နည်းဗျူဟာ ၁ - ဗွီဒီယို


လူတွေကို လှုပ်ရှားမှုထဲ ဆွဲခေါ်ပါ

လူတွေကို ဆော်သြစည်းရုံးပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf ၇၄ဝkb)


ဒီဗွီဒီယိုကို မျက်နှာပြင် အပြည့် ကြည့်ရှုရန်


ဒီနည်းက အဖြစ်အပျက် တခုအတွက် လူတွေကို အွန်လိုင်းမှာ လူချင်း တွေ့ဆုံစုရုံးလာဖို့ ပံ့ပိုးရာမှာ သင့်တော်တယ်။

 

ဗွီဒီယိုမှ ဥပမာများ အားလုံး

Video Volunteers photograph

  • ဗွီဒီယို စေတနာ့ဝန်ထမ်းများက နယ်မြေ အခွင့်အရေးအတွက် တောင်းဆိုခြင်း

အိန္ဒိယ ပြည်တွင်းသတင်းထောက်တွေ
ဂူဂျာရပ်နယ်က နယ်မြေအခွင့်အရေးနဲ့ ပတ်သက်တဲ့ လူ့အဖွဲ့အစည်းက ကိုယ်တိုင်လုပ် ဗွီဒီယိုကို အနီးအနားက ရွာ ၂၀ မှာ ပြပြီးတဲ့နောက် လူပေါင်း ၇၀၀ ချီတက်ပြီး ဒေသခံအုပ်ချုပ်သူတွေဆီ နယ်မြေ မျှမျှတတ ခွဲပေးဖို့ တိုင်တန်းခဲ့ကြတယ်။  

 

အသုံးပြုခဲ့သော Tool များ - ဒစ်ဂျစ်တယ် ဗွီဒီယိုများ၊ တည်းဖြတ်ရေး ဆော့ဗ်ဝဲ၊ YouTube, မြင်ကွင်းကျယ် ပြစက်များ၊ ကျေးရွာများမှာ ပြဖို့နဲ့ လူထု ကွန်ယက်များအတွက် ဗွီစီဒီ/ဒီဗွီဒီများ။ 

 

ဆက်လေ့လာစရာ Links များ -
ဗွီဒီယို စေတနာ့ဝန်ထမ်းများ


Pink Chaddi Campaign poster 

  •  ပန်းနုရောင် ချာဒီ စည်းရုံးလှုပ်ရှားမှု

အိန္ဒိယ အမျိုးသမီးတွေဘက်က ရှေ့နေလိုက်ပြောသူများ
Facebook နဲ့ သူတို့ ဘလော့ဂ်တွေကတဆင့် စည်းရုံးပြီး Pub တွေမှာ အရက်သောက်တတ်တဲ့ အမျိုးသမီးတွေကို တိုက်ခိုက်ဖို့ ပံ့ပိုးသူလက်ယာယိမ်း အုပ်စုအဖွဲ့ဝင်တွေဆီ ပန်းနုရောင် ချာဒီ (အောက်ခံတွေ)ပို့ဖို့ အိန္ဒိယ အမျိုးသမီးတွေဘက်က ရှေ့နေလိုက် ထောက်ခံပေးသူတွေကို တောင်းဆိုခဲ့ကြတယ်။  

 

အသုံးပြုခဲ့တဲ့ Tool များ - Facebook, ဘလော့ဂ်ပို့စ်များFlickr၊ ပိုစတာများ၊ ဒစ်ဂျစ်တယ် ကင်မရာများ

 

ဆက်လေ့လာဖို့ Links များ -
စည်းရုံးလှုံ့ဆော်ရေး ဘလော့ဂ် -


လက်ဘနွန်က LGBT အရေး လှုံ့ဆော်သူတွေ
မိန်းမချင်း လိင်ဆက်ဆံသူ၊ ယောက်ျားချင်း လိင်ဆက်ဆံသူ၊ လိင်တူလိင်ကွဲ ဆက်ဆံသူနဲ့ လိင်ပြောင်းသူတွေ (LGBT) ဘက်က ရှေ့နေ့လိုက်ပြောပေးတဲ့ အဖွဲ့အစည်းတွေ (ဒီနေရာမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကြောင့် နာမည် မဖော်ပြထား) က ဓာတ်ပုံနဲ့ မိတ်ဆွေတွေ မပါတဲ့ Facebook ပရိုဖိုင် တခု ဖန်တီးခဲ့တယ်။ ပရိုဖိုင်ကို လက်ဘနွန်မှာ ထောက်ခံချင်တဲ့ LGBT မိတ်ဆွေ ရှာဖွေနေသူတွေ အလွယ်တွေ့နိုင်ပြီး လူတွေကို အဖွဲ့အစည်း ၀က်ဆိုဒ်ဆီ တိုက်ရိုက် လမ်းညွှန်ပေးပါတယ်။ ဒါ့ပြင် LGBT အဖွဲ့နဲ့ လူသိရှင်ကြား ချိတ်ဆက်လို့ လူတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ အမည်မဖော်လိုမှုကို မထိခိုက်စေရပါဘူး။

 

သုံးစွဲခဲ့တဲ့ ကိရိယာများ - Facebook.

 

ဆက်လေ့လာဖို့ Links များ -
Facebook ပရိုဖိုင်တခု ဖန်တီးခြင်း -

နည်းဗျူဟာ ၁ - ပြဿနာ ဆန်းစစ်ချက်


လူတွေကို လှုပ်ရှားမှုထဲ ဆွဲခေါ်ပါ။

လူတွေကို ဆော်သြစည်းရုံးပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ (pdf 740kb)

MySociety logoYour Representative Image

ပြဿနာ ဆန်းစစ်ချက်များ

ခေါင်းစဉ် -
ပါဝင်သူ
-
နေရာ -
ဝဘ်ဆိုဒ် -
TheyWorkForYou
ကျွနိုပ်တို့ အဖွဲ့အစည်း (MySociety)
ယူကေ
www.TheyWorkForYou.com

ရှင်းလင်းဖော်ပြချက်
ယူကေ မဲပေးသူတွေက ပါလီမန်အမတ်တွေ (Members of Parliament – MP) ဆီ ပစ်မှတ်ထား အီးမေးလ်တွေ ပို့ပြီး အစိုးရက လူထုရန်ပုံငွေ ဘယ်လို သုံးစွဲတာကို ဖော်ပြဖို့ တောင်းဆိုနိုင်တဲ့ TheyWorkForYou ခေါ် စည်းရုံးလှုံ့ဆော်ရေး ကမ်ပိန်းကို MySociety က ၂၀၀၉ မှာ တည်ထောင်ခဲ့တယ်။ “TheyWorkForYou.com ၀ဘ်ဆိုဒ်ကို ၀င်ရောက် ဖတ်ရှုသူတွေထံ ထောင်ပေါင်းများစွာသော အီးမေးလ် သတိပေးချက်တွေ နေ့စဉ် ပို့နိုင်တယ်” လို့ MySociety က တွမ်စတိန်းဘာ့ဂ် (Tom Steinberg) က ပြောပါတယ်။ ဒီအီးမေးလ်တွေကနေ လက်တလော ဖြစ်နေတာတွေအကြောင်း မေးမြန်းသူတွေထံ ရောက်သွားပါတယ်။ အီးမေးလ်တိုင်းမှာ သူတို့ အမတ်ကို ရှာဖွေပြီး ကိုယ့်စိတ်ကြိုက် အီးမေးလ်တွေ ပို့နိုင်တဲ့ ၀ဘ်ဆိုဒ်လင့်ခ်တွေ ပါဝင်တယ်။ အီးမေးလ်ပို့အပြီး လူတွေကို Facebook Group နဲ့ ဆက်ဖို့ ဖိတ်လိမ့်မယ်။ ဒီ Facebook Group ကို ဆက်သွယ်ရင် ဆက်သွယ်ချင်း သူတို့ Facebook ပရိုဖိုင်ပေါ်မှာ သူတို့ ကိုယ်ပိုင် လှုံ့ဆော်ရေး အီးမေးလ်တွေကို သူတို့ မိတ်ဆွေတွေဆီ အသိပေးနိုင်တဲ့ Links တွေ အပို့ခံရမှာ ဖြစ်တယ်။

၂၀၀၉ မှာ TheyWorkForYou က ယူကေ ပါလီမန်အမတ်များရဲ့ အသုံးစရိတ် စစ်ဆေးမှုတခုကို စာဖတ်သူတွေဆီ အောင်မြင်စွာ ဖြန့်ဖြူး လှုံ့ဆော်ပေးနိုင်ခဲ့တယ်။ လွတ်လပ်စွာ အချက်အလက် တောင်းဆိုမှု ပြုတာ အောင်မြင်ခဲ့သည့်တိုင် အစိုးရက ပါလီမန်အဖွဲ့ဝင်များရဲ့ အသုံးစရိတ်ဟာ လျှို့ဝှက်ထားသင့်တဲ့ အရာဆိုပြီး ထိန်ချန်ရန် ကြိုးစားခဲ့ကြသေးတယ်။ TheyWorkForyou က ပွင့်လင်းစွာ ချပြဖို့ တောင်းဆိုရန် လူထုကို ဆော်သြ လှုံ့ဆော်ခဲ့တယ်။ တွမ်က “ကျွနုပ်တို့၏ အီးမေးလ်ဖြင့် စည်းရုံးလှုံ့ဆော်ရေးက ပါလီမန်ကို လွှမ်းမိုးခြင်း ပြုနိုင်လား မပြုနိုင်ဘူးလား ဆိုတာ အဆုံးအဖြတ်ပေးဖို့ရာမှာ ပါလီမန်က သိပ်လျှို့ဝှက်လို့ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါ။ ဒါပေမဲ့ TheyWorkForYou အနေနဲ့ ကြည့်တဲ့သူများပြီး ၀ဘ်ဆိုဒ်ကို လူတွေ သုံးချင်နေတာကသာ တကယ် အရေးပါတာပါ။ ဒီတချက်နဲ့ပဲ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ထောင်ချီတဲ့ အီးမေးလ်တွေ ပါလီမန်အမတ်တွေဆီ ပို့နိုင်ခဲ့ပါတယ်။ ထောင်ချီတာဟာ အများကြီးလို့ မဆိုနိုင်ပေမယ့် ပါလီမန်အဖွဲ့ဝင် ၉၅ ရာခိုင်နှုန်းဆီ ရောက်ခဲ့ပါတယ်။ ပါလီမန် အဖွဲ့ဝင်တွေဆီ ပို့တဲ့ မက်ဆေ့ခ်ျ အားလုံးဟာ သူတို့ကို မဲပေးမည့်သူ တဦးချင်းရဲ့ မက်ဆေ့ခ်ျတွေ ဖြစ်ပါတယ်။ အထူး ပစ်မှတ်ထားတဲ့ အီးမေးလ်တွေဟာ အီးမေးလ်နဲ စည်းရုံးလှုံ့ဆော်ရေးရဲ့ အထိရောက်ဆုံး ပုံစံတွေ ဖြစ်ခဲ့တယ်။” လို့ ဆိုပါတယ်။ ဒီစည်းရုံး လှုံ့ဆော်ရေးအပြီး မကြာခင်မှာပဲ ယူကေ အစိုးရက ပါလီမန်အမတ်များရဲ့ အသုံးစရိတ်တွေကို ဖွင့်ပြဖို့ သဘောတူခဲ့တယ်။

 

အသုံးပြုခဲ့တဲ့ Tool များ -

TheyWorkForYou ပြုလုပ်ဖို့ သုံးခဲ့တဲ့ Open Source ဆော့ဖ်ဝဲက အကြောင်းအရာ စီမံခန့်ခွဲ့ရေး စနစ်(CMS) ။ Wordpress နဲ့ Facebook တွေကိုလည်း ပါလီမန် အမတ်တွေရဲ့ အသုံးစရိတ် စည်းရုံးလှုံ့ဆော်ရေးအတွက် သုံးခဲ့ကြတယ်။
လက်လှမ်းမီမှု အတိုင်းအတာ - စည်းရုံး လှုံ့ဆော်ရေးဟာ ယူကေ နိုင်ငံသားတွေနဲ့ နိုင်ငံရေးသမားတွေကို ဦးတည်ပါတယ်။ ၀က်ဆိုဒ်ဟာ လာရောက်ကြည့်ရှုသူပေါင်း ၅၀၀,၀၀၀ နဲ့ ယူကေမှာ ပေါက်သွားခဲ့ပြီး ပျမ်းမျှ တလကို ဖတ်ရှုသူပေါင်း ၂၅၀,၀၀၀ ရှိပါတယ်။
အရင်းအမြစ်များ - web hosting အတွက် လှူတဲ့သူရှိပါတယ်။
အချိန် - အစီအစဉ် ရေးဆွဲမှုအဆင့်မှာ ပြီးတဲ့အထိ ပါလီမန်အမတ်များ အသုံးစရိတ် လှုံ့ဆော်ရေးအတွက် အချိန် ၅ ရက် ကြာပါတယ်။ CMS ကတော့ တည်ဆောက်ပြီးသား တင်ဆင်ပြီးသား ဖြစ်နေခဲ့တယ်။

ခက်ခဲမှုအဆင့် - အဆက်အသွယ်တွေ စီမံခန့်ခွဲမှု Tool တွေအတွက်က ၂၊ ၄င်းတို့ကို တည်ဆောက်မယ် ဆိုရင် အဆင့် ၄။

 

ကုန်ကျစရိတ် - စည်းရုံးလှုံ့ဆော်ရေး လည်ပတ်ဖို့ ၀န်ထမ်းလစာ ယူအက်စ်ဒေါ်လာ ၁၇၀၀

 

ဆက်လက်လေ့လာရန် Links များ -
စည်းရုံးလှုံ့ဆော်ရေး ထိရောက်မှုအကြောင်း - UNO NOTICIAS website, ကွန်ရက် စာရင်း အချက်အလက်များကို ရေးသားရန်
MySociety အကြောင်း

နည်းဗျူဟာ ၁။ လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်ပါ


လူတွေကို လှုပ်ရှားမှုထဲ ဆွဲခေါ်ပါ

လူတွေကို ဆော်သြစည်းရုံးပါ

ဒီနည်းဗျူဟာ ကဒ်လေးကို ဆွဲချရယူပါ(pdf 740kb)

Video Volunteers Photo
ဗွီဒီယို စေတနာ့ဝန်ထမ်းများ

လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်ပါ

  • ဒီစည်းရုံးလှုံ့ဆော်ရေးတွေက ဒစ်ဂျစ်တယ် အချက်အလက်ကို လူတွေ့ လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ကြတယ်။ ဥပမာ - အိန္ဒိယက တိုက်တွန်းလှုံ့ဆော်သူတွေ ထုတ်လုပ်တဲ့ ဗီဒီယိုတွေကို ကျေးရွာတွေမှာ ပြသရုံသာမက အွန်လိုင်းပေါ်မှာပါ လွှင့်တင်ခဲ့ပါတယ်။ (သို့မဟုတ်) စည်းရုံးလှုံ့ဆော်ရေး ဘလော့ဂ်တွေနဲ့ လူမူဆက်ဆံရေး ၀က်ဆိုဒ်တွေမှာ ဆန္ဒပြတဲ့အနေနဲ့ ပို့ခဲ့ကြတဲ့ ပန်းနုရောင် အောက်ခံပုံကြီး ဓာတ်ပုံတွေကို ဝေမျှခြင်း။
  • Facebook သို့မဟုတ် Orkut လို လူမှုဆက်ဆံရေး ကွန်ယက်တွေကို ထောက်ခံသူတွေ စုဆောင်းရန် သုံးချင်တယ် ဆိုရင်တော့ လူအများကြီးဆီ မက်ဆေ့ခ်ျတွေ အများကြီး တပြိုင်ထဲ ပို့ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ လူမှုဆက်ဆံရေး ကွန်ယက်အပြင်ဘက်က လူတွေဆီကိုပါ မက်ဆေ့ခ်ျ ပို့နိုင်ဖို့ လူတွေရဲ့ အဆက်အသွယ်တွေ စုဆောင်းဖို့ တခြားနည်းရှာပါ။
  • ပြက်လုံးတွေနဲ့ အံ့အားသင့်စရာတွေကို သုံးပြီး လူတွေ အာရုံကို ဖမ်းစားနိုင်ပြီး ကိုယ့်တောင်းဆိုချက်ကို လူတွေ၊ သူတို့မိတ်ဆွေတွေဆီ ပျံ့နှံ့ဖို့ အခွင့်အလမ်းတွေ တိုးလာနိုင်ပါတယ်။ လူမှုဆက်ဆံရေး ၀က်ဆိုဒ်တွေက စည်းရုံးလှုံ့ဆော်မှုကို သိရလို့ ကိုယ့်အရေးကိစ္စကို ပုဂ္ဂိုလ်ရေးဆန်ဆန် ပိုလွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပါတယ်။
  • လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဓာတ်ပုံ(သို့) ဗွီဒီယိုတွေ ပို့ဖို့ လူတွေကို တောင်းဆိုတဲ့အခါ၊ ဥပမာ - ပန်းနုရောင် ချာဒီ လှုံ့ဆော်ရေးလိုမျိုး၊ ဒီဓါတ်ပုံတွေကို ဘယ်လို သုံးမယ် ဆိုတာကို ရှင်းလင်းစွာ အသိပေးထားပါ။ သင့်ရဲ့ စည်းရုံးလှုံ့ဆော်ရေးဆီ မီဒီယာ အာရုံစိုက်မှု ရအောင်လုပ်မယ် ဆိုရင် ဒီအချက်က အရေးကြီးပါတယ်။
  • လူတွေ ကိုယ့်မက်ဆေ့ခ်ျကို နားလည်ပြီး ဘယ်လို တုံ့ပြန်တယ် ဆိုတာ အပါအ၀င် စည်းရုံးလှုံ့ဆော်ရေး ထိရောက်အောင်မြင်မှုကို ဘယ်လိုစောင့်ကြည့်နိုင်တယ် ဆိုတာ ထည့်စဉ်းစားပါ။ ဗီဒီယို စေတနာ့ဝန်ထမ်းတွေ ပစ်မှတ်ထားတဲ့ ပရိသတ်ဆီ မီဒီယာက ထိုးဖောက်ဆက်စပ်ပေးဖို့ အခြေတကျရှိတဲ့ စေတနာ့ ၀န်ထမ်းတယောက် ထားဖို့ အကြံပြုကြတယ်။ သူက တရွာပြီး တရွာ ကူးပြီး လုပ်ငန်းဆွေးနွေးပွဲတွေ ဗီဒီယိုပြပွဲတွေ လုပ်ပေးတယ်။

ကိုယ်တိုင် လုပ်ဆောင်ရန်မေးမြန်းချက်

  • လှုပ်ရှားမှုဆီ လူတွေကို ပိုဆွဲဆောင်ဖို့ အချိန်ကိုက်ပေါ်တဲ့ ဖြစ်ရပ် (သို့) သတင်းတွေ ရှိတတ်ပါသလား။
  • လူတွေဆီ မက်ဆေ့ခ်ျ ဖြန့်ရာမှာ သုံးနိုင်တဲ့ အရှင်းဆုံး သင်္ကေတက ဘာလဲ။ ဒါ့ပြင် ဒီမက်ဆေ့ခ်ျတွေကို သူတို့ စိတ်ကြိုက် ဘာလုပ်ကြမလဲ။
  • လှုပ်ရှားမှုက ကိုယ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ပစ်မှတ်ကို တိုက်ရိုက် ပြောင်းလဲအောင် အာဏာရှိတဲ့ လူတွေ (သို့) ပစ်မှတ်ကို လွှမ်းမိုးအောင် ဆော်သြနိုင်တဲ့ လူတွေနဲ့ အဆက်အသွယ်ရှိလား။
  • ဝက်ဆိုဒ် (သို့) လူမှုဆက်ဆံရေး ကွန်ယက်တွေပေါ်က လူတွေဆီက အာရုံစိုက် ခံရမှုကို အရင်းပြုပီး လူတွေကို ဆက်လှုပ်ရှားဖို့ လမ်းညွှန်မလဲ။
  • သတင်းစကားဖြန့်ဖို့ လူတွေအတွက် အလွယ်ဆုံးနည်းက ဘာလဲ - လူမှု ကွန်ယက် စာမျက်နှာတွေပေါ်မှာလား၊ အီးမေးလ် (သို့) စာသား မက်ဆေ့ခ်ျတွေနဲ့လား၊ လူတွေ့စည်းရုံးတာ၊ ဖုန်းခေါ်တာတွေလား။

လုပ်နိုင်တဲ့ အခြားနည်းမျိုးစုံ

  1. ဘာသာပြန်ဖို့ လွယ်တဲ့ ကြွေးကြော်သံ အတိုတခုကို ဖန်တီးပါ။ လူတွေကို သူတို့ ဖာသာ ရေးထားတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိုင်ပြီး ဓာတ်ပုံ ရိုက်စေကာ ဒီဓာတ်ပုံတွေကို ကိုယ့်ဝက်ဆိုဒ်ပေါ် (သို့) ဗီဒီယို (သို့) စလိုက်ရှိုးတွေနဲ့ ပေးပို့ မျှဝေခိုင်းပါ။
  2. လူမှုဆက်ဆံရေး ကွန်ယက် စာမျက်နှာ တခုပေါ်မှာ လွှမ်းမိုးလိုတဲ့ လူထုပုံရိပ်တခုကို ရုပ်ပြောင်လုပ်ရန် ပရိုဖိုင်(သို့) Fan Page တခုကို ဖန်တီးပါ။ ဒိနောက် ထောက်ခံသူတွေကို ဒီပရိုဖိုင်ကို မိတ်ဆွေအဖြစ် ထည့်သွင်းဖို့ တောင်းဆိုပါ။ ဒါပေမဲ့ စီးပွားဖြစ် ကွန်ယက် စာမျက်နှာတွေပေါ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေက ပို့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်သူကို အသိအမှတ်ပြုပြီး အဖွဲ့ဝင် ဖြစ်လာသူတွေရဲ့ ဆက်သွယ်ရန် အသေးစိတ်တွေကို ဘယ်သူ ပိုင်ဆိုင်လာမယ်ဆိုတာ ထည့်စဉ်းစားထားပါ။
  3. ကိုယ့်အရေးကိစ္စနှင့် ပတ်သက်တဲ့ ဗီဒီယိုအတိုလေးတွေ ပြုလုပ်စေပြီး ပြိုင်ပွဲတွေ လုပ်ကာ လူတွေ အနှစ်သက်ဆုံး ဗွီဒီယိုကို မဲပေး ဆုံးဖြတ်ခိုင်းပါ။ အနိုင်ရတဲ့ ဗီဒီယိုတွေကို လူကြားထဲ ဒါမှမဟုတ် အွန်လိုင်းပေါ်မှာ ပြပါ။ ပြပွဲတွေကို အများပိုင် အဆောက်အဦးတွေမှာ လုပ်နိုင်ပြီး ဒေသခံမီဒီယာကို ဖိတ်နိုင်ပါတယ်။
  4. သင့်ရဲ့ စည်းရုံးလှုံ့ဆော်ရေးကို စိတ်ပါဝင်စားသူတွေရဲ့ အဆက်အသွယ်တွေ ကိုယ့်မှာ မရှိသေးရင် ထောက်ခံသူတွေဆီ အီးမေးလ်တွေ ပို့လေ့ရှိတဲ့ အဖွဲ့အစည်း တခုခုနဲ့ တွဲဖက်ပြီး ကိုယ့်လှုပ်ရှားမှုဆီ သူတို့ အဖွဲ့ဝင်တွေကို လမ်းညွှန်ဖို့ တောင်းဆိုကြည့်ပါ။
  5. အရေးကိစ္စ ထောက်ခံသူတွေအတွက် အမည်မဖော်လိုမှု (သို့) ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ရှိလိုမှုတွေအတွက် စည်းရုံးလှုံ့ဆော်ရေး ရုပ်သွင်ရဲ့ အမည်မဖော်ပြတဲ့ တပိုင်းတဒေသအဖြစ် ပြုလုပ်နိုင်တယ်။ ဥပမာ - လူတွေကို မျက်နှာမဖော်ပြပဲ သူတို့ရဲ့ ခြေတွေ၊ လက်တွေရဲ့ ဓာတ်ပုံတွေကို တောင်းဆိုခြင်း၊ (သို့) အရေးကိစ္စရဲ့ သင်္ကေတဖြစ်နိုင်တဲ့ အရာဝတ္ထုပုံတွေကို တောင်းဆိုခြင်း။ ဒီဓာတ်ပုံတွေကို လူထု လူမှု ဆက်ဆံရေး ကွန်ယက်များပေါ်က ပရိုဖိုင်တွေပေါ်မှာ မျှဝေရန် ဘလော့ဂ်ပို့စ်တွေပေါ်မှာ သုံးခြင်း (သို့) လူထုကြား ချပြရာတွင် အစိတ်အပိုင်းအဖြစ် သုံးခြင်း။