမီးတွေကို “မောင်းမလား မမောင်းဘူးလား” ဆိုတဲ့ မေးခွန်းတွေ ဖြေကြားစေပြီး စတစ်ကာတွေပေါ်မှာ ရေးသားကာ လူမြင်ကွင်းတွေမှာ လိုက်ကပ်ပါတယ်။ အာရစ်က ပါဝင်လှုပ်ရှားသူတွေကို စတစ်ကာတွေကို ဓာတ်ပုံ ရိုက်ဖို့ တောင်းဆိုပြီး ဓာတ်ပုံတွေကို စီမံကိန်း Flickr ဓာတ်ပုံတွဲနဲ့အတူ Facebook စာမျက်နှာမှာ တင်ထားပါတယ်။

အလွန်ဝေးတဲ့ နေရာတွေက အမည်မဖော်ပဲ ပူးပေါင်း လုပ်ဆောင်ခြင်းကြောင့် အာရစ်နဲ့ စီမံကိန်းအတွက် စတစ်ကာပို့ပေးသူ အမျိုးသမီးတွေဟာ အမျိုးသမီး ယာဉ်မောင်းခွင့်ပိတ်တဲ့ ဥပဒေကြောင့် နစ်နာနေတဲ့ ပြောရေးဆိုခွင့် မရှိသူ အမျိုးသမီး ပရိသတ်တွေနဲ့ ထိတွေ့လာနိုင်ကြတယ်။ အာရစ်က ‘လူတွေက စတစ်ကာတွေကို သူတို့ ကိုယ်ပိုင် Facebook သို့မဟုတ် Flicker ပေါ်မှာ မထားချင်ကြဘူး’ လို့ဆိုတယ်။ “လူတွေက အမည်မဖော်ပဲ ကျတော့်ဆီ အီးမေးလ် ပို့ချင်ကြပြီး ကျွန်တော်တို့ကပဲ စာမျက်နှာပေါ် တင်လိုက်တယ်။” ဒီစီမံကိန်းဟာ ဆော်ဒီအာရေးဗျနဲ့ ယူအက်စ်က သတင်းမီဒီယာများရဲ့ အာရုံစိုက်ခံခဲ့ရတယ်။

‘Facebook စာမျက်နှာပေါ်မှာ ပါဝင်သူတွေဟာ အမျိုးသမီးများ ယာဉ်မောင်းခြင်းကို ဆန့်ကျင်သူတွေ များပါတယ်’ ဟု အာရစ်က ပြောပါတယ်။ ‘အဖွဲ့အနေနဲ့ကတော့ တိုးတက်လိုက် ဆုတ်ယုတ်လိုက် ငြင်းခုံ ပြောဆိုလိုက်ပါပဲ။ အဆုံးသတ်ဖြစ်လာမှာတွေအတွက် ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်လို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုခဲ့တယ်။ ဒီကိစ္စဟာ လူ့အသိုင်းအ၀ိုင်းအနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး ကျတော့အထင် သို့မဟုတ် ကျတော် ဖြစ်ချင်နေတာက အဖြေမဟုတ်ဘူး။’ ဒီစီမံကိန်းအတွက် ဆော်ဒီအာရေးဗျမှာ အမျိုးသမီး ယာဉ်မောင်းခြင်းကို ဆန့်ကျင်တာအပေါ် မှတ်ချက် အများအပြားရပေမယ့်လည်း အာရစ်အမြင်ကတော့ ‘လူတော်တော်များများက အမျိုးသမီးတွေကို ဒီလို စီမံကိန်းတွေကတဆင့် ပြောရေးဆိုခွင့် ပေးလိုက်တဲ့အတွက် မကြာခင် ပြောင်းလဲလာမယ်လို့ ထင်ကြတယ်။’

 

အသုံးပြုခဲ့တဲ့ Tools များ -

Facebook, Flickr, Youtube. စတစ်ကာများကို Flickr မှ ဒေါင်းလုဒ် လုပ်ပြီး ပုံနှိပ်ခဲ့ပါတယ်။ ၀က်ဆိုဒ် တည်ဆောက်ဖို့ကတော့ HTML နဲ့ JavaScript ကို သုံးခဲ့ပါတယ်။
အောင်မြင်မှု အတိုင်းအတာ - စီမံကိန်း ပထမလအတွင်းမှာပဲ Facebook စာမျက်နှာပေါ်မှာ စတစ်ကာ ဒီဇိုင်း ၂၅ ခုနဲ့ အတူ လူပေါင်း ၂၀၀၀ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ ပေးပို့တဲ့ စတစ်ကာ အများစုကတော့ ဆော်ဒီအာရေဗျက ဖြစ်ပါတယ်။
အရင်းအမြစ်များ - စေတနာ့ ၀န်ထမ်းတဦးက စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်ပေးတယ်။ ဒေသတွင်း ပုံနှိပ်လုပ်ငန်းတခုက စီမံကိန်းအတွက် စတစ်ကာပေါင်း ၃၀၀၀ ကို အခမဲ့ လုပ်ပေးခဲ့တယ်။
ကြာချိန် - စီမံကိန်း ဆွဲရန်၊ ၀က်ဒီဇိုင်းအတွက် သင်တန်းပေးရန်နဲ့ ဆောင်ရွက်ရန် ကြာချိန်အားလုံးအတွက် ၇ လ။ စီမံကိန်းစပြီး ၂ ရက်အကြာမှာ ပထမဆုံး ပါဝင်ဆောင်ရွက်သူဆီက ဓာတ်ပုံပို့တယ်။

ခက်ခဲမှုအဆင့် - အဆင့် ၅ ဆင့်အနက် အဆင့် ၂

 

ကုန်ကျစရိတ် - ယူအက်စ်ဒေါ်လာ ၂၀၀၀ (web-hosting နဲ့ စတစ်ကာ ပုံနှိပ်ခြင်း)

 

ဆက်လေ့လာရန် Links များ -

နယူးယောက် Times ဘလော့ဂ် ရေးသားချက်

စတစ်ကာ ဓာတ်ပုံများ